
နာမည်ကြီး ကေပေါ့ပ်ဂီတအဖွဲ့ BTS ဟာ မတ် ၂၀ ရက်မှာ အယ်လ်ဘမ်အသစ် ထွက်ခဲ့ပါတယ်။ ဒါဟာ ၃ နှစ်တာအတွင်း ပထမဆုံးထွက်တဲ့ အယ်လ်ဘမ်လည်း ဖြစ်ပါတယ်။
BTS ဟာ သူတို့အဖွဲ့ရဲ့ ဂီတဖျော်ဖြေပွဲမတိုင်မီ ၁ ရက်မှာ အယ်လ်ဘမ်သစ် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ARIRANG လို့ အမည်ပေးထားတဲ့ အယ်လ်ဘမ်ဟာ ကိုရီးယားရိုးရာသီချင်းနာမည် ပေးထားတာပါ။ ဒီအယ်လ်ဘမ်မှာ သီချင်း ၁၄ ပုဒ် ပါဝင်ပြီး SWIM သီချင်းက အဓိကသီချင်းလို့ ဆိုပါတယ်။
တခြားသီချင်းတွေကို Diplo, Ryan Tedder, Mike Will Made-it တို့နဲ့ ပူးပေါင်းဖန်တီး ထားတယ်လို့ တီးဝိုင်းအေဂျင်စီ BIGHIT MUSIC က ပြောပါတယ်။
BTS အဖွဲ့ဝင် ၇ ယောက်လုံးဟာ တောင်ကိုရီးယားနိုင်ငံမှာ စစ်မှုထမ်းခဲ့တာကြောင့် ၂၀၂၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအယ်လ်ဘမ်သစ်နဲ့အတူ ပရိသတ်ဆီ ပြန်လာတာပဲ ဖြစ်ပါတယ်။
ဧပြီ ၉ ရက်မှာ BTS world tour ARIRANG ကို စတင်မှာဖြစ်ကာ အာရှ၊ မြောက်အမေရိက၊ ဥရောပ၊ လက်တင်အမေရိကနဲ့ ဩစတြေးလျနိုင်ငံတို့ရှိ မြို့ပေါင်း ၃၃ မြို့နယ်မှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်။
BTS က အွန်လိုင်းစတင်ထားတဲ့ SWIM သီချင်းဟာ Youtube မှာ ၂ နာရီအတွင်း ကြည့်ရှုသူ ၈ ဒသမ ၂ သန်းရှိတာ တွေ့ရပါတယ်။
Source: Reuters










