DVB Logo
Home
မြန်မာသတင်း
ဝင်းနှင့်ဇော် လွတ်မြောက်ရေး အာဆီယံလူထုဖိုရမ်တွင် မြန်မာ့အရေးလှုပ်ရှားသူများ ဆန္ဒထုတ်ဖော်
DVB
·
September 11, 2019
ဝင်းနှင့်ဇော် လွတ်မြောက်ရေး အာဆီယံလူထုဖိုရမ်တွင် မြန်မာ့အရေးလှုပ်ရှားသူများ ဆန္ဒထုတ်ဖော်
1 / 2
Donate to DVB

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ မြန်မာလူငယ် ဝင်းနဲ့ ဇော်တို့ လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သမားဆတ်တက္ကသိုလ်မှာ ကျင်းပနေတဲ့ အာဆီယံလူထုဖိုရမ်မှာ မြန်မာ့အရေး လှုပ်ရှားသူတွေက ဒီကနေ့မနက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

အာဆီယံလူထုဖိုရမ် တက်ရောက်နေတဲ့ ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက “အပြစ်မရှိဘဲ သေဒဏ်ချခံရတဲ့ မြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် အခမ်းအနား တက်ရောက်လာတဲ့ အာဆီယံလူထုအနေနဲ့ သွေးစည်းညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ ကလေးငယ် ၂ ယောက် လွတ်မြောက်ရေးအတွက် အသနားခံစာမှာ ပူပေါင်းပါဝင်လက်မှတ်ထိုးကြဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

ဝင်းနဲ့ဇော် လွတ်မြောက်ရေး စုဆောင်းရရှိတဲ့ လက်မှတ်တွေကိုလည်း ထိုင်းဘုရင်ကြီးထံ ပေးပို့သွားမယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ် အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံ-လူထုဖိုရမ် (ACSC/APF) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စက်တင်ဘာ ၁၀ ရက်ကနေ  ၁၂ ရက်အထိ ကျင်းပနေတာပါ။

အာဆီယံလူထုဖိုရမ်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး၊ အလုပ်သမားအ‌ရေး လှုပ်ရှားသူတွေ အပါအဝင် အာဆီယံဒေသတွင်း အရပ်ဘက်အဖွဲ့အစည်း ၂၀ လောက်က လူ ၁၀၀၀ ကျော် တက်ရောက်နေတာပါ။

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့မှာ စက်တင်ဘာ ၈ ရက်နေ့ကလည်း မြန်မာနိုင်ငံသား ဝင်းနဲ့ဇော်အား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးဖို့ ထိုင်းဘုရင်နဲ့ ထိုင်းအာဏာပိုင်တွေထံ အသနားခံ တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

သေဒဏ်ကျခံထားရတဲ့ မြန်မာနှစ်ယောက် အသက်ရှင်ခွင့်ရရေးအတွက် လူ့အခွင့်အရေးရှုထောင့်က ကူညီပေးဖို့ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို မြန်မာ လူ့အခွင့်အရေးကော်မရှင်က ပြီးခဲ့တဲ့ရက်ပိုင်းက မေတ္တာရပ်ခံထားပါတယ်။

မြန်မာ ရွှေ့ပြောင်းလုပ်သား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့နှစ်ယောက်ကို ဗြိတိန်နိုင်ငံသား နှစ်ယောက် အသတ်ခံရတာနဲ့ ပတ်သက်ပြီး ၂၀၁၄ နှစ်ကုန်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာပါ။

သူတို့ကို ၂၀၁၅ နှစ်ကုန်ပိုင်းမှာ သေဒဏ်ချမှတ်ထားပြီး နောက်ဆုံးအယူခံလည်း ရှုံးနိမ့် ထားတာကြောင့် ထိုင်းဘုရင်မင်းမြတ်ရဲ့ လွတ်ငြိမ်းခွင့်တခုပဲ ကျန်တော့တာ ဖြစ်ပါတယ်။

ဒီအတွက် အစိုးရနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ မေတ္တာရပ်ခံထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဝင္းႏွင့္ေဇာ္ လြတ္ေျမာက္ေရး အာဆီယံလူထုဖိုရမ္တြင္ ျမန္မာ့အေရးလႈပ္ရွားသူမ်ား ဆႏၵထုတ္ေဖာ္

လိပ္ကြၽန္းလူသတ္မႈနဲ႔ ေသဒဏ္က်ခံေနရတဲ့ ျမန္မာလူငယ္ ဝင္းနဲ႔ ေဇာ္တို႔ လြတ္ေျမာက္ေရးအတြက္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ သမားဆတ္တကၠသိုလ္မွာ က်င္းပေနတဲ့ အာဆီယံလူထုဖိုရမ္မွာ ျမန္မာ့အေရး လႈပ္ရွားသူေတြက ဒီကေန႔မနက္ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

