DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်အာမခံချက်ရရေး အခြေခံအုတ်မြစ်ချရန် လိုအပ်
DVB
·
October 13, 2019
ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်အာမခံချက်ရရေး အခြေခံအုတ်မြစ်ချရန် လိုအပ်
Donate to DVB

ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အာမခံချက်ရဖို့အတွက် လာမယ့် ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးမှာ အခြေခံအုတ်မြစ်ချဖို့ လိုတယ်လို့ အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မှာ အောက်တိုဘာ ၁၀ ရက်နေ ၁၂ ရက်အထိ ကျင်းပသွားတဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ (NCA-S EAO) ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကနေ ထုတ်ပြန် ပြောကြားလိုက်တာပါ။

၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ဆက်လက်အကောင်အထည်ဖော်ဖို့ အာမခံချက်ရဖို့အတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ ချမှတ်ဖို့ လိုတာကို အလေးအနက် ရှုမြင်တယ်လို့ ဆိုပါတယ်။

လာမယ့် အောက်တိုဘာ ၁၅ ရက်မှာ အန်စီအေ လက်မှတ်ထိုးခဲ့တာ ၄ နှစ်ပြည့်မှာဖြစ်ပြီး အဲဒီအခမ်းအနား ကျင်းပနိုင်ဖို့အတွက်လည်း ဒီအစည်းအဝေးမှာ ဖွဲ့စည်း တာဝန်ပေးခဲ့ပါတယ်။ ဒီ ၄ နှစ်ပြည့်ဟာ တိုင်းပြည်ရဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် အရေးကြီးတဲ့ သမိုင်းမှတ်တိုင် ဖြစ်တယ်လို့ အလေးအနက် အသိအမှတ်ပြု ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အန်စီအေ အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကျင်းပဖို့ မူအားဖြင့် သဘောတူပြီး PPST က ဖွဲ့စည်းပေးတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ JICM ကျင်းပရေးအတွက် ဆက်ပြီးဆွေးနွေးမှာ ဖြစ်ပါတယ်။

မကြာသေးခင်က အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ သမ္မတရုံးက ထုတ်ပြန်တဲ့ လုံခြုံရေး သတိပေးတဲ့စာမှာ အန်စီအေ လက်မှတ်ထိုးထားတဲ့ ကေအန်ယူနဲ့ စီအန်အက်ဖ်တို့ ပါနေတဲ့အပေါ်မှာလည်း အဲဒီစာကို ကန့်ကွက်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013