DVB Logo
Home
မြန်မာသတင်း
မြန်မာ့ခရီးသွားဘဏ်က SME ခရီးသွားလုပ်ငန်းများအတွက် အပေါင်ပစ္စည်းမဲ့ ချေးငွေ စတင်ထုတ်ပေး
DVB
·
November 23, 2019
မြန်မာ့ခရီးသွားဘဏ်က SME ခရီးသွားလုပ်ငန်းများအတွက် အပေါင်ပစ္စည်းမဲ့ ချေးငွေ စတင်ထုတ်ပေး
Donate to DVB

SME ခရီးသွားလုပ်ငန်းတွေအတွက် အပေါင်ပစ္စည်းမလိုဘဲ ချေးငွေထုတ်ပေးတာကို ဒီနေ့ စတင်လုပ်ဆောင်နေတယ်လို့ မြန်မာ့ခရီးသွားဘဏ်က တာဝန်ရှိသူ ပြောပါတယ်။

မြန်မာ့ခရီးသွားဘဏ်က ခရီးသွားလုပ်ငန်းတွေအတွက် အပေါင်ပစ္စည်းမလိုတဲ့ ချေးငွေအာမခံစနစ်  (CGI) နဲ့ ပထမဆုံး စတင်ငွေချေးပေးတာလည်း ဖြစ်ပါတယ်။

လုပ်ငန်းတခုအတွက် ချေးငွေ အနည်းဆုံး သိန်း ၂၀၀ ကနေ စတင်ချေးယူနိုင်ပြီး အများဆုံးပမာဏ သတ်မှတ်ထားတာ မရှိဘူးလို့ မြန်မာ့ခရီးသွားဘဏ်က တာဝန်ရှိသူတဦးဖြစ်တဲ့ အန်ဒရူးခန့်က ပြောပါတယ်။

အခုလောလောဆယ်မှာတော့ ချေးငွေရယူမယ့် ခရီးသွားလုပ်ငန်းတွေက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ရဲ့ အသင်းဝင်တွေကိုသာ ချေးငွေထုတ်ချေးပေးမယ်လို့ ဆိုပါတယ်။ 

ချေးငွေအတွက် ဘဏ်အတိုးနှုန်းကတော့ ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားပြီး CGI စနစ်နဲ့ ချေးမယ်ဆိုရင်တော့ မြန်မာ့အာမခံလုပ်ငန်းအတွက် အတိုးနှုန်း ၃ ရာခိုင်နှုန်းနဲ့ စုစုပေါင်း ၁၆ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။ 

လုပ်ငန်းရှင်တွေဘက်က ပြောရမယ်ဆိုရင်တော့ အခုသတ်မှတ်ထားတဲ့ ချေးငွေ အတိုးနှုန်းက များနေသေးတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဖြိုးဇော်ဝေက ပြောပါတယ်။

အခုလို ချေးငွေထုတ်ပေးတာကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ မြန်မာ့ခရီးသွားဘဏ်တို့ ပူးပေါင်းဆောင်ရွက်တာပါ။

ချေးငွေရယူဖို့အတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ရဲ့ ထောက်ခံချက်၊ စက်မှုဝန်ကြီးဌာနရဲ့ အသေးစား အလတ်စားလုပ်ငန်း ဖြစ်ကြောင်းထောက်ခံချက်၊ မြန်မာ့အာမခံလုပ်ငန်းရဲ့ အာမခံထောက်ခံချက်တွေ ရရှိပြီးမှသာ ငွေထုတ်ချေးပေးမှာဖြစ်ပါတယ်။ 

နောက်ပိုင်းမှာလည်း ခရီးသွားလုပ်ငန်းမဟုတ်တဲ့ တခြား အသေးစား အလတ်စားလုပ်ငန်းတွေကိုလည်း ငွေထုတ်ချေးပေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။ 

 သင်းသင်းဇော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013