DVB Logo
Home
မြန်မာသတင်း
ဆယ်ကျော်သက်အဆိုတော် မေလသံစဉ်တေးအယ်လ်ဘမ်သစ် (ရုပ်သံ)
DVB
·
July 16, 2020
ဆယ်ကျော်သက်အဆိုတော် မေလသံစဉ်တေးအယ်လ်ဘမ်သစ် (ရုပ်သံ)
Donate to DVB

       ပရိသတ်အချစ်တော် ဆယ်ကျော်သက် အဆိုတော်ကောင်မလေး မေလသံစဉ်ရဲ့ တေးအယ်လ်ဘမ်သစ်တချပ် ထွက်ရှိလာခဲ့ပြီး လတ်တလော ပရိသတ်တွေကြား ရေပန်း စားနေခဲ့ပါတယ်။

       “ပြန်လည်ဆန်းသစ်နှောင်းတစ်ခေတ်”လို့ အမည်ပေးထားတဲ့ ဒီတေးအယ်လ်ဘမ် ကတော့ မြန်မာသံစဉ်တေးသီချင်းဟောင်းတွေကို မေလသံစဉ်ရဲ့ ပြန်လည်ဆန်းသစ်သီဆို မှုနဲ့အတူ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

       ဒီတေးအယ်လ်ဘမ်ထဲမှာတော့ နာမည်ကျော် သီချင်းဟောင်း၊ သီချင်းကောင်းတွေ ဖြစ်တဲ့ ကျောင်းပိတ်ရက်၊ ရုန်းတော်လွှတ်တော်၊ လဲ့လဲ့ဝင်း၊ ချစ်၍ခေါ်ရာ၊ ရွှေမိုးညို၊ မြင်း လှည်းလေးနဲ့ခေါ်၊ မြတ်လေးငုံ၊ တစ်လိမ်နှစ်လိမ်၊ မြပန်းခွေစတဲ့ သီချင်း ၉ ပုဒ်ပါဝင်ပြီး စုံတွဲအဆိုရှင်တွေအနေနဲ့ နာမည်ကြီး လူငယ်တေးသံရှင်တွေဖြစ်ကြတဲ့ ဖြိုးပြည့်စုံ၊ ဇွဲပြည့်၊ အုပ် စိုးခန့်၊ နေမင်းအိမ်တို့က ပါဝင်အားဖြည့်ပေးထားကြတာ ဖြစ်ပါတယ်။

       ကာဗာသီချင်းတွေကို သီဆိုရင်း အင်တာနက်စာမျက်နှာတွေပေါ်မှတဆင့် ပရိ သတ်တွေ ရင်ထဲရောက်ရှိလာခဲ့တဲ့ မေလသံစဉ်ဟာ ငယ်ငယ်ကတည်းက ဂီတကို ဝါသနာ ပါခဲ့ပြီး စန္ဒရား၊ ဂစ်တာစတဲ့ တူရိယာတွေကို ကိုယ်တိုင်တီးခတ်ပြီး ဖျော်ဖြေလေ့ရှိသလို သီချင်းတွေကို ရေးဖွဲ့နိုင်တဲ့ တေးရေးတယောက်လည်း ဖြစ်ပါတယ်။

       ချစ်စဖွယ်သွင်ပြင်နဲ့ မူဟန်ပိုပို သရုပ်ဆောင်နိုင်တဲ့ မေလသံစဉ်ဟာ မြန်မာ့ရုပ်ရှင် ရာပြည့်ပွဲအတွက် ရွှေကြိုမောင်မယ်ပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး Grand Final အဆင့်ထိ တက် ရောက်ခွင့်ရခဲ့ပေမယ့် အဘိုးဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

       သူ့ရဲ့ ပထမဆုံး တကိုယ်တော် တေးအယ်လ်ဘမ်ဖြစ်တဲ့ Celebrity တေးအယ်လ် ဘမ်၊ သီချင်း ၂ ပုဒ်ပါ လူကြီးကိုရစ်ခွင့်ပေးပါစတဲ့ တေးအယ်လ်ဘမ်တွေအပြင် တကိုယ် တော် ဆင်ဂယ်လ် သီချင်းတွေဖြစ်တဲ့ နတ်သားပုံပြင်၊ ကိုယ်ချင်းစာ စတဲ့ သီချင်းတွေဟာ လည်း ထင်ရှားပါတယ်။

       ခုနောက်ဆုံးထွက်ရှိထားတဲ့ “ပြန်လည်ဆန်းသစ်နှောင်းတစ်ခေတ်” တေးအယ်လ် ဘမ်ထဲက သီချင်းတွေကိုတော့ အင်တာနက်ဂီတပလက်ဖောင်းတွေဖြစ်တဲ့ Myanmar Music Store ၊ Legacy ၊ Joox နဲ့ မေလသံစဉ်ရဲ့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်ကတဆင့်လည်း ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

https://www.facebook.com/LegacyMusicYangon/videos/760464521432081/

Youtube ပေါ်မှ နားဆင်နိုင်မည့် လင့်ခ်များ

ကျောင်းပိတ်ရက်

https://youtu.be/cgyfdOlJaUU?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB

  ရုန်းတော်လွှတ်တော်

https://youtu.be/FiY_HYlpW2E?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB

 လဲ့လဲ့ဝင်း

https://youtu.be/xxDCrGe4IZc?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB

 ချစ်၍ခေါ်ရာ

https://youtu.be/RNJ8TnKSWnQ?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB

ရွှေမိုးညို

https://youtu.be/cbtkaDEVMgQ?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB

 မြင်း လှည်းလေးနဲ့ခေါ်

https://youtu.be/I9uDm7GCogw?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB

မြတ်လေးငုံ

https://youtu.be/r13rroSojBw?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB

တစ်လိမ်နှစ်လိမ်

https://youtu.be/B4wBo9miXhg?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB

မြပန်းခွေ

https://youtu.be/Yryed0UeV4w?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB

https://www.facebook.com/LegacyMusicYangon/videos/760464521432081/

https://www.youtube.com/playlist?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB&fbclid=IwAR1cl8A2dK2LC8VQ2L3E3o98SMCm8XnxOfcsnNBDyywHNKqS_V5YCd_oOvc

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013