DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အဆင့် လမ်းလျှောက်သင်္ကြန် ပြုလုပ်မည်၊ သင်္ကြန်တွင် စက်သုံးဆီ အကျပ်အတည်းမဖြစ်စေလိုဟု စစ်ခေါင်းဆောင် ပြော
DVB
·
March 25, 2026
Photo: MRTV
Photo: MRTV
Donate to DVB

အခုနှစ် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို နိုင်ငံတော်အဆင့် လမ်းလျှောက်သင်္ကြန် ဆိုပြီး နေပြည်တော်ရှိ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်သွားမယ်လို့ စစ်ကောင်စီက မတ် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီနှစ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို အတုအယောင်ရွေးကောက်ပွဲကနေ တက်လာမဲ့ အစိုးရသစ်ရဲ့ ပထမဦးဆုံး နိုင်ငံတော်အဆင့်အခမ်းအနားနဲ့ ကျင်းပသွားမှာဖြစ်ကြောင်း၊ လာမဲ့သင်္ကြန်ပွဲတော်ဟာ သာမန် ပျော်ပွဲရွှင်ပွဲတွေထက်ပိုပြီး နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး စိတ်သစ်လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်တွေနဲ့ အနှစ်သာရရှိတဲ့ ပွဲတော်တခုလို့ ဆိုပါတယ်။

စစ်ကိုင်းငလျင်ကြောင့် မနှစ်ကသင်္ကြန်ပွဲတော်ကို အကန့်အသတ်နဲ့ ကျင်းပဖို့ မေတ္တာရပ်ခံခဲ့ရတာကြောင့် လတ်တလောအခြေအနေမှာ စက်သုံးဆီ အခက်အခဲဖြစ်နေပေမဲ့ ယခုနှစ်သင်္ကြန်မှာ စက်သုံးဆီ ကန့်သတ်ချက်က သင်္ကြန်ပွဲတော်ကျင်းပရေးကို အကျပ်အတည်း မဖြစ်စေဖို့နဲ့ စက်သုံးဆီသုံးစွဲတာ များပြားမှုမရှိအောင် နေရာတွေ သတ်မှတ်ပြီး လမ်းလျှောက်သင်္ကြန်တွေ ပြုလုပ်သွားသင့်တယ်လို့ မတ် ၂၄ ရက်က ပြုလုပ်တဲ့ စက်သုံးဆီ ဖူလုံစွာရရှိရေးနဲ့ သုံးစွဲမှုစနစ်တကျဖြစ်စေရေး အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောပါတယ်။

နေပြည်တော်အပါအဝင် တခြားမြို့တွေမှာလည်း ပြုလုပ်မဲ့ လမ်းလျှောက်သင်္ကြန်ပွဲတွေကို သွားရောက်ဖျော်ဖြေမဲ့ အနုပညာရှင်တွေအတွက် သီးခြား ရထားလက်မှတ်တွေ စီစဉ်ပေးသွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013