DVB Logo
Home
မြန်မာသတင်း
၂၀၁၈ ခုနှစ်တွင် ငှက်ဖျားကြောင့် သေဆုံးသူ ၉၅ ရာခိုင်နှုန်း ကျဆင်း
DVB
·
November 2, 2019
Donate to DVB

မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါဖြစ်ပွားတာကြောင့် သေဆုံးသူဟာ ၂၀၁၂ ခုနှစ်ကထက် ၂၀၁၈ ခုနှစ်မှာ ၉၅ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ရှိ Chatrium Hotel မှာ ကျင်းပတဲ့ ၁၄ ကြိမ်မြောက်ဒေသတွင်း ငှက်ဖျားဆေး ယဉ်ပါးမှုကာကွယ်ထိန်းချုပ်ရေး ဦးဆောင်ကော်မတီအစည်းအဝေးမှာ ဝန်ကြီးက  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဆန်းစစ်လေ့လာမှုစစ်တမ်းကို ကိုးကားပြီး ပြောကြားတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲရဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်ဆိုင်ရာ သီးခြားဆန်းစစ်လေ့လာမှု စစ်တမ်းမှာတော့ မြန်မာနိုင်ငံဟာ ၂၀၁၈ ခုနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုမှာ ၂၀၁၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၈၅ ရာခိုင် နှုန်းကျဆင်းခဲ့ပြီး ငှက်ဖျားရောဂါကြောင့် သေဆုံးမှုဟာ ၉၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ဝန်ကြီးက ပြောဆိုခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးမှာ ငှက်ဖျားရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုမှု သတင်းအချက်အလက်၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုတွေ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ဒေသတွင်း ငှက်ဖျားဆေးယဉ်ပါးမှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှု၊ အောင်မြင်မှုနဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးကြပြီး လုပ်ငန်းများအတွက် ရန်ပုံငွေ ၂၀၂၁ - ၂၀၂၃ ကို လျှောက်ထားရယူနိုင်ဖို့ ဆွေးနွေးကာ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးကို ဒေသတွင်း ငှက်ဖျားဆေးယဉ်ပါးမှုကာကွယ်ထိန်းချုပ်ရေး ဦးဆောင်ကော်မတီရဲ့ ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေ၊Global Fund ဘုတ်အဖွဲ့ ဥက္ကဋ္ဌနဲ့အဖွဲ့၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်၊ ဂျပန်နှင့် ပြင်သစ်နိုင်ငံတို့မှ ပညာရှင်တွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013