DVB Logo
Home
မြန်မာသတင်း
ဘိုလီးဗီးယားတွင် လက်ရှိသမ္မတနှင့် သမ္မတကိုယ်စားလှယ်လောင်း ထောက်ခံသူ နှစ်ဖွဲ့ အဓိကရုဏ်း ဖြစ်
DVB
·
October 24, 2019
ဘိုလီးဗီးယားတွင် လက်ရှိသမ္မတနှင့် သမ္မတကိုယ်စားလှယ်လောင်း ထောက်ခံသူ နှစ်ဖွဲ့ အဓိကရုဏ်း ဖြစ်
Donate to DVB

ဘိုလီးဗီးယားနိုင်ငံ ဆန်တာခရုဇ်မြို့မှာ အောက်တိုဘာ ၂၃ ရက်နေ့က သမ္မတ အေဗိုမိုရာလက်စ်ကို ထောက်ခံသူတွေနဲ့ သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ကာလိုစ့် မီဆာကို ထောက်ခံသူတွေအကြား အဓိကရုဏ်း ဖြစ်ခဲ့ကြပါတယ်။ 

ဘိုလီဗီးယားနိုင်ငံမှာ အောက်တိုဘာ ၂၀ ရက်နေ့က  သမ္မတ ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ လက်ရှိ သမ္မတအေဗိုမိုရာလက်စ်က ရွေးကောက်ပွဲမှာ သူအနိုင်ရကြောင်းနဲ့ အတိုက်အခံ  ကာလိုစ့် မီဆာဟာ အာဏာသိမ်းဖို့ အကွက်ဆင် ကြိုးစားနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

ရွေးကောက်ပွဲ ကျင်းပတဲ့ တနင်္ဂနွေကတည်းက အတိုက်အခံတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ အကြီးအကျယ်ပေါ်ပေါက်ခဲ့ပြီး မဲရေတွက်မှုက မမှန်ကန်ဘူးလို့လည်း အတိုက်အခံတွေက အခိုင်အမာပြောခဲ့ကြပါတယ်။ 

ရွေးကောက်ပွဲ မဲအရေအတွက် ၉၇ ရာခိုင်နှုန်းနီးပါးကို ရေတွက်ပြီးချိန်မှတော့ လက်ရှိသမ္မတ မိုရာလက်စ်ဟာ မဲအရေအတွက် ၄၆ ရာခိုင်နှုန်းကျော်ရရှိထားပြီး ပြိုင်ဘက် ကာလိုစ့် မီဆာထက် ၉ ဒဿမ ၅ မှတ် အသာရနေပါတယ်။ 

ဒါပေမယ့် သမ္မတ မိုရာလက်စ်အနေနဲ့ ၁၀ မှတ်အသာရမှသာ ရွေးကောက်ပွဲ ဒုတိယအကျော့ ကျင်းပစရာမလိုပဲ အနိုင်ရမှာ ဖြစ်ပါတယ်။ 

နိုင်ငံရေး အကြပ်အတည်းတွေနဲ့ မသမာတဲ့ ရွေးကောက်ပွဲတရပ်ရဲ့ နောက်ကွယ်မှာ သမ္မတ မိုရာလက်စ်ဦးဆောင်တဲ့ အစိုးရ ရှိနေတယ်လို့ အတိုက်အခံ မီဆာက စွပ်စွဲခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013