DVB Logo
Home
မြန်မာသတင်း
ထားဝယ် နှစ်ကျိုပ်ရှစ်ဆူဘုရားများ ပို့ရာတွင် ယဉ်ကျေးမှုနှင့် သွေဖည်သည့်လုပ်ရပ် မလုပ်ကြရန် မေတ္တာရပ်ခံ
DVB
·
October 19, 2019
ထားဝယ် နှစ်ကျိုပ်ရှစ်ဆူဘုရားများ ပို့ရာတွင် ယဉ်ကျေးမှုနှင့် သွေဖည်သည့်လုပ်ရပ် မလုပ်ကြရန် မေတ္တာရပ်ခံ
1 / 3
Donate to DVB

နှစ် ၁၁၀ ပြည့် ထား၀ယ် တန်ဆောင်တိုင် နှစ်ကျိုပ်ရှစ်ဆူ ဘုရားပွဲတော်အတွင်း ကျေးရွာအသီးသီးက ဘုရားတွေ ထားဝယ်မြို့ ဘုရားကြီးကို ပို့ဆောင်ရာမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ သွေဖည်တဲ့ လုပ်ရပ်တွေ မလုပ်ဆောင်ကြဖို့ ဂေါပဂအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း ရပ်ကွက်/ကျေးရွာတွေက နှစ်ကျိပ်ရှစ်ဆူ ဘုရားတွေကို ဘုရားကြီးကို ပို့ဆောင်ရာမှာ မြန်မာ့ထုံးတမ်းယဉ်ကျေးမှုနဲ့သက်ဆိုင်တဲ့ အဆို၊ အက၊ အတီးတို့ကို လုပ်ဆောင်ဖို့ မေတ္တာရပ်ခံထားတယ်လို့ ထား၀ယ်မြို့ ဘုရားကြီးဂေါပကအဖွဲ့မှ ဦးထွန်းကြည်က ပြောပါတယ်။

“ပေါက်ကွဲသံစဉ်မျိုး မဟုတ်ဘဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးရဲ့ ဓလေ့ထုံးစံယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အဆို၊ အက၊ အတီးကို လုပ်ကြပါလို့ ရွာတွေကို မေတ္တာရပ်ခံထားတယ်။”



မကြာသေးခင်က ပြီးဆုံးသွားတဲ့ ထား၀ယ်ရိုးရာ သပိတ်မျှောပွဲတော်မှာ သပိတ်ကြီးတွေနဲ့ လှည့်လည်ရာမှာ ရိုးရာယဉ်ကျေးမှုနဲ့ ကွဲလွဲတဲ့ သရုပ်ပျက် ဝတ်စားဆင်ယင်တာ၊ မူးယစ်ကခုန်တာနဲ့ ဖျော်ဖြေတာတွေ ပါဝင်ခဲ့လို့ လာမယ့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲမှာ ထပ်မံမဖြစ်စေဖို့ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာဂေါပကအဆင့်ဆင့်ကို ဘာသာရေးနဲ့ သွေဖည်တဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ မထည့်သွင်းကြဖို့ ညွှန်ကြားတားမြစ်ပေးဖို့ ဘုရားကြီးဂေါပကကို ဒေသခံတွေက တောင်းဆိုထားတယ်လို့ သိရပါတယ်။

ထားဝယ် နှစ်ကျိပ်ရှစ်ဆူဘုရားတွေကို အောက်တိုဘာ ၇ ရက်နေ့ကစပြီး ဘုရားကြီး နှစ်ကျိပ်ရှစ်ဆူ ဂန္ဓကုဋီတိုက်ကနေ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေကို ဘုရားတွေ ပင့်ဆောင်ပြီး နိုဝင်ဘာ ၆ ရက်နေ့ နောက်ဆုံးထားပြီး နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော် ကျင်းပရာ ယာယီဂန္ဓကုဋီတိုက်ကို ပြန်လည်ပို့ဆောင်ရမယ်လို့ သိရပါတယ်။

နှစ် ၁၁၀ ပြည့် ထား၀ယ် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်အား နိုဝင်ဘာ ၇ ရက်နေ့ကနေ ၁၁ ရက်အထိ ၅ ရက် ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။



သတင်း-တင့်လွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013