DVB Logo
Home
မြန်မာသတင်း
ကျေးရွာလုံခြုံရေး ဆောင်ရွက်စဉ် တပ်ကြပ်ကြီး၏ သေနတ်က ကျည်ထွက်ပြီး ရာအိမ်မှူး သေဆုံး
DVB
·
September 30, 2019
ကျေးရွာလုံခြုံရေး ဆောင်ရွက်စဉ် တပ်ကြပ်ကြီး၏ သေနတ်က ကျည်ထွက်ပြီး ရာအိမ်မှူး သေဆုံး
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က အနောက်ဘက်ကမ်းခြေရွာတရွာဖြစ်တဲ့ ပေါက်လှဂျိုင်ကျေးရွာမှာ စက်တင်ဘာ ၂၉ ရက် ညပိုင်းက လုံခြုံရေး ဆောင်ရွက်နေတုန်း အမှတ် ၅၁ ခြေလျင်တပ်ရင်းက တပ်ကြပ်ကြီးတဦးရဲ့သေနတ်က မတော်တဆကျည်ထွက်ပြီး ကျေးရွာရာအိမ်မှူး သေဆုံးခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

တပ်ကြပ်မြင့်ဦးဟာ ပေါက်လှဂျိုင်ရွာက အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့အတူ လုံခြုံရေး ဆောင်ရွက်နေတုန်း သေနတ်ကို မောင်းတင်ထားရာကနေ ည ၉ နာရီလောက်မှာ ‌မောင်းပြန်ဖြုတ်ရင်း ကျည်ထွက်သွားတဲ့အတွက် ကျေးရွာ ရာအိမ်မှူး ဦးခင်အောင်ရဲ့ ပေါင်ကိုထိမှန်ခဲ့ပြီး ဆေးရုံပို့ဆောင်ရာမှာ သွေးလွန်ပြီး သေဆုံးခဲ့တာလို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှုးကြီးထွန်းရွှေက ပြောပါတယ်။

“ပူးပေါင်းအဖွဲ့နဲ့ လုံခြုံရေးဆောင်ရွက်ရင်း မတော်တဆ ကျည်ထွက်ပြီး ပေါင်ကို ထိတာကနေ သွေးလွန်ပြီး သေဆုံးတာပါ။ ကျေးရွာ ရာအိမ်မှူး သေဆုံးတာပါ။ အရပ်ဘက်မှာ ဖြစ်တာဆိုတော့ ရွှေသောင်ယံရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။”

အခင်းဖြစ်တဲ့ညက ပေါက်လှဂျိုင်ကျေးရွာအနီး ဘင်္ဂါလီ သတင်းအရ တပ်ကြပ်မြင့်ဦးနဲ့ ဒုတပ်ကြပ်တဦးဟာ ကျေးရွာတာဝန်ရှိသူ ၉ ဦးနဲ့ လုံခြုံရေးဆောင်ရွက်ဖို့ ကမ်းခြေဘက်ကို ဆင်းခဲ့ပြီး သေနတ်ကို မောင်းတင် အသင့်ပြင်ထားကာ ရင်ဘတ်ထဲပိုက်ပြီး ထိုင်နေခဲ့ကြောင်း လုံခြုံရေးစိတ်ချရချိန် မောင်းပြန်ဖြုတ်တာမှာ ကျည်ထွက်ခဲ့တာ ဖြစ်တယ်လို့ သေဆုံးသူရဲ့တူဖြစ်သူ ဦးမျိုးမြင့်ဆန်းက ပြောပါတယ်။

သေနတ်ကျည်ထွက်ပြီး လူသေဆုံးစေခဲ့တဲ့အတွက် တပ်ကြပ်မြင့်ဦးကိုတော့ ရွှေသောင်ယံနယ်မြေရဲစခန်းက (ပ) ၂၃/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-ကနဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

မြမင်းဦး(ပုသိမ်)

~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေက်း႐ြာလုံၿခဳံေရး ေဆာင္႐ြက္စဥ္ တပ္ၾကပ္ႀကီး၏ ေသနတ္က က်ည္ထြက္ၿပီး ရာအိမ္မႉး ေသဆုံး

