DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာ ရွှေဗဟိုဈေးကွက် ရန်ကုန်တွင် အမြန်ဆုံး အကောင်အထည်ဖော်မည်ဟု ဝန်ကြီးချုပ်ပြော
DVB
·
October 6, 2019
နိုင်ငံတကာ ရွှေဗဟိုဈေးကွက် ရန်ကုန်တွင် အမြန်ဆုံး အကောင်အထည်ဖော်မည်ဟု ဝန်ကြီးချုပ်ပြော
1 / 4
Donate to DVB

နိုင်ငံတကာ ရွှေဗဟိုဈေးကွက်ကို ရန်ကုန်မြို့မှာ အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။



 ကမာရွတ်မြို့နယ် Time City မှာ အောက်တိုဘာလ ၆ ရက်နေ့က ကျင်းပတဲ့မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ၁၇ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးမှာ ပြောတာပါ။



ရွှေဈေးကွက်အတွင်းမှာ ရွှေဈေးမတည်ငြိမ်နိုင်မှုတွေကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာ ရွှေဗဟိုဈေးကွက်ကို ရန်ကုန်မြို့မှာ အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်ရှင်းများအသင်းချုပ်ရဲ့ နာယက တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

နိုင်ငံတကာ ရွှေဗဟိုဈေးကို ဖော်ဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ ရွှေဈေးကစားတာတွေကို ထိန်းချုပ်နိုင်မယ့်အပြင် ရွှေမှောင်ခိုဈေးကွက်ပါ ပျောက်ကွယ်သွားမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မြန်မာ့ရွှေလည်း နိုင်ငံတကာဈေးကွက်ကိုပါ အရောင်းအဝယ် ပြုလုပ်လာနိုင်မှာလည်း ဖြစ်ပါတယ်။ အောက်တိုဘာ ၄ ရက်နေ့မှာတော့ ပြည်တွင်း ရွှေဈေးကွက်အတွင်းမှာ အကယ်ဒမီရွှေဈေးက ၁ ကျပ်သားကို ၁၂၃၀၀၀၀ နဲ့ ဈေးပိတ်သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013