DVB Logo
Home
မြန်မာသတင်း
တပ်မတော်ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ဆို့နေဟု RCSS /SSA ဝေဖန် 
DVB
·
October 28, 2019
တပ်မတော်ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ဆို့နေဟု RCSS /SSA ဝေဖန် 
Donate to DVB

ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဆွေးနွေးကြရာမှာ တပ်မတော်ဘက်က အန်စီအေထဲ မပါတဲ့ အကြောင်းအရာတွေ ဆွေးနွေးတာကြောင့်  ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တစ်ဆို့စေခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS /SSA က ပြောပါတယ်။ 

ဒါ့အပြင် တပ်မတော်ဟာ အန်စီအေ သဘောတူချက်တွေကို ချိုးဖောက်ပြီး RCSS /SSA ကို တိုက်ခိုက်ခဲ့လို့  အန်စီအေ လက်မှတ်ထိုးပြီးနောက်ပိုင်း တိုက်ပွဲတွေ အကြိမ်ပေါင်း ၂၀၀ ကျော် ဖြစ်ခဲ့တယ်လို့လည်း RCSS ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ကျင်းပနေတဲ့ အန်စီအေ လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကိုလည်း တပ်မတော်က လုံခြုံရေး အကြောင်းပြပြီး ဟန့်တားခဲ့လို့ မတက်ရောက်နိုင်ခဲ့ဖူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS /SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောပါတယ်။

ဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၁ ဦးပါ  RCSS ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာ ၂၄ ရက်က လင်းခေးခရိုင်၊ ဟိုမိုင်းမြို့နယ်ဘက်ကနေ နေပြည်တော်ကို သွားဖို့စီစဉ်ခဲ့ပေမယ့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ခွင့်မပြုနိုင်ကြောင်း၊ တာချီလိတ်ကနေ လေကြောင်းနဲ့သာ လာဖို့ ဂျီဝမ်းကတဆင့် ပြောကြားခဲ့တာကြောင့် ခရီးစဉ် ဖျက်သိမ်းလိုက်ရတာလို့  မနေ့က ထိုင်း-မြန်မာ နယ်စပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

နေပြည်တော်ကို ဟိုမိန်းဘက်ကနေ လာမယ့်အကြောင်း မြန်မာငြိမ်းချမ်းရေး ကော်မရှင်ဆီကိုရော အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနဆီပါ ကြိုတင်အကြောင်းကြားထားပြီး နိုင်ငံတော်သမ္မတက သူတို့ခရီးစဉ် ချောမွေ့အောင် ကူညီပေးဖို့ ကာကွယ်ရေးဦးစီးချုပ်အား မှာကြားခဲ့တာ သိရှိရကြောင်း၊ ဒါပေမဲ့ တကယ်လာမယ့်နေ့မှာ ကာချုပ်က တာချီလိတ်ဘက်ကနေသာ လာဖို့ ညွန်ကြားလိုက်လို့ အပြောင်းအလဲ မြန်ဆန်မှုပေါ် နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ဗိုလ်ချုပ်ကြီးယွက်ဆစ်က သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်အစိုးရအဖွဲ့ အကြီးအကဲတွေနဲ့ တပ်မတော်အကြား အပြန်အလှန် နားလည်မှုမရှိတဲ့အတွက် အခုလို ဟန့်တားခံရတာဖြစ်ကြောင်း၊ ဒါဟာ နိုင်ငံတော်အစိုးရအပေါ် ယုံကြည်မှု ပျက်ပြားစေဖို့ လုပ်ဆောင်တာဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (အန်စီအေ)အပေါ် မျက်ကွက်ပြု ချိုးဖောက်တာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောပါတယ်။ 

ဒါ့အပြင် ရလခတိုင်းမှူး အနေနဲ့ RCSS ဥက္ကဋ္ဌ ခရီးစဉ်မှာ ပြည်သူလူထုတွေက ဝိုင်းဝန်းကြိုဆိုစဉ် စည်းရုံးရေးရယူမယ့်အပေါ် စိုးရိမ်ကြောင့်ကြလို့ အခုလို ဟန့်တားတာလို့လည်း သုံးသပ်ထားပါတယ်။

အန်စီအေ အခမ်းအနားသို့ မတက်ရောက်နိုင်တာကြောင့် ပြည်သူလူထုနဲ့ နိုင်ငံခြားသံတမန်တွေကို အနူးအညွတ်တောင်းပန်ပြီး ခရီးစဉ်အတွက် ကူညီပေးတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တို့အပေါ် ကျေးဇူးတင်ရှိကြောင်း၊ခရီးစဉ်မှာ တပ်မတော်ရဲ့ လက်တွဲကူညီမှုမရှိဘဲ ဟန့်တားခံရတဲ့အပေါ် များစွာစိတ်မကောင်းဖြစ်ရကြောင်းလည်း  RCSS က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013