DVB Logo
Home
မြန်မာသတင်း
မယ်ဆိုင်ကလာသည့် အရေးပေါ်လူနာတင်ကားပေါ်တွင် စိတ်ကြွဆေးပြား ၆ သိန်းဖမ်းမိ
DVB
·
September 30, 2019
မယ်ဆိုင်ကလာသည့် အရေးပေါ်လူနာတင်ကားပေါ်တွင် စိတ်ကြွဆေးပြား ၆ သိန်းဖမ်းမိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့ကနေ ထိုင်းနိုင်ငံအတွင်းပိုင်း ချင်းမိုင်မြို့ကို ဝင်လာတဲ့ အရေးပေါ်လူနာတင်ယာဉ် ၁ စီးပေါ်ကနေ စိတ်ကြွဆေးပြားပေါင်း ၆ သိန်းနီးပါး ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ် ။

စက်တင်ဘာ ၂၉ ရက်က ချင်းရိုင်းခရိုင် မယ်ဆိုင်ဘက်ကနေ ချင်းမိုင်ခရိုင်ကို ဝင်လာတဲ့ အရေးပေါ်လူနာတင်ကား ၁ စီးဟာ လမ်းပေါ်ကစစ်ဆေးရေးဂိတ်တွေကို ရပ်မပေးဘဲ အမြန်မောင်းလာတာ တွေ့လို့ အဆိုပါကားကို စစ်ဆေးဖို့ အမှတ် ၅ တိုင်းဒေသရဲဌာနချုပ်ရုံးက ချင်းမိုင်ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း ချင်းမိုင်မူးယစ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ဝေါ်လဖုန်း ခမ်းလွေးက သတင်းထောက်တွေကို ပြောပါတယ် ။ 

အဆိုပါ အရေးပေါ်လူနာတင်ကားမှာ မယ်ဆိုင်မြို့ဘုန်းကြီးတစ်ပါးလှူဒါန်းတဲ့ ဖောင်ဒေးရှင်းတံဆိပ်ပါ စတစ်ကာကပ်ထားပြီး ချင်းမိုင်မြို့ပေါ်ရောက်တော့ ဟိုဟို ဒီဒီ မောင်းနေခဲ့ကြောင်း ၊ ည ၁၁ နာရီလောက်မှာ ပစ္စည်းလာ ယူမယ့်သူကို စောင့်ဆိုင်းစဉ် ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးပြီး ကားပေါ်တင်ဆောင်လာတဲ့ စိတ်ကြွဆေး အလုံးရေ  ၅၉၂,၀၀၀ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ် ။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းလူမျိုး တရားခံ ၄ ဦးကို ဖမ်းဆီးထားကြောင်း ၊ စစ်ဆေးချက်အရ သူတို့ဟာ အရင်ကလည်း အခုလိုမူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတာ ၆ ကြိမ်ထက်မနည်း ရှိခဲ့ပြီလို့ ဝန်ခံထားပြီး ၄ ဦးထဲမှာ အသက် ၁၇ နှစ်သာရှိသေးတဲ့ လူငယ် ၁ ဦး ပါဝင်လို့ သူ့ကိုတော့ ဆထန်ဖိနစ်လူငယ်ပြုပြင်ရေး ဂေဟာကို ပို့ဆောင်ထားတယ်လို့ ရဲမှူးကြီးက ပြောပါတယ် ။

==============================

မယ္ဆိုင္ကလာသည့္ အေရးေပၚလူနာတင္ကားေပၚတြင္ စိတ္ႂကြေဆးျပား ၆ သိန္းဖမ္းမိ

နန္းျမနဒီ

ထိုင္း-ျမန္မာနယ္စပ္ မယ္ဆိုင္ၿမိဳ႕ကေန ထိုင္းႏိုင္ငံအတြင္းပိုင္း ခ်င္းမိုင္ၿမိဳ႕ကို ဝင္လာတဲ့ အေရးေပၚလူနာတင္ယာဥ္ ၁ စီးေပၚကေန စိတ္ႂကြေဆးျပားေပါင္း ၆ သိန္းနီးပါး ဖမ္းဆီးရမိတယ္လို႔ ထိုင္းရတ္သတင္းမွာ ေဖာ္ျပပါတယ္ ။

စက္တင္ဘာ ၂၉ ရက္က ခ်င္း႐ိုင္းခ႐ိုင္ မယ္ဆိုင္ဘက္ကေန ခ်င္းမိုင္ခ႐ိုင္ကို ဝင္လာတဲ့ အေရးေပၚလူနာတင္ကား ၁ စီးဟာ လမ္းေပၚကစစ္ေဆးေရးဂိတ္ေတြကို ရပ္မေပးဘဲ အျမန္ေမာင္းလာတာ ေတြ႕လို႔ အဆိုပါကားကို စစ္ေဆးဖို႔ အမွတ္ ၅ တိုင္းေဒသရဲဌာနခ်ဳပ္႐ုံးက ခ်င္းမိုင္ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားခဲ့ေၾကာင္း ခ်င္းမိုင္မူးယစ္ရဲတပ္ဖြဲ႕ ရဲမႉးႀကီး ေဝၚလဖုန္း ခမ္းေလြးက သတင္းေထာက္ေတြကို ေျပာပါတယ္ ။

အဆိုပါ အေရးေပၚလူနာတင္ကားမွာ မယ္ဆိုင္ၿမိဳ႕ဘုန္းႀကီးတစ္ပါးလႉဒါန္းတဲ့ ေဖာင္ေဒးရွင္းတံဆိပ္ပါ စတစ္ကာကပ္ထားၿပီး ခ်င္းမိုင္ၿမိဳ႕ေပၚေရာက္ေတာ့ ဟိုဟို ဒီဒီ ေမာင္းေနခဲ့ေၾကာင္း ၊ ည ၁၁ နာရီေလာက္မွာ ပစၥည္းလာ ယူမယ့္သူကို ေစာင့္ဆိုင္းစဥ္ ရဲတပ္ဖြဲ႕ဝင္ေတြက ဝင္ေရာက္စစ္ေဆးၿပီး ကားေပၚတင္ေဆာင္လာတဲ့ စိတ္ႂကြေဆး အလုံးေရ  ၅၉၂,၀၀၀ ဖမ္းဆီးရမိခဲ့တာလို႔ ဆိုပါတယ္ ။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ထိုင္းလူမ်ိဳး တရားခံ ၄ ဦးကို ဖမ္းဆီးထားေၾကာင္း ၊ စစ္ေဆးခ်က္အရ သူတို႔ဟာ အရင္ကလည္း အခုလိုမူးယစ္ေဆးဝါးေတြ သယ္ေဆာင္လာတာ ၆ ႀကိမ္ထက္မနည္း ရွိခဲ့ၿပီလို႔ ဝန္ခံထားၿပီး ၄ ဦးထဲမွာ အသက္ ၁၇ ႏွစ္သာရွိေသးတဲ့ လူငယ္ ၁ ဦး ပါဝင္လို႔ သူ႔ကိုေတာ့ ဆထန္ဖိနစ္လူငယ္ျပဳျပင္ေရး ေဂဟာကို ပို႔ေဆာင္ထားတယ္လို႔ ရဲမႉးႀကီးက ေျပာပါတယ္ ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013