DVB Logo
Home
မြန်မာသတင်း
TNLA ထံက စစ်လက်နက်ပစ္စည်းမျိုးစုံနှင့် လေယာဉ်ပစ်ဒုံးအချို့ သိမ်းဆည်းရမိ
DVB
·
November 24, 2019
TNLA ထံက စစ်လက်နက်ပစ္စည်းမျိုးစုံနှင့် လေယာဉ်ပစ်ဒုံးအချို့ သိမ်းဆည်းရမိ
1 / 4
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆမ်မြို့နယ် ဟိုမိန်းကျေးရွာမှာ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) တံဆိပ်ပါတဲ့ အလံတွေ၊ စစ်အဝတ်အစားတွေနဲ့ လက်နက်ခဲယမ်းနဲ့ လေယာဉ်ပစ်ဒုံးတချို့ကို တောင်ယာ တဲတခုကနေ တပ်မတော်က နိုဝင်ဘာလ ၂၂ ရက်မှာ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ကစပြီး ဟိုမိန်းကျေးရွာနဲ့ အနီးတဝိုက်ကို ရှင်းလင်းခဲ့ရာမှာ TNLA တပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း သိုဝှက်ထားတဲ့ နေရာ ၃ ခုကို ရှာဖွေဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ တပ်မတော်ကလည်း နိုဝင်ဘာ ၂၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။



နမ့်ဆမ်မြို့နယ် မန်တုံဒေသတဝိုက် နယ်မြေလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေး ဆောင်ရွက်နေတဲ့ စစ်ကြောင်းတချို့ဟာ TNLA စစ်ဦးစီးချုပ်အဆင့်ရှိ တားဟိုပ္လါင်ရဲ့ ဇာတိ ဟူးခင်ကျေးရွာအုပ်စု၊ ဟိုမိန်းရွာနဲ့အနီးတဝိုက် နေရာတွေကို ရှင်းလင်းခဲ့ရာက အခုလို လက်နက်တွေကို ရှာဖွေသိမ်းဆည်းရမိခဲ့တာပါ။

သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေထဲမှာ K-12 ပခုံးထမ်း လေယာဉ်ပစ်လက်နက် တလက် အပါအဝင် လက်နက်မျိုးစုံ ၁၇၀၊ လက်နက်ခဲယမ်းမျိုးစုံ ၈ မျိုး (ကျည်မျိုးစုံ ၄၆၂၆၅ တောင့်၊ ဗုံးသီးမျိုးစုံ ၂၄၆ လုံး၊ ယမ်းဘူး ၈၈၅ ဘူး)၊ ယူနီဖောင်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဖြစ်ပါတယ်။ 



TNLA တပ်ဖွဲ့ဟာ တပ်မတော်ရဲ့ အပစ်ရပ်စဲတဲ့ကာလမှာ ကျောက်မဲ၊ သီပေါ၊ နမ့်ဆမ်ဝန်းကျင်တဝိုက် စခန်းတွေ တိုးချဲ့တည်ဆောက်ခဲ့ရာမှာ စခန်း ၇၈ ခုရှိခဲ့ပြီး အခုအခါ တပ်မတော်အနေနဲ့ စခန်း ၄၁ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးပြီလို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

TNLA အနေနဲ့ ကျေးရွာတွေနဲ့ လူထုကို အကာအကွယ်ယူပြီး လက်နက်ခဲယမ်းတွေကို မထင်မှတ်တဲ့နေရာတွေမှာ သိုဝှက်တာ၊ ကျေးရွာလူထုကို အကာအကွယ်ယူကာ တပ်မတော် စစ်ကြောင်းတွေကို တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013