DVB Logo
Home
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
ကုမ္ပဏီနာမည် မတူတာကြောင့်ဆိုပြီး ပြည်ပထွက်ခွင့် ပယ်ချခံရသည့် အလုပ်သမား ၁၀၀ ကျော်ရှိလာ
DVB
·
April 7, 2026
Photo: MOL
Photo: MOL
Donate to DVB

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) မှာပါတဲ့ ကုမ္ပဏီနဲ့ အမှန်တကယ် သွားရောက်လုပ်ကိုင်မဲ့ကုမ္ပဏီ နာမည်မတူလို့ ဆိုပြီး ခွင့်ပြန်အလုပ်သမား အယောက် ၄၀ နီးပါးရဲ့ ထွက်ခွာခွင့် တင်ပြတာကို စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ထပ်ပြီးပယ်ချလိုက်ပါတယ်။

အဲဒီဝန်ကြီးဌာနက ပြည်ပထွက်ခွာခွင့် တင်ပြသူတွေထဲမှ လိုအပ်ချက်ရှိလို့ဆိုပြီး ကုမ္ပဏီနာမည် မတူတဲ့အချက်ကို ထောက်ပြကာ ပြည့်စုံစွာ ပြန်တင်ရမဲ့ ခွင့်ပြန်အလုပ်သမား ၃၆ ယောက်ရဲ့ နာမည်စာရင်းကို ဧပြီ ၇ ရက်မှာ ထုတ်ပြန်လိုက်တာပါ။

ကုမ္ပဏီနာမည်မတူလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ခွင့်ပြန်အလုပ်သမား ၂၄ ယောက်ရဲ့ ထွက်ခွာခွင့် တင်ပြတာကို မတ် ၃၁ ရက်မှာ စတင်ပယ်ချခဲ့ပြီးနောက်ထပ်လည်း ပယ်ချတာတွေ ထပ်လုပ်ခဲ့ကာ ဧပြီ ၇ ရက်အထိ ထွက်ခွာခွင့်မရတဲ့ အလုပ်သမား ၁၁၀  ကျော်အထိရှိလာတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ခွင့်ပြန်အလုပ်သမားတယောက်က “အလုပ်က အဆင်မပြေရင် ပြေတဲ့ဆီ ပြောင်းကြတာပဲလေ။ ထွက်ခွင့်တင်တော့ အလုပ်ရှင်ကို ဆက်သွယ်လို့ရမဲ့ ဖုန်းတို့၊ အီးမေးလ်တို့ ပေးရမယ်ဆိုလို့ ပေးထားကြတာပဲ။ တကယ်လုပ်နေတဲ့ အလုပ်သမား ဟုတ်၊ မဟုတ် မေးပေါ့။ သူတို့ လိုချင်တာက တကယ်အလုပ်လုပ်နေတဲ့သူ ဖြစ်နေဖို့ပဲ မဟုတ်ဘူးလား” လို့ ပြောပါတယ်။

အခုလို ပြည်ထွက်ခွာခွင့်မကျသူတွေထဲမှာ ကုမ္ပဏီနာမည် မတူတာအပြင် အလုပ်ရှင်နာမည် မတူလို့ ဆိုတဲ့ ခွင့်ပြန်အလုပ်သမားအချို့လည်း ပါနေပြီး ကန့်သတ်တာကို ကြိုမသိရတဲ့အတွက် ပြန်ထွက်ဖို့ အခက်တွေ့စရာ ဖြစ်လာရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ခွင့်ပြန်အလုပ်သမားတွေကို ခွင့်ပြုချက်ကျမှ ပြန်ထွက်ခွင့်ရမယ်ဆိုပြီး စစ်ကောင်စီက အခုနှစ်ဆန်းက စတင်တင်းကျပ်ခဲ့သလို ထွက်ခွာခွင့်လျှောက်ရင် အလုပ်ရှင်ကို ဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာ ထည့်သွင်းတင်ပြဖို့လည်း ညွှန်ကြားထားပါတယ်။

ဒီလို စိစစ်မှုလုပ်တာက အလုပ်သမားအသစ်တွေက ခွင့်ပြန်အလုပ်သမား အသွင်သုံးပြီး ပြည်ပကို လိမ်လည်ထွက်ခွာတာတွေ ရှိနေတာကြောင့်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနဘက်က အကြောင်းပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013