DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် တိုက်ပွဲများကြောင့် ဝါးထုတ်ယူခွင့် မရသဖြင့် ဘင်္ဂလားဒေ့ရှ်ဘက် မတင်ပို့နိုင်ဖြစ်နေ
DVB
·
October 26, 2019
ရခိုင်တွင် တိုက်ပွဲများကြောင့် ဝါးထုတ်ယူခွင့် မရသဖြင့် ဘင်္ဂလားဒေ့ရှ်ဘက် မတင်ပို့နိုင်ဖြစ်နေ
Donate to DVB

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဝါးထုတ်ယူခွင့် အပြည့်အဝမရလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မှာယူသလောက် မတင်ပို့နိုင် ဖြစ်နေတယ်လို့ မောင်တော နယ်စပ်ကုန်သည်တချိုက ဆိုပါတယ်။

မောင်တောအခြေစိုက် ရတနာရွှေမြေကုမ္ပဏီမှ ဒါရိုက်တာ မာမတ်အဏ္ဏဝါက “ကျနော်တို့ကို ဘင်္ဂလားက ဝါး ၅ သောင်း၊ ၁ သိန်း စသည်ဖြင့် အော်ဒါပေးတာတွေ ရှိပါတယ်။ ဒီလို အော်ဒါမှာယူတာတွေကို လက်ခံဖို့ အခက်အခဲရှိနေတာကတော့ အခုဒီမှာ ဘူးတောင်၊ မြောက်ဦး၊ မင်းပြား စတဲ့‌ နေရာတွေမှာ လက်ရှိတိုက်ပွဲတွေကြောင့် ဝါးခုတ်တောင်သူ‌တွေ ဝါးမခုတ်နိုင်တဲ့အတွက် အချိန်မီ ပို့လိုမရဘူး ဖြစ်နေတယ်” လို့ DVB ကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဝါးခုတ်ယူဖို့ တောထဲ တောင်ထဲ သွားလာရာမှာ အခက်အခဲ ရှိတာကြောင့် ဝါးထုတ်ယူမှု ကျဆင်းတာလို့ ဝါးခုတ်တောင်သူတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဘူးသီးတောင်မြို့နယ် စိုင်းတင်တောင်တန်းနဲ့ မြောက်ဦးမြို့ လေးမြို့ချောင်းတို့ကနေ ဝါးထုတ်ယူဖို့ အခက်တွေ့နေကြတာပါ။

“ကျနော်တို့ အခု ဝါးလုပ်ငန်းလုပ်နေရတဲ့ အနေအထားက အခက်အခဲ အများကြီး ရှိပါတယ်။ အခုဆိုရင် စိုင်းတင်ကို တက်ပြီး ဝါးခုတ်လို့ မရဘူး၊ ဝါးခုတ်တဲ့လူတွေ သွားလို့ မရပါဘူး။ နောက်တခုက အခုဒေသထွက် ဝါးတွေ မလုံလောက်တဲ့အတွက် လေးမြို့ချောင်းနဲ့ မြောက်ဦးဘက်က ဝါးတွေ တင်သွင်းနေရပါတယ်။ ဒါပေမဲ့ ဝါးဈေးကတော့ ကောင်းနေတာတော့ မဟုတ်ဘူး၊ လုပ်ငန်းတခု လည်ပတ်နိုင်အောင် လုပ်နေရတဲ့ အနေအထားပါ။ ဝါးခုတ်ခွင့်လိုင်စင်က သိန်း ၅၀ နဲ့ ယူထားရပြီး ဝါးခုတ်လို့မရတော့ အလွန်နစ်နာပါတယ်။ ဒီနှစ်ဆိုရင် လိုင်စင်ယူမယ့်သူ မရှိတော့ပါဘူး၊ ဒါပေမဲ့ ဝါးပွဲရုံတခုက ၁ သိန်းနှုန်းနဲ့ကောက်ပြီး လိုင်စင်ကြေး သွင်းနေရပါတယ်။ အလွန်မှ နစ်နာပါတယ်” လို့ ဘူးသီးတောင်မြို့နယ်  ဝါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ကိုဇော်နိုင်ဦးက ပြောပါတယ်။

အဆိုပါစိုင်းတင်တောင်တန်းအနီးမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ကာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအခြေအနေကြောင့် ဒေသခံတွေကို စိုင်းတင်တောင်တန်းပေါ် သွားလာခွင့် ပိတ်ထားတာပါ။

ဘူးသီးတောင်မြို့နယ်မှ ဝါးပွဲရုံပိုင်ရှင် မာမတ်ဖော်ဇိလ်အာလောင်က “လက်ရှိအခြေအနေက အလွန်ခက်ခဲပါတယ်။ ဝါးသယ်ယူလာရတာ အခက်အခဲ ရှိနေသလို ဒီဒေသမှာ ရှိတဲ့ မွတ်ဆလင်တွေ နေရပ်စွန့်ခွာထွက်သွားတာကြောင့် ဝယ်လိုအားကျဆင်းနေပါတယ်။ စိုင်းတင်တောင်ကလည်း ဝါးထုတ်လုပ်လို့ မရပါဘူး။ တိုက်ပွဲအခြေအနေကြောင့် မြောက်ဦးဘက်က ဝါးတွေ လာတာကလည်း အခက်အခဲရှိတဲ့အတွက် တလမှာမှ တကြိမ်လောက်သာ သယ်ယူလာနိုင်ပါတယ်” လို့ ပြောပါတယ်။

မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဝါးတန်ချိန် ၁၂၆ တန်၊ ဒေါ်လာ ၁၀၇၈၀ ဖိုး တင်ပို့နိုင်ခဲ့‌တယ်လို့ သိရပါတယ်။

ကောင်းကောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013