DVB Logo
Home
မြန်မာသတင်း
ငါန်းဇွန်မြို့နယ်၌  တောင်သူ လင်မယား ၂ ဦး ဓားပြတိုက်အသတ်ခံရ
DVB
·
May 27, 2026
ငါန်းဇွန်မြို့နယ်၌  တောင်သူ လင်မယား ၂ ဦး ဓားပြတိုက်အသတ်ခံရ
Donate to DVB

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သူနတ်စစ်အုပ်စု ရွာသစ်ကုန်းကျေးရွာ၊ သမန်းတောတိုက်‌ နေထိုင်ကြတဲ့ လင်မယား ၂ ယောက်ကို  မေ ၂၇ ရက် မနက်အစောပိုင်း ၁ နာရီလောက်မှာ  အမည်မသိ လက်နက်ကိုင်အဖွဲ့က ဓားပြတိုက်ပြီး သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်အဖွဲ့တွေဆီက သိရပါတယ်။

အသတ်ခံရတဲ့ ဇနီးမောင်နှံဟာ တောင်သူလယ်သမားတွေ ဖြစ်သလို ဘိုးစဉ်ဘောင်ဆက် ကတည်းက ငွေကြေးပြည့်စုံသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွာသားတယောက်က “အခု‌ သေဆုံးတဲ့ သူတွေက ပိုက်ဆံရှိတယ်။ ဘာရန်ငြိုးရန်စမှ မရှိဘူး။ ဓားပြ ဝင်တိုက်ပြီး သတ်သွားတာ။ ဦးထွန်းမြင့် ၄၀ ကျော်၊ ဒေါ်တင်ခိုင် ၄၀ ကျော်ပါဗျ” လို့ ပြောပါတယ်။

အခုလို ဓားပြတိုက်အသတ်ခံခဲ့ရတဲ့အပေါ် သက်ဆိုင်ရာ ပကဖတာဝန်ရှိသူတွေကို အကြောင်းကြား တိုင်ကြားထားတယ်လို့ သိရပါတယ်။

ရပ်ကျေးပကဖအဖွဲ့ တာဝန်ရှိသူတယောက်က “ဘယ်အဖွဲ့က သတ်သွားတယ်ဆိုတာက‌တော့ ခရိုင်ပကဖက စစ်ဆေးရင် တရက်တောင်မကြာပါဘူး မိပါလိမ်မယ်။ အသတ်ခံရသူရဲ့ ကျန်ခဲ့တဲ့ မိသားစုဝင် တယောက်ကို မေးကြည့်တာကတော့ ဆွဲကြိုးအကြီး ၂ ကုံး၊ အသေး ၅ ကုံး၊ လက်စွပ် ၅ ကွင်း၊ လက်ကောက် ၄ ကွင်း၊ မြေဝယ်စာချုပ်နဲ့ ဆိုင်ကယ်တစီး ယူသွားကြတယ်လို့ ပြောတယ်။ အ‌ရေးယူ ဆောင်ရွက်မှုတွေကတော့ ခရိုင်ပကဖနဲ့ ပအဖ အပေါ်မှာပဲ မူတည်လိမ့်မယ်” လို့ ပြောပါတယ်။

သတ်ဖြတ်သွားတဲ့ လက်နက်ကိုင်အဖွဲ့ကို ဒေသခံအရပ်သားတွေက အသက်အန္တရာယ်အရ ‌‌‌‌‌‌‌‌‌‌‌‌‌‌ထုတ်ဖော် ပြောရဲခြင်း မရှိကြသလို DVB အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တရားဥပဒေမဲ့ သတ်ဖြတ်သွားသူအားလုံးကို ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ဒေသခံရွာသားတွေက လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013