DVB Logo
Home
မြန်မာသတင်း
ဝေါမြို့နယ် အဘားကျေးရွာတွင် ညမထွက်ရ အမိန့်ထုတ်
DVB
·
November 3, 2019
ဝေါမြို့နယ် အဘားကျေးရွာတွင် ညမထွက်ရ အမိန့်ထုတ်
Donate to DVB

ပဲခူးတိုင်း ဝေါမြို့နယ် အဘားကျေးရွာက စားကျက်မြေမှာ ကျူးကျော်စိုက်ပျိုးသူတွေနဲ့ ကျွဲ နွားကျောင်းသူတွေ ခိုက်ရန်ဖြစ်ပွားတာကြောင့် ဒေသဆိုင်ရာ အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့တယ်လို့  အဲဒီရွာအုပ်ချုပ်ရေးမှူး ဦးချိုမြင့်နိုင်က ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်က ကျွဲနွားကျောင်းသူတွေနဲ့ စားကျက်မြေပေါ် ကျူးကျော်စိုက်ပျိုးသူတွေ စကားများ ခိုက်ရန်ဖြစ်ကြရာ ကျွဲနွားကျောင်းသူ ၂ ဦး  ဒဏ်ရာအပြင်းအထန်ရရှိခဲ့သလို ကျူးကျော်စိုက်ပျိုးသူတွေဘက်ကလည်း လူ ၄ ဦးလောက် ဒဏ်ရာအနည်းငယ်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

“ရွာကို တိုင်းခရိုင် မြို့နယ်ရဲတပ်ဖွဲ့မှူးတွေကိုယ်တိုင် လုံခြုံရေးယူထားတယ်။ နိုဝင်ဘာ ၂ ရက်မှာ အဲဒီစားကျက်မြေကို ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တာ” လို့  အဘားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချိုနိုင်မြင့်က ဆိုပါတယ်။

ဧက ၆၈၀ အကျယ်ရှိတဲ့ အဲဒီစားကျက်မြေမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ကျူးကျော်စိုက်ပျိုးသူတွေနဲ့ ကျွဲကျောင်းသားတွေ အကြိမ်ကြိမ် ပြဿနာတက်တာကြောင့် တိုင်းအစိုးရက ကွင်းအမှတ် ၃၆၅ (က) နဲ့ ၃၆၅ (ခ) တို့မှာရှိတဲ့ ဧက ၆၈၀ ကို ဒီ နှစ်ထဲမှာ စားကျက်မြေအဖြစ် တရားဝင် သတ်မှတ်ပေးခဲ့တာပါ။

အခုလို နှစ်ဖက် ကိုယ်ထိလက်ရောက် ကျုးလွန်တဲ့အထိ ဖြစ်လာပြီး ကျွဲနွားကျောင်းသူတွေ ဘက်က ပြင်းထန်ဒဏ်ရာရရှိထားတဲ့အတွက် မြစ်ကျိုးရဲစခန်းက ဦးဖိုးချိုပါ ၅ ဦးကို အမှုဖွင့်ထားပေမယ့် အခုချိန်ထိ ဖမ်းဆီးနိုင်တာ မရှိသေးသလို ဆေးရုံကို ရဲနဲ့အတူ ဆေးကုဖို့သွားတဲ့ ၄ ဦးလည်း လွတ်မြောက်နေတယ်လို့ အဘားကျေးရွာ စားကျက်မြေကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က ပြောပါတယ်။ 

လတ်တလောမှာတော့ အဲဒီစားကျက်မြေကို ပုဒ်မ ၁၄၄ ထုတ်ထားပြီး မလိုက်နာသူတွေကိုတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ အပြင် တည်ဆဲဥပဒေနဲ့လည်း အရေးယူသွားမယ်လို့ သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013