DVB Logo
Home
မြန်မာသတင်း
မြန်အောင်တွင် ညီအစ်ကို ၂ ဦး စကားများရာက ဓားထိုးသတ်မှုဖြစ်ပွား  ‎
DVB
·
July 21, 2026
Photo: Taw Win
Photo: Taw Win
Donate to DVB

ဧရာဝတီတိုင်း မြန်အောင်မြို့နယ်မှာ သက်ကြီးပိုင်း ညီအစ်ကိုအရင်း ၂ ယောက် စကားများ ရန်ဖြစ်ရာ က အစ်ကိုက ညီကို ဓားနဲ့ထိုးသတ်ခဲ့တာကြောင့် ညီဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ် သူဆီက သိရပါတယ်။

ဇူလိုင် ၁၉ ရက် ည ၉ နာရီက မြန်အောင်မြို့နယ် အလယ်စုကျေးရွာမှာ အသက် ၆၀ ကျော်အရွယ် အစ်ကိုဖြစ်သူ ဦးလှဦးနဲ့ အသက် ၅၈ နှစ်အရွယ် ညီဖြစ်သူ ဦးတင့်လွင်တို့ စကားများခဲ့ပြီး ဦးလှဦးက အလျား ၉ လက်မခန့်ရှိတဲ့ သံခွေစွပ်သစ်သားရိုးတပ် ဓားနဲ့ ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အစ်ကိုဖြစ်သူ ဦးလှဦးရဲ့ အိမ်ရှေ့မှာ မိသားစုကိစ္စနဲ့ စကား များတာ။ အစ်ကိုက ညီဖြစ်သူ တောင်းပန်နေတာကို လက်မခံဘဲ ဓားနဲ့ ထိုးသတ်လိုက်တာ။ နေရာမှာပဲ တခါတည်း သေဆုံးသွားတာ” လို့ ပြောပါတယ်။

အစ်ကိုဖြစ်သူ ဦးလှဦးက ဓားနဲ့ထိုးတာကြောင့် ညီဖြစ်တဲ့ ဦးတင့်လွင်ဟာ ယာဘက်ရင်အုံ ထိုးသွင်း ဒဏ်ရာတချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတချက်(အူထွက်)တို့ ရရှိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံး သွားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကျူးလွန်သူ ဦးလှဦးကို ဥပဒေအရ အရေးယူပေးဖို့ သေဆုံးသူရဲ့ ဇနီး ဒေါ်နွယ်ဝင်းက တိုင်တန်းတဲ့အတွက် မြန်အောင်မြို့နယ် အင်ပင်နယ်မြေရဲစခန်းက (ပ) ၄၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013