DVB Logo
Home
မြန်မာသတင်း
မိုးစပါးပေါ်ချိန် ဝယ်သူမရှိသဖြင့် ဧရာဝတီတိုင်းက လယ်သမားများ အခက်ကြုံ
DVB
·
November 17, 2019
မိုးစပါးပေါ်ချိန် ဝယ်သူမရှိသဖြင့် ဧရာဝတီတိုင်းက လယ်သမားများ အခက်ကြုံ
1 / 2
Donate to DVB

ဧရာဝတီတိုင်းက ဒေသတချို့မှာ စပါးဈေး ကျဆင်းပြီး မိုးစပါးပေါ်ချိန် ဝယ်မယ့်ကုန်သည် မရှိသေးလို့ လယ်သမားတွေ စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။

အစိုးရကနေ စပါးတင်း ၁၀၀ ကို အနိမ့်ဆုံးစပါးဈေးငွေကျပ် ၅ သိန်းပေးဝယ်ဖို့ သတ်မှတ်ထားပေမယ့် ဧရာဝတီတိုင်းထဲက ကျေးရွာတွေမှာ မိုးစပါးပေါ်ချိန်ဖြစ်ပေမယ့် ဝယ်မယ့်ကုန်သည် မရှိ ဖြစ်နေပါတယ်။ 

ပြည်တွင်း ဆန်ဈေးကွက်ကလည်း အနည်းငယ် ကျဆင်းခဲ့သလို ဧရာဝတီတိုင်းက ဒေသတချို့မှာတော့ အရင်နှစ်က စပါးတွေမကုန်ဘဲ ကျန်ရှိနေတယ်လို့ ဆိုပါတယ်။ 

အရင်နှစ် မိုးစပါးပေါ်ချိန်မှာ ငစိန် တင်း ၁၀၀ ကို ငွေကျပ် ၅ သိန်း ၃ သောင်း၊ ခွန်နီမ ၈ သိန်းဈေးနဲ့ ပေါ်ဆန်းမွှေး ၉ သိန်းလောက်နဲ့ စတင်ဝယ်ယူပေမယ့် လက်ရှိအချိန်မှာ စပါးဝယ်မယ့်သူ မရှိတာကြောင့် စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ဖို့ အခက်အခဲဖြစ်နေတာလို့ တောင်ယာကြီးကျေးရွာနေ စပါးစိုက်တောင်သူ ကိုဇော်လင်းက ပြောပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဘက်က လယ်သမားတွေအနေနဲ့ အခုနှစ်မိုးရာသီမှာ ရာသီဥတု ဖောက်ပြန်ပြီး မိုးနည်းတာကြောင့် စပါးတွေ မအောင်မြင်တာတွေ များတယ်လို့ ဆိုပါတယ်။

မိုးစပါး ရိတ်သိမ်းချိန် ရောက်လာပေမယ့် စပါးကုန်သည်တွေ ဈေးသတ်မှတ်ဝယ်ယူမှု မရှိသေးတာကြောင့် လယ်သမားတွေကတော့ စိုးရိမ်နေကြတာလို့ ကဒုံကနိကျေးရွာနေ ဦးကြည်ဝင်းက ပြောပါတယ်။



စပါးသိုလှောင်သူတွေအနေနဲ့ စပါးပေါ်ချိန်အထိ မိုးစပါး တင်းရေထောင်နဲ့ချီပြီး ကျန်ရှိနေသလို စပါးအဟောင်းဈေးကတော့ ပေါ်ဆန်းမွှေးတင်း ၁၀၀ ကို ကျပ် ၇ သိန်းခွဲနဲ့ ခွန်နီမ ၆ သိန်းခွဲရှိတာကြောင့် ၂ သိန်းလောက် ကျဆင်းသွားတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

စပါးဈေး ကျဆင်းနေတာကြောင့် မိုးစပါးပေါ်ချိန်မှာ အဝယ်ရပ်နားထားတယ်လို့ စပါးကုန်တည် ဦးတင်မြင့်က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ဆန်တင်ပို့မှုဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော် စံချိန်တင် တင်ပို့နိုင်ခဲ့ပေမယ့် လက်ရှိဘဏ္ဍာနှစ်မှာတော့ ၂ ဒသမ ၃ သန်းကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013