DVB Logo
Home
ရွေးကောက်ပွဲ
ပထမအကြိမ် မဲပေးမည့်သူများ အဆင်သင့်ဖြစ်ရန်လိုအပ်
DVB
·
November 18, 2019
ပထမအကြိမ် မဲပေးမည့်သူများ အဆင်သင့်ဖြစ်ရန်လိုအပ်
Donate to DVB

၂၀၁၄ သန်းခေါင်စာရင်းအရ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် မဲပေးခွင့် ရရှိမည့် မဲဆန္ဒရှင်ဦးရေ ၅ သန်းနီးပါး ရှိနေသည်။ အဆိုပါ ကိန်းဂဏန်းသည် ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် အရေအတွက်၏ ၁၃ ရာခိုင်နှုန်းရှိနေပြီး တစ်နိုင်ငံလုံးလူဦးရေနှင့် နှိုင်းယှဉ်ကြည့်ပါက ၁၀ ရာခိုင်နှုန်း အထိ ရှိနေကြောင်း တွေ့ရသည်။


တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပထမဆုံး မဲပေးနိုင်မည့်သူကို နှိုင်းယှဥ်ကြည့်လျှင် အမျိုးသား၊ အမျိုးသမီးဦးရေကို လူဦးရေအချိုး ညီမျှနေသည်ကို တွေ့ရမည်ဖြစ်သည်။

သို့သော် ထူးခြားချက်အနေဖြင့် စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ပထမဆုံး အကြိမ်မဲပေးမည့် အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် အနည်းငယ်ပိုများနေသည်။

ထို့ကြောင့် အဆိုပါဒေသမှ အမျိုးသမီများ လာရောက်မဲပေးရေးအတွက် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အလေးထားဆောင်ရွက်ရန် လိုသလို မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးရန် လိုအပ်ကြောင်း တင်ပြအပ်ပါသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် လူဦးရေအများဆုံးရှိသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ် မဲပေးမည့်သူ အများဆုံးရှိနေပြီး ရှမ်းပြည်နယ်တွင် ဒုတိယအများဆုံး ရှိနေသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းများအရ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၄ သန်းကျော်ရှိပြီး ၂၃ ဒသမ ၉ သန်းကျော်သာ လာရောက်မဲပေးခဲ့ကြသည်။ မဲလာပေးသူ ရာခိုင်နှုန်းမှာ ၆၉ ဒသမ ၈၂ ဖြစ်သည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013