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕နယ္က အေနာက္ဘက္ကမ္းေျခ႐ြာတ႐ြာျဖစ္တဲ့ ေပါက္လွဂ်ိဳင္ေက်း႐ြာမွာ စက္တင္ဘာ ၂၉ ရက္ ညပိုင္းက လုံၿခဳံေရး ေဆာင္႐ြက္ေနတုန္း အမွတ္ ၅၁ ေျခလ်င္တပ္ရင္းက တပ္ၾကပ္ႀကီးတဦးရဲ႕ေသနတ္က မေတာ္တဆက်ည္ထြက္ၿပီး ေက်း႐ြာရာအိမ္မႉး ေသဆုံးခဲ့တယ္လို႔ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးကေန သိရပါတယ္။

တပ္ၾကပ္ျမင့္ဦးဟာ ေပါက္လွဂ်ိဳင္႐ြာက အုပ္ခ်ဳပ္ေရးတာဝန္ရွိသူေတြ ပါဝင္တဲ့ ပူးေပါင္းအဖြဲ႕နဲ႔အတူ လုံၿခဳံေရး ေဆာင္႐ြက္ေနတုန္း ေသနတ္ကို ေမာင္းတင္ထားရာကေန ည ၉ နာရီေလာက္မွာ ‌ေမာင္းျပန္ျဖဳတ္ရင္း က်ည္ထြက္သြားတဲ့အတြက္ ေက်း႐ြာ ရာအိမ္မႉး ဦးခင္ေအာင္ရဲ႕ ေပါင္ကိုထိမွန္ခဲ့ၿပီး ေဆး႐ုံပို႔ေဆာင္ရာမွာ ေသြးလြန္ၿပီး ေသဆုံးခဲ့တာလို႔ ဧရာဝတီတိုင္း ရဲတပ္ဖြဲ႕မႉး႐ုံးက ဒုရဲမႈးႀကီးထြန္းေ႐ႊက ေျပာပါတယ္။

“ပူးေပါင္းအဖြဲ႕နဲ႔ လုံၿခဳံေရးေဆာင္႐ြက္ရင္း မေတာ္တဆ က်ည္ထြက္ၿပီး ေပါင္ကို ထိတာကေန ေသြးလြန္ၿပီး ေသဆုံးတာပါ။ ေက်း႐ြာ ရာအိမ္မႉး ေသဆုံးတာပါ။ အရပ္ဘက္မွာ ျဖစ္တာဆိုေတာ့ ေ႐ႊေသာင္ယံရဲစခန္းမွာ အမႈဖြင့္ထားပါတယ္။”

အခင္းျဖစ္တဲ့ညက ေပါက္လွဂ်ိဳင္ေက်း႐ြာအနီး ဘဂၤါလီ သတင္းအရ တပ္ၾကပ္ျမင့္ဦးနဲ႔ ဒုတပ္ၾကပ္တဦးဟာ ေက်း႐ြာတာဝန္ရွိသူ ၉ ဦးနဲ႔ လုံၿခဳံေရးေဆာင္႐ြက္ဖို႔ ကမ္းေျခဘက္ကို ဆင္းခဲ့ၿပီး ေသနတ္ကို ေမာင္းတင္ အသင့္ျပင္ထားကာ ရင္ဘတ္ထဲပိုက္ၿပီး ထိုင္ေနခဲ့ေၾကာင္း လုံၿခဳံေရးစိတ္ခ်ရခ်ိန္ ေမာင္းျပန္ျဖဳတ္တာမွာ က်ည္ထြက္ခဲ့တာ ျဖစ္တယ္လို႔ ေသဆုံးသူရဲ႕တူျဖစ္သူ ဦးမ်ိဳးျမင့္ဆန္းက ေျပာပါတယ္။

ေသနတ္က်ည္ထြက္ၿပီး လူေသဆုံးေစခဲ့တဲ့အတြက္ တပ္ၾကပ္ျမင့္ဦးကိုေတာ့ ေ႐ႊေသာင္ယံနယ္ေျမရဲစခန္းက (ပ) ၂၃/၂၀၁၉ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-ကနဲ႔ အမႈဖြင့္ စစ္ေဆးေနပါတယ္။

ျမမင္းဦး(ပုသိမ္)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013