DVB Logo
Home
မြန်မာသတင်း
အရပ်သားများကို တိုက်ခိုက်မှု ရှောင်ရှားရန် တိုက်တွန်းသည့်အဆို ရခိုင်လွှတ်တော် အတည်ပြု
DVB
·
September 30, 2019
အရပ်သားများကို တိုက်ခိုက်မှု ရှောင်ရှားရန် တိုက်တွန်းသည့်အဆို ရခိုင်လွှတ်တော် အတည်ပြု
Donate to DVB

ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ ပစ်ခတ်တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို ရှောင်ရှားပေးဖို့ ပြည်နယ်အစိုးရအနေနဲ့ အစီအမံတွေ ဆောင်ရွက်ပေးရေးအဆိုကို စက်တင်ဘာ ၃၀ ရက် ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ဒီအဆိုကို ပြီးခဲ့တဲ့စက်တင်ဘာ ၂၄ ရက်မှာ ဘူးသီးတောင် မဲဆန္ဒနယ်မြေ အမှတ်၂ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းတင်းသွင်းခဲ့တာဖြစ်ပြီး အဆိုလွှတ်တော်ကိုယ်စားလှယ် ၅ ဦးထောက်ခံ ဆွေးနွေးသွားခဲ့ပါတယ်။

အပြစ်မဲ့အရပ်သားတွေ ထိခိုက်နေတာတွေကို ဥပက္ခာပြုခဲ့မယ်ဆိုရင် လူထုအမုန်းပွားလာစေခြင်းနဲ့ ပြည်တွင်း ပြည်ပ ဖိအားတွေဟာလည်း တိုးပွားများပြားလာမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ထောက်ခံဆွေးနွေးပါတယ်။

ဒီအဆိုနဲ့ ပတ်သက်လို့ ထောက်ခံဆွေးနွေးသူထဲမှာ တိုက်ပွဲတွေကြောင့် မဟုတ်ဘဲ ဘူးသီးတောင် စည်တောင်မှာ အရပ်သားတွေ သတ်ဖြတ်ခံရတာတွေ၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာလိုပစ်ခတ်မှုမှာသေဆုံးခဲ့တာတွေ၊ မင်းပြားမြို့နယ် စပါးထား ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာခိုလှုံနေကြတဲ့သူတွေ သေဆုံးခဲ့တာတွေ၊ ပန်းမြောင်းကျေးရွာမှာ လက်နက်ကြီး ကျသေဆုံးခဲ့တာတွေကို ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမဲ့ အဲ့ဒီအဆိုကိုဆွေးနွေရာမှာတော့ တပ်မတော်သား ကိုယ်စားလှယ်တဦးက ကန့်ကွက်ခဲ့ပါတယ်။ 

ဒီအဆိုဟာ ပြည်ထောင်စုနဲ့ ပတ်သက်တဲ့အတွက် ရခိုင်လွှတ်တော်မှာ မှတ်တမ်းအဖြစ်ထားရှိဖို့ပြည်နယ်အစိုးရကိုယ်စား တပ်မတော် လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးမင်းသန့်တင်ပြပါတယ်။

အဲ့ဒီနောက်မှာတော့ လွှတ်တော်ဥက္ကဋ္ဌက ဒီအဆိုကို တင်သွင်းသူ ဘူးသီးတောင် မဲဆန္ဒနယ်ဦးထွန်းအောင်သိန်းရဲ့ သဘောထားကို မေးမြန်းရာ လွှတ်တော်ရဲ့အဆုံးအဖြတ်ကို ရယူဖို့ပြန်လည်ဖြေကြား ခဲ့ပါတယ်။

ဒီအဆိုကိုလွှတ်တော်မှာ မတ်တတ်ရပ်စနစ်နဲ့ မဲခွဲဆုံးဖြတ်ရာအဆိုကို ထောက်ခံသူ ၁၉ ဦးနဲ့ မှတ်တမ်းတင်ရန်သဘောတူသူ ၁၂ ဦးရှိပြီး ထောက်ခံသူများတဲ့အတွက် အဆိုကို ရခိုပြည်နယ်လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

ဝဏ္ဏခွာညို

~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အရပ္သားမ်ားကို တိုက္ခိုက္မႈ ေရွာင္ရွားရန္ တိုက္တြန္းသည့္အဆို ရခိုင္လႊတ္ေတာ္ အတည္ျပဳ

