DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရန် Petro & Trans ကုမ္ပဏီကို ရွေးချယ်
DVB
·
November 23, 2019
မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရန် Petro & Trans ကုမ္ပဏီကို ရွေးချယ်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းဆောင်ရွက်ဖို့ လျှပ်စစ်ဓာတ်အားခဈေးနှုန်း အနည်းဆုံးနဲ့ ဖြန့်ဝေမည့် Petro & Trans ကုမ္ပဏီကို ရွေးချယ်လိုက်တယ်လို့ မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးရေးလုပ်ငန်း တင်ဒါကော်မတီက သိရပါတယ်။

တင်ဒါယှဉ်ပြိုင် ကုမ္ပဏီ ၆ ခုက တင်သွင်းလာတဲ့ အချက်အလက်တွေကို တင်ဒါစိစစ်ရေးကော်မတီက စိစစ်အကဲဖြတ်ဆောင်ရွက်ခဲ့ပြီး ပြည်သူလူထုအကျိုးကို ရှေးရှုပြီး ဈေးနှုန်းအနည်းဆုံးနဲ့ ဖြန့်ဝေပေးမယ့် Petro & Trans ကုမ္ပဏီကို ရွေးချယ်တာလို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက “တင်ဒါ စည်းမျဉ်းစည်းကမ်း အမှတ်ပေးစနစ်အရ ရွေးချယ်ခြင်း ဖြစ်တယ်၊ ဈေးနှုန်းတခုတည်းကြည့်ပြီး ရွေးချယ်ဆုံးဖြတ်တာ မဟုတ်ဘူး” လို့ ပြောပါတယ်။

တင်ဒါဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆိုပြုတဲ့ ကုမ္ပဏီရဲ့ Profile နဲ့ ပတ်သက်တဲ့ ရမှတ် ၃၀၊ Technical ပိုင်ဆိုင်မှုရမှတ် ၄၀၊ စျေးနှုန်းရမှတ် ၃၀ ပေးထားပြီး ရမှတ်အားလုံးပေါင်း သုံးသပ်ပြီးမှ တနင်္သာရီတိုင်းအစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးမှာ အတည်ပြုချက်ရယူခဲ့တယ်လို့ သိရပါတယ်။

HFO နဲ့ ဓာတ်အားထုတ်လုပ်မယ့် ကုမ္ပဏီတွေဖြစ်တဲ့ Petro&Trans ကုမ္ပဏီက ဓာတ်အားဖြန့်ဖြူး ၁ ယူနစ်ကို ၂၉၂ကျပ်၊ မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီ (MGE) က ၃၅၉ ကျပ်၊ Myeik Power Generation ကုမ္ပဏီ (MPG) က ၃၁၅ ကျပ်တို့နဲ့ ဆောင်ရွက်ဖို့ တင်ဒါယှဉ်ပြိုင်စဉ်က အဆိုပြုခဲ့ပါတယ်။

ဒီဇယ်ဆီနဲ့ ဓာတ်အားထုတ်လုပ်မယ့် ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီ (PTC) က ဓာတ်အားဖြန့်ဖြူးခ ၁ ယူနစ် ၃၉၈ ကျပ်၊ Southern Power Grid ကုမ္ပဏီ (SPG) က ၃၅၅ ကျပ်၊ သဘာဝဓာတ်ငွေ့ရည် (LNG) နဲ့ ဓာတ်အားထုတ်လုပ်မယ့် Green Power Myanmarကုမ္ပဏီ (GPM) က ၁ ယူနစ်ကို ၂၉၅ ကျပ်နဲ့ ဆောင်ရွက်ဖို့ အသီးသီးအဆိုပြုခဲ့ကြပါတယ်။

Petro & Trans ကုမ္ပဏီဟာ တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်စဉ်က ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးပမာဏမှာ ၅ ဘီလီယံအထက်ဖြစ်တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းကိုလည်း Petro & Trans ကုမ္ပဏီက တင်ဒါအောင်မြင်ထားပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်နေ့ စတင်ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။

တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီအနေနဲ့ ဒီဇယ်ဆီအသုံးပြု ဓာတ်အားထုတ်လုပ်ပါက စာချုပ်ချုပ်ဆိုတဲ့နေ့ကစပြီး ရက်ပေါင်း ၉၀ ထက် နောက်မကျစေဘဲ့ လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ရမှာဖြစ်ပြီး အခြားအရင်းအမြစ်နဲ့ ထုတ်လုပ်မယ်ဆိုပါက ရက်ပေါင်း ၁၈၀ ထက်နောက်မကျစေရဘူးလို့ တင်ဒါစည်းကမ်းမှာ ဖော်ပြထားပါတယ်။

လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်တဲ့ရက်ကစပြီး ၃ လအထိ တင်ဒါအောင်မြင်ထားတဲ့ ဓာတ်အားခနှုန်းထားအတိုင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးရမှာဖြစ်ပြီး နောက်ပိုင်း လောင်စာဈေးနှုန်းနဲ့ ဒေါ်လာငွေလဲလှယ်နှုန်း အတက်အကျအပေါ် မူတည်ပြီး နှုန်းထားအား ၃ လ ၁ ကြိမ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်ရယူ ပြင်ဆင်နိုင်တယ်လို့  တင်ဒါ စည်းကမ်းချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန် မြိတ်မြို့မှာ လျှပ်စစ်ဓာတ်အား ၉ မဂ္ဂါဝပ်ကျော် သုံးစွဲနေတယ်လို့ တနင်္သာရီတိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးက သိရပါတယ်။

တင့်လွင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013