DVB Logo
Home
မြန်မာသတင်း
သေဒဏ်ကျခံနေရသည့် ဝင်းနှင့်ဇော်အတွက် ဆုတောင်းပွဲပြုလုပ်
DVB
·
October 26, 2019
သေဒဏ်ကျခံနေရသည့် ဝင်းနှင့်ဇော်အတွက် ဆုတောင်းပွဲပြုလုပ်
1 / 11
Donate to DVB

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ ဝင်းနဲ့ဇော်အတွက် ဆုတောင်းပွဲတရပ်ကို အောက်တိုဘာလ ၂၅ ရက်နေ့  ညနေပိုင်းက ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။









သေဒဏ်ကျခံနေရတဲ့ ဝင်းနဲ့ဇော်ကို ထိုင်းဘုရင် သနားညှာတာစွာ စဉ်းစားပေးဖို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဦးဆောင်ပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ထိုင်းတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၅ နှစ်က ဗြိတိန်နိုင်ငံသား နှစ်ယောက် အသတ်ခံရတာနဲ့ပတ်သက်ပြီး သေဒဏ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး လွတ်မြောက်ဖို့  ကာယကံရှင်နဲ့ မိသားစုဝင်တွေ၊ မြန်မာအဖွဲ့အစည်းတွေကလည်း ထိုင်းဘုရင်ကြီးထံ အသနားခံစာ တင်သွင်းထားပါတယ်။
















အဆိုပါ အသနားခံစာကို လူငယ် ၂ ဦးရဲ့ မိခင်နဲ့ မိသားစုဝင်တွေ၊ ထိုင်းမြန်မာသံရုံး ကမြန်မာသံမှူး၊ ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင်၊ မြန်မာရွှေ့ပြောင်းလုပ်သားအဖွဲ့အစည်း ခေါင်းဆောင် အပါအဝင် စုစုပေါင်း လူ ၁၀ ဦးခန့်က အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းမှာ ဘန်ခွမ်အကျဉ်းထောင် ထောင်ပိုင်ကြီးထံ ပေးအပ်ခဲ့ကြပါတယ်။

သူတို့ဟာ ငယ်ရွယ်သူတွေဖြစ်ကြောင်း၊ အနာဂတ်ရှိသူတွေဖြစ်ကြောင်း၊ နှစ်ယောက်လုံး ဖခင်မရှိတော့ဘဲ မိခင်တွေမှာ မုဆိုးမဖြစ်လို့ မိခင်နဲ့ မိသားစုကို စောင့်ရှောက်ဖို့ တာဝန်တွေရှိနေကြောင်း စတဲ့အကြောင်းအရာတွေ ထည့်သွင်းရေးသားထားတယ်လို့ အသနားခံစာ တင်ရာမှာ ပါဝင်ခဲ့တဲ့ ရှေ့နေဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။ 

အဆိုပါ အသနားခံစာကို သေဒဏ်အပြစ်ပေးခံရတဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့အနေနဲ့ အဓိကထား တောင်းခံထားပြီး ဝိုင်းဝန်းထောက်ခံကြတဲ့အဖွဲ့ အစည်းတွေကတော့ ထိုင်း-မြန်မာ သံရုံးအပါအဝင် စုစုပေါင်း ၆၀ လောက်ရှိပါတယ် ။ 

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ထိုင်းတောင်ပိုင်း လိပ်ကျွန်းရှိ စိုင်ရီကမ်းခြေမှာ အသက် ၂၄ နှစ်ရွယ်ရှိ ဒေးဗစ်မေလာနဲ့ ၂၃ နှစ်ရွယ်ရှိ ဟန်နာဝစ်သာရစ် ဆိုသူ ဗြိတိန်နိုင်ငံသား နှစ်ဦး ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကြပါတယ်။

အဆိုပါအမှုမှာ သေဆုံးသူတွေနဲ့ ရန်ဖြစ်ခဲ့တဲ့ ခိုတောင်ကျွန်း သူကြီးရဲ့သားနဲ့ အပေါင်းပါတသိုက် လက်ချက်လို့ ထိုင်းလူမှုကွန်ရက်တွေမှာ ပြောဆိုရေးသားခဲ့ကြပေမယ့်လည်း အခင်းဖြစ်တဲ့ညက အဲဒီနားမှာ ဂီတာတီးနေတဲ့ မြန်မာလူငယ် ၃ ဦးကို ရဲကဖမ်းလိုက်ပြီး တဦးကို လွှတ်ပေးကာ  ဝင်းနဲ့ ဇော်ကို စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ 

မြန်မာလူငယ် ၂ ဦးက သူတို့ မသတ်ရကြောင်း၊ ရဲက နှိပ်စက်ပြီး အတင်းဝန်ခံခိုင်းတာ ဖြစ်ကြောင်း ပြောဆိုပေမယ့်လည်း ကော့စမွီတရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ သေဒဏ်ပေးလိုက်ပါတယ်။ 

မြန်မာလူငယ် နှစ်ဦးဟာ လူသတ်မှု ကျူးလွန်ကြောင်း အထောက်အထား မခိုင်လုံတဲ့အတွက် သူတို့ လွတ်မြောက်ဖို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ မြန်မာသံရုံးနဲ့ ထိုင်းရှေ့နေများကောင်စီ၊ မြန်မာဥပဒေအကြံပေးအဖွဲ့တွေက  အောက်ခြေတရားရုံးမှ ဗဟိုတရားရုံးချုပ်ထိ အဆင့်ဆင့် အယူခံတင်သွင်းပေးခဲ့ပေမယ့်လည်း ပယ်ချခံရတာကြောင့် နောက်ဆုံးအဆင့် ထိုင်းဘုရင်ထံ အသနားခံစာတင်သွင်းတာ ဖြစ်ပါတယ်။ 








ဓာတ်ပုံ - ရန်နိုင်ဇော်ဝင်း

ဓာတ်ပုံ - MarNaw/MPA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013