ရခိုင္ျပည္နယ္ တိုက္ပြဲေတြမွာ ပစ္ခတ္တိုက္ခိုက္ေနၾကတဲ့ အဖြဲ႕အစည္းေတြအေနနဲ႔ အရပ္သားျပည္သူေတြကို ပစ္မွတ္ထား တိုက္ခိုက္ေနတာေတြကို ေရွာင္ရွားေပးဖို႔ ျပည္နယ္အစိုးရအေနနဲ႔ အစီအမံေတြ ေဆာင္႐ြက္ေပးေရးအဆိုကို စက္တင္ဘာ ၃၀ ရက္ ရခိုင္ျပည္နယ္လႊတ္ေတာ္မွာ အတည္ျပဳလိုက္ပါတယ္။

ဒီအဆိုကို ၿပီးခဲ့တဲ့စက္တင္ဘာ ၂၄ ရက္မွာ ဘူးသီးေတာင္ မဲဆႏၵနယ္ေျမ အမွတ္၂ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းေအာင္သိန္းတင္းသြင္းခဲ့တာျဖစ္ၿပီး အဆိုလႊတ္ေတာ္ကိုယ္စားလွယ္ ၅ ဦးေထာက္ခံ ေဆြးေႏြးသြားခဲ့ပါတယ္။

အျပစ္မဲ့အရပ္သားေတြ ထိခိုက္ေနတာေတြကို ဥပကၡာျပဳခဲ့မယ္ဆိုရင္ လူထုအမုန္းပြားလာေစျခင္းနဲ႔ ျပည္တြင္း ျပည္ပ ဖိအားေတြဟာလည္း တိုးပြားမ်ားျပားလာမယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္တဦးက ေထာက္ခံေဆြးေႏြးပါတယ္။

ဒီအဆိုနဲ႔ ပတ္သက္လို႔ ေထာက္ခံေဆြးေႏြးသူထဲမွာ တိုက္ပြဲေတြေၾကာင့္ မဟုတ္ဘဲ ဘူးသီးေတာင္ စည္ေတာင္မွာ အရပ္သားေတြ သတ္ျဖတ္ခံရတာေတြ၊ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းေက်း႐ြာလိုပစ္ခတ္မႈမွာေသဆုံးခဲ့တာေတြ၊ မင္းျပားၿမိဳ႕နယ္ စပါးထား ေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္းမွာခိုလႈံေနၾကတဲ့သူေတြ ေသဆုံးခဲ့တာေတြ၊ ပန္းေျမာင္းေက်း႐ြာမွာ လက္နက္ႀကီး က်ေသဆုံးခဲ့တာေတြကို ေထာက္ျပေဆြးေႏြးခဲ့ၾကပါတယ္။

ဒါေပမယ့္အဲ့ဒီအဆိုကိုေဆြးေႏြရာမွာေတာ့ တပ္မေတာ္သား ကိုယ္စားလွယ္တဦးက ကန႔္ကြက္ခဲ့ပါတယ္။

ဒီအဆိုဟာ ျပည္ေထာင္စုနဲ႔ ပတ္သက္တဲ့အတြက္ ရခိုင္လႊတ္ေတာ္မွာ မွတ္တမ္းအျဖစ္ထားရွိဖို႔ျပည္နယ္အစိုးရကိုယ္စား တပ္မေတာ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ဗိုလ္မႉးႀကီးမင္းသန႔္တင္ျပပါတယ္။

အဲ့ဒီေနာက္မွာေတာ့ လႊတ္ေတာ္ဥကၠ႒က ဒီအဆိုကို တင္သြင္းသူ ဘူးသီးေတာင္ မဲဆႏၵနယ္ဦးထြန္းေအာင္သိန္းရဲ႕ သေဘာထားကို ေမးျမန္းရာ လႊတ္ေတာ္ရဲ႕အဆုံးအျဖတ္ကို ရယူဖို႔ျပန္လည္ေျဖၾကား ခဲ့ပါတယ္။

ဒီအဆိုကိုလႊတ္ေတာ္မွာ မတ္တတ္ရပ္စနစ္နဲ႔ မဲခြဲဆုံးျဖတ္ရာအဆိုကို ေထာက္ခံသူ ၁၉ ဦးနဲ႔ မွတ္တမ္းတင္ရန္သေဘာတူသူ ၁၂ ဦးရွိၿပီး ေထာက္ခံသူမ်ားတဲ့အတြက္ အဆိုကို ရခိုျပည္နယ္လႊတ္ေတာ္မွာ အတည္ျပဳခဲ့ပါတယ္။

ဝဏၰခြာညိဳ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013