DVB Logo
Home
မြန်မာသတင်း
တပ်မတော် ရဟတ်ယာဉ် ပစ်ခတ်မှုကြောင့် ဖမ်းဆီးခေါ်ဆောင်ခံရသူအချို့ သေဆုံးဟု အေအေ ထုတ်ပြန်
DVB
·
October 27, 2019
တပ်မတော် ရဟတ်ယာဉ် ပစ်ခတ်မှုကြောင့် ဖမ်းဆီးခေါ်ဆောင်ခံရသူအချို့ သေဆုံးဟု အေအေ ထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာအနီး ‘ရွှေနဒီ’ လူစီးအမြန်ယာဉ်ပေါ်ကနေ အရပ်သားတွေနဲ့ တပ်မတော်သားတွေ၊  ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေကို ရေယာဉ် ၃ စီးနဲ့ ဖမ်းဆီးခေါ်ဆောင်နေချိန် တပ်မတော်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့လို့ အေအေ တပ်သားအချို့နဲ့ ဖမ်းဆီးခေါ်ဆောင်သူအချို့ သေဆုံးပြီး၊ တချို့ လွတ်‌မြောက်သွားတယ်လို့ အေအေက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။ 

ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ အရေအတွက်နဲ့ အခင်းဖြစ်ပွားတဲ့ နေရာကနေ ထွက်ပြေးလွတ်မြောက်သူ အရေအတွက်ကို မိမိတို့အဖွဲ့အစည်းအနေနဲ့ မသိရှိကြောင်းနဲ့ အသက်အန္တရာယ်ကင်းစွာနဲ့ လွတ်မြောက်လာသူတွေကို စစ်ဆေးပြီးတဲ့အချိန်ကျရင် သတင်းထုတ်ပြန် ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

အဲဒီလို ရဟတ်ယာဉ်ပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ်က ကျေးရွာသုံးရွာဖြစ်တဲ့ ကျောက်တန်း၊ အမျက်တောင်၊ လိုင်ဂွင်ရှိ ကျေးရွာသူရွာသားတွေအားလုံး ထွက်ပြေးနေရပြီး အဘုတ်ကျေးရွာမှ ရွာသား ၁၀ ယောက်လောက်ကို တပ်မတော်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဖြစ်စဉ်မှာ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦးနဲ့  အကျဉ်းဦးစီးဌာနက ဝန်ထမ်းနှစ်ဦး၊ အရပ်သား ၁၃ ဦး၊ စုစုပေါင်း ၅၈ တို့ကို အေအေအဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ နိုင်ငံပိုင် သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

တပ်မတော်ဘက်ကတော့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေကို ကယ်ထုတ်ဖို့  ရဟတ်ယာဉ် သုံးပြီး ဆောင်ရွက်နေတယ်လို့ မနေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  “ကျောက်တန်းနဲ့ ကပ်လျက်ပဲ၊ ရဲတွေကို ဖမ်းသွားတယ်ဆိုတဲ့ဟာ၊ ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းသွားတယ်၊ အဲဒီပေါ်မှာပါတဲ့ ကျနော်တို့ ဦးရေကို အတည်ပြုလို့ မရသေးဘူး။ အနည်းဆုံးကတော့ ၃၀ ကျော်လောက် ရှိတယ်။ အဲဒီမှာရှိတဲ့ ခရီးသည်တချို့ကိုလည်း ဖမ်းသွားတယ်။ အဲဒါတွေကို ကယ်ထုတ်ဖို့အတွက် လုပ်နေတာ။ လေယာဉ်သုံးတာ မဟုတ်ဘူး၊ ရဟတ်ယာဉ်သုံးတာ ဖြစ်တယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013