
နေတိုးတပ်ဖွဲ့တွေဟာ အရှေ့ဘက်ခြမ်းနိုင်ငံကို ကျူးကျော်မှုကနေ တွန်းလှန်ကာကွယ်ဖို့ အဓိက စစ်ရေးလေ့ကျင့်ခန်းတွေကို ရိုမေးနီးယားနိုင်ငံမှာ သြဂုတ် ၁၈ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
ဥရောပတဝန်းက တပ်ဖွဲ့ဝင် ၁,၀၀၀ ကျော်က ပြင်သစ်ဦးဆောင်တဲ့ Eagle Spearhead စစ်ရေး လေ့ကျင့်ခန်းမှာ ပါဝင်ခဲ့ပါတယ်။
တပ်ဖွဲ့တွေဟာ ယူကရိန်းနယ်စပ်က ရိုမေးနီးယားနိုင်ငံအပေါ် အကြီးအကျယ် တိုက်ခိုက်မှုကို တိုက်ဖျက်နိုင်စွမ်းကို စမ်းသပ်ခဲ့ကြပါတယ်။
ရုရှားဟာ မဟာမိတ်အဖွဲ့အပေါ် အကန့်အသတ်နဲ့ တိုက်ခိုက်မှု တခု လုပ်နိုင်တယ်လို့ တခြား အရှေ့ဘက်ခြမ်းက နေတိုးနိုင်ငံတွေက သတိပေးနေချိန်မှာ ခုလိုလေ့ကျင့်ခဲ့တာပါ။
Source:Reuters











