DVB Logo
Home
မြန်မာသတင်း
ထွက်ထွက်ချင်း ရောင်းမလောက်ဖြစ်ခဲ့ရသည့် ဖြိုးမြတ်အောင် တေးအယ်လ်ဘမ်သစ်
DVB
·
September 30, 2019
ထွက်ထွက်ချင်း ရောင်းမလောက်ဖြစ်ခဲ့ရသည့် ဖြိုးမြတ်အောင် တေးအယ်လ်ဘမ်သစ်
Donate to DVB
မြန်မာအိုင်ဒေါဆုရှင် ဖြိုးမြတ်အောင်ရဲ့ ပထမဆုံး တကိုယ်တော် တေးအယ်လ်ဘမ်ဟာ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ ရောင်းကုန်သွားခဲ့ပါတယ်။
“သင့်အတွက် မနက်ဖြန်”လို့ အမည်ပေးထားတဲ့ ဒီတေးအယ်လ်ဘမ်သစ် မိတ်ဆက်ပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ City Mall မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖြိုးမြတ်အောင်ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေ များစွာတက်ရောက်ခဲ့ကြတာပါ။
Myanmar Idol ဖိုင်နယ်ညမှာ သီဆိုယှဉ်ပြိုင်ခဲ့တဲ့ “သင့်အတွက် မနက်ဖြန်” သီချင်း နာမည်နဲ့ ထွက်ရှိလာတဲ့ ဒီတေးအယ်လ်ဘမ်ဟာ လက်ရှိမှာတော့ ဝယ်ယူလို့မရတော့ဘဲ နောက်တပတ်လောက်မှသာ ရနိုင်တော့မှာ ဖြစ်တယ်လို့ ဖြိုးမြတ်အောင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှတဆင့် ပရိသတ်တွေကို အသိပေး တောင်းပန်ခဲ့တာပါ။
“လက်ရှိ ကျနော်တို့ဆီမှာရော ရုံးမှာရော ခွေတွေ ကုန်သွားတဲ့အတွက် မရလိုက်တဲ့ သူတွေအတွက် တောင်းပန်ပါတယ်။ တပတ်လောက် စောင့်ပေးပါခင်ဗျ။ လက်ရှိရနိုင်တဲ့ နေရာများကို Post တင်ပေးထားပါတယ်ခင်ဗျ။ အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်။ ဒီလောက် ရောင်းရမယ်လို့ ထင်မထားမိလို့ပါဗျ။ တောင်းပန်ပါတယ်ခင်ဗျ။ ခုလို အားပေးတဲ့ မိသားစုအတွက် ကျနော် အရမ်းကျေးဇူးတင်ပါတယ်။ ဒီထက် ပိုပြီး ကြိုးစားပါ့မယ်။ အားလုံးကို ချစ်တယ်”
ဟင်္သာတမြို့ဇာတိ ဖြိုးမြတ်အောင်ဟာ ပြီးခဲ့တဲ့နှစ် Myanmar Idol Season 3 မှာ Winner ဆုကို ရရှိခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ သီချင်းဆိုတာအပြင် စီးပွားရေးကြော်ငြာ ရိုက်ကူးတာတွေ၊ သိပ်မကြာခင်မှာလည်း သရုပ်ဆောင်မင်းသမီး သင်ဇာဝင့်ကျော်နဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေ ပြုလုပ်ဖို့ ရှိနေတာပါ။
Myanmar Idol ပြိုင်ပွဲတလျှောက် အားပေးမှုတွေ အခိုင်အမာရရှိထားတဲ့ ဖြိုးမြတ်အောင်ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ အားပေးကြတဲ့ ပရိသတ် (Followers) ၅ သိန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~
Zawgyi_version
ထြက္ထြက္ခ်င်း ရောင်းမေလာက်ျဖစ္ခဲ့ရသည့် ဖြိုျးမတ်အောင် တေးအယ္လ္ဘမ်သစ်
ျမန္မာအိုင်ဒေါဆုရွင် ဖြိုျးမတ်အောင်ရဲ့ ပထမဆုံး တကိုယ်တော် တေးအယ္လ္ဘမ်ဟာ ထြက်ရွိပြီး နာရီပိုင်းအတြင်းမွာပဲ ရောင်းကုန်သြားခဲ့ပါတယ်။
“သင့်အတြက် မနက်ျဖန်”လို့ အမည်ပေးထားတဲ့ ဒီတေးအယ္လ္ဘမ်သစ် မိတ္ဆက္ပြဲကို စက္တင္ဘာလ ၂၉ ရက်နေ့က ရန္ကုန်မြို့၊ City Mall မျွာပုလုပ္ခဲ့တျာဖစ်ပြီး ဖြိုျးမတ်အောင္ကို ခ်စ္ခင်ကြတဲ့ ပရိသတ်တြေ မ်ားစြာတက်ရောက္ခဲ့ကြတာပါ။
Myanmar Idol ဖိုင္နယ်ညမွာ သီဆိုယွဉ်ပြိုင္ခဲ့တဲ့ “သင့်အတြက် မနက်ျဖန်” သီခ်င်း နာမည္နဲ့ ထြက်ရွိလာတဲ့ ဒီတေးအယ္လ္ဘမ်ဟာ လက်ရွိမွာတော့ ဝယ်ယူလို့မရေတာ့ဘဲ နောက္တပတ်လောက္မွသာ ရနိုင်တော့မျွာဖစ္တယ္လို့ ဖြိုျးမတ်အောင္က သူ့ရဲ့ ဖေ့စ္ဘြတ္ခ် လူမှုကြန်ရက်ပေါ်မွတဆင့် ပရိသတ်တြေကို အသိပေး တောင်းပန္ခဲ့တာပါ။
ဟင်္သာတမြို့ဇာတိ ဖြိုျးမတ်အောင်ဟာ ပြီးခဲ့တဲ့နွစ် Myanmar Idol Season 3 မွာ Winner ဆုကို ရရွိခဲ့တျာဖစ်ပြီး လတ္တေလာမွာတော့ သီခ်င်းဆိုတာအျပင် စီးပြားရေးကြော်ျငာ ရိုက္ကူးတာတြေ၊ သိပ္မကြာခင္မွာလည်း သရုပ်ဆောင္မင်းသမီး သင္ဇာဝင့်ကေ်္နာဲ့ ရုပ်ရွင်ရိုက္ကူးမှုတျြေပုလုပ္ဖို့ ရွိနေတာပါ။
Myanmar Idol ပြိုင္ပြဲတေလွ်ာက် အားပေးမှုတြေ အခိုင်အမာရရွိထားတဲ့ ဖြိုျးမတ်အောင်ရဲ့ ဖေ့စ္ဘြတ္ခ် အင္တာနက် လူမှုကြန်ရက္စာမ်က္နွာပေါ်မွာတော့ အားပေးကြတဲ့ ပရိသတ် (Followers) ၅ သိန်းခြဲကော်် ရွိနေခဲ့ပျြီဖစ္ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo
About Us
For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2013