DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်မြို့နယ်က ရွာသား ၁၉ ဦးကို တပ်မတော် ဖမ်းဆီးဟု ဒေသခံများပြော
DVB
·
October 27, 2019
ရသေ့တောင်မြို့နယ်က ရွာသား ၁၉ ဦးကို တပ်မတော် ဖမ်းဆီးဟု ဒေသခံများပြော
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ကျေးရွာ ၃ ရွာက ရွာသား ၁၉ ယောက်ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ‌ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် ကျေးရွာ ၃ ရွာက ကျေးရွာသား ၁၉ ဦးကို တပ်မတော်က ဒီကနေ့ မနက်ပိုင်း ၁၀ နာရီနဲ့ မနေ့ ညနေပိုင်းတွေက ခေါ်ဆောင်သွားတာလို့ ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ဦးတင်မောင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ကျေးရွာသား နှစ်ယောက်၊ ကျောက်ရံကျေးရွာသား နှစ်ယောက်နဲ့ ရေဘုတ်ကျေးရွာသား ၁၅ ယောက်ကို တပ်မတော်က ခေါ်ဆောင်သွားတယ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။

ဒါ့အပြင် ကျောက်တန်းကျေးရွာနဲ့ ရေဘုတ်ကြားကျေးရွာကြားကို အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းက တပ်မတော်က ရဟတ်ယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခဲ့တာကြောင့် ကျေးရွာသား ၄ ယောက် ပျောက်ဆုံးနေပြီး ကျွဲ၊ နွား အကောင် ၄၀ လောက် သေဆုံးခဲ့တယ်လို့ ကျောက်တန်းကျေးရွာနေ ဦးမောင်အေးဖြူက ပြောပါတယ်။

“အခု ပစ်ခတ်တာက ရေဘုတ်ကြားနဲ့ ကျောက်တန်းကြားကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေ လုပ်နေတယ်။ မနက် ၁၀ နာရီလောက် တပ်မတော်ရဟတ်ယာဉ်တစီး အဲဒီနားတဝိုက် ဗုံးကြဲတိုက်ခိုက်နေတာ။ အဲဒီမှာ နွားကျောင်းနေတဲ့ ရွာသား လေးယောက် ပျောက်ဆုံးနေတယ်။ ကျွဲ၊ နွား ၄၀ ကျော်လောက် သေဆုံးသွားတယ်။ အခုအချိန်အထိ ဗုံးကြဲ တိုက်ခိုက်နေတုန်းပဲ ဖြစ်တယ်။ ဒေသခံတွေက အကုန်ထွက်ပြေးနေကြရပါတယ်” လို့ ပြောပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးက “ကျနော်တို့ ကိုယ့်လူတွေ ပြန်ရမယ်ဆိုရင် ဘယ်လိုနည်းလမ်းပဲ သုံးရပါစေ၊ လုပ်မှာပဲ၊ ငှက်ပျောပွဲနဲ့တော့ မတောင်းဘူး” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့က ရက္ခိုင့်တပ်မတော် အေအေ ဖမ်းဆီးခေါ်သွားတဲ့သူတွေကို ကယ်ထုတ်ဖို့အတွက် ရဟတ်ယာဉ် အသုံးပြု ဆောင်ရွက်နေကြောင်း တပ်မတော်က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦးနဲ့ အရပ်သား ၁၃ ဦး စုစုပေါင်း ၅၈ ဦးတို့ကို အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြထားပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013