DVB Logo
Home
မြန်မာသတင်း
၈ ကြိမ်မြောက် အောင်ဘာလေ သိန်းတသောင်းခွဲဆုကို  ဓ-၃၄၁၆၁၁ နံပါတ်ဆွတ်ခူးရရှိ
DVB
·
October 1, 2019
၈ ကြိမ်မြောက် အောင်ဘာလေ သိန်းတသောင်းခွဲဆုကို  ဓ-၃၄၁၆၁၁ နံပါတ်ဆွတ်ခူးရရှိ
Donate to DVB

 ၈ ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှာ အမြင့်ဆုံး ကျပ်သိန်းတသောင်းခွဲဆုကို  ဓ-၃၄၁၆၁၁ နံပါတ်က ဆွတ်ခူးရရှိသွားပါတယ်။

ဒါ့အပြင် ကျပ်သိန်းတသောင်းဆုကိုတော့ ဎ-၁၁၁၄၁၈ နံပါတ်က ပေါက်သွားပြီး သိန်း ငါးထောင်ဆုကို ထ-၂၆၄၃၄၃ နဲ့ ဖ-၂၈၈၇၅၀ တို့က ဆွတ်ခူးရရှိသွားပါတယ်။ 

ဒီကနေ့ အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းက အောင်ဘာလေ ထီဆုဖွင့်ပွဲ အခမ်းအနားကို  ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ အောင်ဘာလေသိန်းဆုဌာနခွဲမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

၈ ကြိမ်မြောက် ကျပ်တထောင်တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှာ (က) အက္ခရာမှ (အ) အက္ခရာအထိနဲ့ (ကက) အက္ခရာကနေ (ကစ) အက္ခရာအထိ အလုံးရေ ၃၉ လုံး ထီစာအုပ်စုစုပေါင်း ၃၁၉၀၉၀၂ အုပ်လုံး ရောင်းချနိုင်ခဲ့တယ်လို့ အောင်ဘာလေ သိန်းဆုဌာနခွဲကနေ သိရပါတယ်။

ထီလက်မှတ်စာအုပ်တွေ ရောင်းရငွေမှာ ကျပ်သိန်းပေါင်း ၃၁၉၀၉  ကျော်ရရှိခဲ့ပြီး ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ်သန်းပေါင်း နှစ်သောင်းနီးပါးကို ထီဆုငွေအဖြစ် ခွဲဝေ ချီးမြှင့်ပေးခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

၈ ႀကိမ္ေျမာက္ ေအာင္ဘာေလ သိန္းတေသာင္းခြဲဆုကို  ဓ-၃၄၁၆၁၁ နံပါတ္ဆြတ္ခူးရရွိ

၈ ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲမွာ အျမင့္ဆုံး က်ပ္သိန္းတေသာင္းခြဲဆုကို  ဓ-၃၄၁၆၁၁ နံပါတ္က ဆြတ္ခူးရရွိသြားပါတယ္။

ဒါ့အျပင္ က်ပ္သိန္းတေသာင္းဆုကိုေတာ့ ဎ-၁၁၁၄၁၈ နံပါတ္က ေပါက္သြားၿပီး သိန္း ငါးေထာင္ဆုကို ထ-၂၆၄၃၄၃ နဲ႔ ဖ-၂၈၈၇၅၀ တို႔က ဆြတ္ခူးရရွိသြားပါတယ္။

ဒီကေန႔ ေအာက္တိုဘာ ၁ ရက္ေန႔ မနက္ပိုင္းက ေအာင္ဘာေလ ထီဆုဖြင့္ပြဲ အခမ္းအနားကို  ရန္ကုန္ၿမိဳ႕ ပန္းဆိုးတန္းရွိ ေအာင္ဘာေလသိန္းဆုဌာနခြဲမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

၈ ႀကိမ္ေျမာက္ က်ပ္တေထာင္တန္ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲမွာ (က) အကၡရာမွ (အ) အကၡရာအထိနဲ႔ (ကက) အကၡရာကေန (ကစ) အကၡရာအထိ အလုံးေရ ၃၉ လုံး ထီစာအုပ္စုစုေပါင္း ၃၁၉၀၉၀၂ အုပ္လုံး ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ ေအာင္ဘာေလ သိန္းဆုဌာနခြဲကေန သိရပါတယ္။

ထီလက္မွတ္စာအုပ္ေတြ ေရာင္းရေငြမွာ က်ပ္သိန္းေပါင္း ၃၁၉၀၉  ေက်ာ္ရရွိခဲ့ၿပီး ေရာင္းရေငြရဲ႕ ၆၀ ရာခိုင္ႏႈန္းျဖစ္တဲ့ ေငြက်ပ္သန္းေပါင္း ႏွစ္ေသာင္းနီးပါးကို ထီဆုေငြအျဖစ္ ခြဲေဝ ခ်ီးျမႇင့္ေပးခဲ့ပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013