DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံက ပေးသည့် S.E.A Write Award ဆု မြန်မာ စာရေးဆရာ ၃ ဦးရရှိ
DVB
·
October 26, 2019
ထိုင်းနိုင်ငံက ပေးသည့် S.E.A Write Award ဆု မြန်မာ စာရေးဆရာ ၃ ဦးရရှိ
Donate to DVB

ထိုင်းနိုင်ငံ S.E.A Write Award အဖွဲ့ကပေးအပ်တဲ့ S.E.A Write Award ဆုကို မြန်မာနိုင်ငံက စာရေးဆရာ သုံးဦး ရရှိခဲ့တယ်လို့ ပန်မြန်မာအဖွဲ့က ပြောပါတယ်။

ကဗျာဆရာ အောင်ချိမ့်၊ စာရေးဆရာ ချစ်ဦးညို၊ စာရေးဆရာမ မသီတာ(စမ်းချောင်း) တို့က ရရှိခဲ့တာပါ။ 

ဆုချီးမြှင့်ပွဲ အခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လာမယ့် နိုဝင်ဘာ ၂၅ ရက် ကျင်းပမယ်လို့ ဆုရွေးချယ်ပေးရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီဆုကို အရှေ့တောင်အာရှက စာရေးဆရာ ၂၇ ဦးထဲကနေ ရွေးချယ်ခဲ့တာဖြစ်ပြီး S.E.A Write Award အဖွဲ့က အောက်တိုဘာ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံစာရေးဆရာ ၂ ဦးနဲ့ ကဗျာဆရာ ၁ ဦးကို ရွေးချယ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် နှစ်စဉ် ပေးအပ်နေကျဖြစ်တဲ့ S.E.A Write Award ဆုကို ၁၉၇၉ ခုနှစ်က စတင်ပေးအပ်ခဲ့တာလို့ သိရပါတယ်။ ဒီအဖွဲ့က ပေးအပ်တဲ့ အရှေ့တောင်အာရှ အကောင်းဆုံး ကဗျာဆုကို မောင်စိန်ဝင်း(ပုတီးကုန်း)လည်း ၂၀၁၃ ခုနှစ်က ရရှိခဲ့ပါတယ်။

Photo : PEN Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013