DVB Logo
Home
မြန်မာသတင်း
ပရိသတ်ရွေးချယ်သည့် JOOX 2020 Half Year Award ဖြိုးမြတ်အောင်၊ ချမ်းမြေ့မောင်ချိုနှင့် Ar-T တို့ ဆု ၂ ဆုစီရရှိ
DVB
·
August 18, 2020
ပရိသတ်ရွေးချယ်သည့် JOOX 2020 Half Year Award ဖြိုးမြတ်အောင်၊ ချမ်းမြေ့မောင်ချိုနှင့် Ar-T တို့ ဆု ၂ ဆုစီရရှိ
1 / 2
Donate to DVB

       အွန်လိုင်းဂီတပလက်ဖောင်းတခုဖြစ်တဲ့ Joox Myanmar မှာ ပရိသတ်တွေ မဲပေး ရွေးချယ်တဲ့ JOOX 2020 Half Year Award ဆုမှာ အဆိုတော် ဖြိုးမြတ်အောင်၊ ချမ်းမြေ့ မောင်ချိုနဲ့ Ar-T တို့က ရေပန်းစားသီချင်းနဲ့ အနုပညာရှင်ဆု ၂ ခုလုံးမှာ ပါဝင်ရွေးချယ်ခံခဲ့ ရပါတယ်။

      ၂၀၂၀ ပြည့်နှစ် နှစ်ဝက်ကာလအတွင်း ရေပန်းစားခဲ့တဲ့ အနုပညာရှင်တွေနဲ့ သီချင်းတွေကို ရွေးချယ်ပေးအပ်မယ့် ဒီဆုအတွက်ကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ပရိသတ်တွေကို မဲပေးရွေးချယ်စေခဲ့တာ ဖြစ်ပါတယ်။

       လက်ရှိမှာတော့ နှစ်ဝက်ကာလ ရေပန်းအစားဆုံး အနုပညာရှင် ၅ ယောက်အဖြစ် ဖြိုးမြတ်အောင်၊ ချမ်းမြေ့မောင်ချို၊ Ar-T တို့နဲ့အတူ ဘင်ဂျမင်ဆုန်း၊ စိုင်းစိုင်းခမ်းလှိုင်တို့ကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရေပန်းအစားဆုံးသီချင်း ၅ ပုဒ်ဆုမှာတော့ ဖြိုးမြတ်အောင်ရဲ့ ဒုတိယဘုရားသခင်၊ ချမ်းမြေ့မောင်ချိုရဲ့ Loser ၊ Ar-T ရဲ့ အိပ်မက်လေးသီချင်းတွေနဲ့အတူ  ဖြူဖြူကျော်သိန်းရဲ့ ထွက်သွားပါတော့၊ အိမ့်ချစ်ရဲ့ နည်းနည်းလေးချစ်ပေးပါ သီချင်းတွေကို ပရိသတ်တွေက ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုရွေးချယ်ခံရတဲ့ အနုပညာရှင်၊ သီချင်းတွေအနေနဲ့ ၂၀၂၀ ပြည့်နှစ် တနှစ်တာအ တွက် ရွေးချယ်ချီးမြှင့်မယ့် JOOX Myanmar Music Award 2020 ဆုရဲ့ ဆန်ကာတင် Nominee List ထဲမှာ ပါဝင်ခွင့်ရမှာဖြစ်တယ်လို့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဖော်ပြထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ် တနှစ်တာ Joox 2019 Top Ten Artists of The Year Awards ဆုတွေကိုတော့ ဂီတအနုပညာရှင်တွေဖြစ်ကြတဲ့ Big Bag ၊ စိုင်းစိုင်းခမ်းလှိုင်၊ ရွှေထူး၊ နီနီခင်ဇော်၊ Ar-T ဝိုင်းစုခိုင်သိန်း၊ ဘန်နီဖြိုး၊ X-Box ၊ အိုင်ရင်းဇင်မာမြင့်နဲ့ Eternal Gosh တေးဂီတအဖွဲ့တွေက အသီးသီး ဆွတ်ခူးရရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013