အာဆီယံလူထုဖိုရမ္ တက္ေရာက္ေနတဲ့ ညီမွ်ျခင္းျမန္မာ အမႈေဆာင္ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက “အျပစ္မရွိဘဲ ေသဒဏ္ခ်ခံရတဲ့ ျမန္မာလူငယ္ ၂ ဦး လြတ္ေျမာက္ေရးအတြက္ အခမ္းအနား တက္ေရာက္လာတဲ့ အာဆီယံလူထုအေနနဲ႔ ေသြးစည္းညီၫြတ္ေၾကာင္း ျပသတဲ့အေနနဲ႔ ကေလးငယ္ ၂ ေယာက္ လြတ္ေျမာက္ေရးအတြက္ အသနားခံစာမွာ ပူေပါင္းပါဝင္လက္မွတ္ထိုးၾကဖို႔ ေတာင္းဆိုပါတယ္” လို႔ ေျပာပါတယ္။

ဝင္းနဲ႔ေဇာ္ လြတ္ေျမာက္ေရး စုေဆာင္းရရွိတဲ့ လက္မွတ္ေတြကိုလည္း ထိုင္းဘုရင္ႀကီးထံ ေပးပို႔သြားမယ္လို႔ ဆိုပါတယ္။

၂၀၁၉ ခုႏွစ္ အာဆီယံအရပ္ဘက္အဖြဲ႕အစည္းမ်ားညီလာခံ-လူထုဖိုရမ္ (ACSC/APF) ကို ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ စက္တင္ဘာ ၁၀ ရက္ကေန  ၁၂ ရက္အထိ က်င္းပေနတာပါ။

အာဆီယံလူထုဖိုရမ္မွာ ျမန္မာႏိုင္ငံက လူ႔အခြင့္အေရး၊ အလုပ္သမားအ‌ေရး လႈပ္ရွားသူေတြ အပါအဝင္ အာဆီယံေဒသတြင္း အရပ္ဘက္အဖြဲ႕အစည္း ၂၀ ေလာက္က လူ ၁၀၀၀ ေက်ာ္ တက္ေရာက္ေနတာပါ။

ထိုင္း-ျမန္မာနယ္စပ္ ေကာ့ေသာင္းၿမိဳ႕မွာ စက္တင္ဘာ ၈ ရက္ေန႔ကလည္း ျမန္မာႏိုင္ငံသား ဝင္းနဲ႔ေဇာ္အား ျပစ္ဒဏ္မွ လြတ္ၿငိမ္းခြင့္ေပးဖို႔ ထိုင္းဘုရင္နဲ႔ ထိုင္းအာဏာပိုင္ေတြထံ အသနားခံ ေတာင္းဆိုဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။

ေသဒဏ္က်ခံထားရတဲ့ ျမန္မာႏွစ္ေယာက္ အသက္ရွင္ခြင့္ရေရးအတြက္ လူ႔အခြင့္အေရးရႈေထာင့္က ကူညီေပးဖို႔ ထိုင္းအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ကို ျမန္မာ လူ႔အခြင့္အေရးေကာ္မရွင္က ၿပီးခဲ့တဲ့ရက္ပိုင္းက ေမတၱာရပ္ခံထားပါတယ္။

ျမန္မာ ေ႐ႊ႕ေျပာင္းလုပ္သား ကိုေဇာ္လင္းနဲ႔ ကိုဝင္းေဇာ္ထြန္းတို႔ႏွစ္ေယာက္ကို ၿဗိတိန္ႏိုင္ငံသား ႏွစ္ေယာက္ အသတ္ခံရတာနဲ႔ ပတ္သက္ၿပီး ၂၀၁၄ ႏွစ္ကုန္ပိုင္းမွာ ဖမ္းဆီးခံခဲ့ရတာပါ။

သူတို႔ကို ၂၀၁၅ ႏွစ္ကုန္ပိုင္းမွာ ေသဒဏ္ခ်မွတ္ထားၿပီး ေနာက္ဆုံးအယူခံလည္း ရႈံးနိမ့္ ထားတာေၾကာင့္ ထိုင္းဘုရင္မင္းျမတ္ရဲ႕ လြတ္ၿငိမ္းခြင့္တခုပဲ က်န္ေတာ့တာ ျဖစ္ပါတယ္။

ဒီအတြက္ အစိုးရနဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ကလည္း သက္ဆိုင္ရာ တာဝန္ရွိသူေတြဆီ ေမတၱာရပ္ခံထားပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013