DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် မြေငလျင်လှုပ်၊ နေအိမ်တချို့ အက်ကွဲတိမ်းစောင်း   
DVB
·
November 13, 2019
ရန်ကုန်တွင် မြေငလျင်လှုပ်၊ နေအိမ်တချို့ အက်ကွဲတိမ်းစောင်း   
1 / 3
Donate to DVB

ရန်ကုန်မြို့မှာ  အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တခု နိုဝင်ဘာ ၁၂ ရက်ညက လှုပ်ခတ်သွားတာကြောင့် မြို့ခံတွေ ထိတ်လန့်တကြား လမ်းတွေပေါ် ထွက်ပြေးခဲ့ကြရပြီး နေအိမ် တိုက်ခန်းတချို့ အက်ကွဲ တိမ်းစောင်းတာတွေ ဖြစ်ခဲ့ပါတယ်။ 

မနေ့ည မြန်မာစံတော်ချိန် ၉ နာရီ ၅၄ မိနစ် ၃၁ စက္ကန့် အချိန်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက်မိုင် ၃၀ ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း တိုက်ကြီးမြို့ရဲ့ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာ  မြောက်လတ္တီတွဒ် ၁၇ ဒသမ ၁၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၈၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင် လှုပ်သွားတာလို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ 

ထိုင်းနိုင်ငံ ငလျင်တိုင်းထွာရေးဌာနကတော့ ဒလမြို့နယ် တံတားချောင်းအနီး ဗဟိုပြုပြီး  ငလျင်လှုပ်သွားတဲ့အကြောင်းနဲ့ ပြင်းအား အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၃ အဆင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့တွင်း မြို့နယ်အတော်များများမှာ သိရှိခံစားခဲ့ရပြီး ငလျင်ကြောင့် လူတွေ အထိတ်တလန့်ဖြစ်ပွားခဲ့ကြကာ တချို့က နေအိမ်တွေကနေ လမ်းပေါ်ကို ဆင်းပြေးခဲ့ပါတယ်။ 

ဆိပ်ကြီးခနောင်တိုမြို့နယ်က ငလျင်လှုပ်တာကို ခံစားခဲ့ရသူတဦးက  “တသက်မှတခါ အခုလို ကြမ်းကြမ်းတမ်းတမ်း ငလျင်လှုပ်တာ မကြုံဖူးဘူး။ အိမ်တအိမ်လုံးကို  ဆွဲခါလှုပ်လိုက်သလိုပဲ။ အသံတောင်ပါတယ်။ အတော်လန့်သွားတယ်”လို့ ပြောပါတယ်။ 

ရန်ကုန်မှာ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားတဲ့အကြောင်းကို ရန်ကုန်မြို့က မြို့နယ်တော်တော်များများက လူတွေက ကြုံတွေ့ခံစားခဲ့ရကြောင်း လူမှုကွန်ရက် စာမျက်နှာတွေမှာ အသီးသီးရေးသား ဖော်ပြနေကြပါတယ်။

ငလျင်ကြောင့် တာမွေမြို့နယ် အာသောကလမ်းက ကန်ထရိုက်တိုက်နှစ်လုံးပူး ကပ်သွားသလို မေတ္တာညွန့်ရပ်ကွက် ရွှေဝါလမ်းရှိ အထပ်မြင့်တိုက်တလုံးလည်း တိမ်းစောင်းသွားခဲ့ပါတယ်။ 



တာမွေ အသောကလမ်းထဲက တိုက်နှစ်လုံး ပူးကပ်ခဲ့တဲ့နေရာကို ရန်ကုန်မြို့တော်ဝန် အပါအဝင်  သက်ဆိုင်ရာမီးသတ်တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ခဲ့ပါတယ်။

အဲဒီတိုက်မှာ နေထိုင်တဲ့သူတွေကတော့ အခုတိုက်ဟာ ငလျင်လှုပ်လို့ ပူးကပ်တာမဟုတ်ဘဲ အရင်ထဲက စောင်းနေတာလို့ ပြောပါတယ်။



ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “အမှန်အတိုင်း သိချင်တာ။ ကျနော်တို့ကလည်း ပွင့်ပွင့်လင်းလင်း ပြောရရင် စိုးရိမ်လို့မေးတာ။ အဓိကက လူပဲ။ လူတွေဘေးရန်ကင်းအောင်လို့ ပြောတာ၊ နဂိုက ယိုင်နေရင်လည်း ယိုင်တဲ့အကြောင်းပြော၊ ခုမှ ယိုင်နေရင်လည်း ပြော၊ သိချင်တာက အမှန်အတိုင်း သိချင်တာ” လို့ ပြောပါတယ်။ 

ငလျင်ကြောင့် တိုက်ပေါ်ကလူတွေ အောက်ကို ပြေးဆင်းလာတယ်ဆိုပေမယ့် တစုံတရာ ထိခိုက်ဒဏ်ရာရတဲ့လူ မရှိဘူးလို့ ကယ်ဆယ်ရေးနဲ့ မီးသတ်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013