DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက် တင်ပို့မှု ပိုများလာသဖြင့် မောင်တောတွင် ကြက်သွန်နီ ဈေးတက်
DVB
·
October 20, 2019
ဘင်္ဂလားဒေ့ရှ်ဘက် တင်ပို့မှု ပိုများလာသဖြင့် မောင်တောတွင် ကြက်သွန်နီ ဈေးတက်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ကြက်သွန်နီ တင်ပို့မှု ပိုမိုများပြားနေတာကြောင့် ရခိုင်ပြည်နယ် မောင်တောမှာ ကြက်သွန်နီဈေး မြင့်တက်နေတယ်လို့ သိရပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံ ဦးသာထွန်းစိန်က "ကြက်သွန်နီတင်ပို့မှုက အရင်လတွေကလည်းရှိပါတယ်။ ဒါပေမဲ့ စက်တင်ဘာလကစပြီးတော့ တင်ပို့မှုက ပိုများလာတယ်။ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းအပြင် စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းကလည်း တင်ပို့တာတွေများတယ်။" လို့ ပြောပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ စတင်ဘာလအတွင်း ကြက်သွန်နီတန်ချိန် ၁၈၀ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၉၉၅၀ အထိ တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတဘ်။

မောင်တောမြို့ ကြက်သွန်နီ အရောင်းဆိုင်ရှင် မဇင်မာမြင့်က “ကြက်သွန်နီက အရင်ဈေး တစ်ပိဿာကို ၁၂၀၀ လောက်ပဲရှိတာပါ။ အခုကတော့ ၁၅၀၀ ကျော်သွားပါပြီ။ ပြည်ဘက်က ဆင်းလာတဲ့ ကြက်သွန်တွေက ဘင်္ဂလားဘက်ကို တိုက်ရိုက်ယူထားတာကြောင့် ဈေးမြင့်တက်သွားတာပါ”လို့ ပြောပါတယ်။

ပိတ်ပင်လိုက်တဲ့အတွက်၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာ ကြက်သွန်နီ ရှားပါးသွားပြီး စျေးကြီးမြင့်သွားတာလို့ သိရပါတယ်။

မုတ်သုံရာသီအတွင်း အိန္ဒိယနိုင်ငံမှာ မိုးကြီးပြီး ကြက်သွန်စိုက်ခင်းတွေ ပျက်စီးသွားကာ အထွက်လျော့လာလို့ အောက်တိုဘာလဆန်းပိုင်းက စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကြက်သွန်နီ တင်ပို့မှု ပိတ်ပင်လိုက်တာကြောင့် ဘင်္ဂလားဒေ့ရှ် ကုန်သည်တွေက မြန်မာဘက်က ကြက်သွန်နီတွေ အလုအယက် ဝယ်ယူနေကြတာပါ။

ဘင်္ဂလားဒေ့ရှ်မှာ ကြက်သွန်နီဟာ မရှိမဖြစ်တဲ့ လိုအပ်တဲ့ စားသုံးကုန်တခုလည်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ ကြက်သွန်နီ လိုအပ်မှု သုံးပုံနှစ်ပုံကို ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်ပြီး ကျန်တပုံကို အိန္ဒိယကနေ တင်သွင်းခဲ့တာပါ။

ကောင်းကောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013