DVB Logo
Home
မြန်မာသတင်း
စပါးကြီးမြွေ ဖမ်းလာသူများကို အမှုဖွင့်ရန် သစ်တောဌာနက စုံစမ်းနေ
DVB
·
September 30, 2019
စပါးကြီးမြွေ ဖမ်းလာသူများကို အမှုဖွင့်ရန် သစ်တောဌာနက စုံစမ်းနေ
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လိပ်ကြည်ကျေးရွာမှာ စက်တင်ဘာ ၂၉ ရက်က အကောင်တကောင်ကို မျိုထားတဲ့ စပါးကြီးမြွေကြီးတကောင်ကို တောထဲကနေ ဖမ်းဆီးလာသူတွေကို သစ်တောဥပဒေအရ အရေးယူနိုင်ဖို့ လိုက်လံစုံစမ်းနေတယ်လို့ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနက သိရပါတယ်။

တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာန ဝန်ထမ်းတဦးက “ကျေးရွာကို သွားရောက်စုံစမ်းတော့ မြွေဖမ်းတဲ့သူတွေက ကျေးရွာသားတွေ မဟုတ်ဘူး။ တခြားက လာတာလို့ ပြောတဲ့အတွက် စုံစမ်းနေတုန်းပဲ။ ခုချိန်မှာတော့ ဘာမှလုပ်လို့ မရသေးဘူး”လို့ ပြောပါတယ်။

အဆိုပါ စပါးကြီးမြွေဟာ အရှည် ၁၈ ပေလောက်ရှိပြီး ဗိုက်ကို ခွဲကြည့်ရာမှာတော့ ဦးချို လေးလက်မခန့်ရှိပြီး အလေးချိန် ၁၀ ပိဿာကျော်ရှိတဲ့ ဂျီအထီးတကောင်ကို မျိုထားတာ တွေ့ရှိတယ်လို့  ရွာသားတွေထံက သိရပါတယ်။

စပါးကြီးမြွေတွေဟာ သဘာဝတောရိုင်းတိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေး စာရင်းမှာ ပါဝင်တဲ့ သတ္တဝါတမျိုးဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ဖမ်းဆီး သတ်ဖြတ်တာတွေ ပြုလုပ်ပါက သဘာဝတောရိုင်းတိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၃၉ အရ ထောင်ဒဏ် ၇ နှစ်အထိချ မှတ်နိုင်ပါတယ်။

အစိုးရပိုင် Myanmar Digital News မှာတော့ ဖက်ခူးဖို့သွားနေတဲ့ ရွာသားတွေက စပါးကြီးမြွေကို တွေ့လို့ လူကို ရန်ပြုမှာစိုးတာကြောင့် ခေါင်းကို ဓားနဲ့ခုတ်ပြီး ရွာကို သယ်လာတယ်လို့  ဖော်ပြထားပါတယ်။

မေသွယ်

~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

စပါးႀကီးေႁမြ ဖမ္းလာသူမ်ားကို အမႈဖြင့္ရန္ သစ္ေတာဌာနက စုံစမ္းေန

ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္၊ လိပ္ၾကည္ေက်း႐ြာမွာ စက္တင္ဘာ ၂၉ ရက္က အေကာင္တေကာင္ကို မ်ိဳထားတဲ့ စပါးႀကီးေႁမြႀကီးတေကာင္ကို ေတာထဲကေန ဖမ္းဆီးလာသူေတြကို သစ္ေတာဥပေဒအရ အေရးယူႏိုင္ဖို႔ လိုက္လံစုံစမ္းေနတယ္လို႔ တိုက္ႀကီးၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနက သိရပါတယ္။

တိုက္ႀကီးၿမိဳ႕နယ္ သစ္ေတာဦးစီးဌာန ဝန္ထမ္းတဦးက “ေက်း႐ြာကို သြားေရာက္စုံစမ္းေတာ့ ေႁမြဖမ္းတဲ့သူေတြက ေက်း႐ြာသားေတြ မဟုတ္ဘူး။ တျခားက လာတာလို႔ ေျပာတဲ့အတြက္ စုံစမ္းေနတုန္းပဲ။ ခုခ်ိန္မွာေတာ့ ဘာမွလုပ္လို႔ မရေသးဘူး”လို႔ ေျပာပါတယ္။

အဆိုပါ စပါးႀကီးေႁမြဟာ အရွည္ ၁၈ ေပေလာက္ရွိၿပီး ဗိုက္ကို ခြဲၾကည့္ရာမွာေတာ့ ဦးခ်ိဳ ေလးလက္မခန႔္ရွိၿပီး အေလးခ်ိန္ ၁၀ ပိႆာေက်ာ္ရွိတဲ့ ဂ်ီအထီးတေကာင္ကို မ်ိဳထားတာ ေတြ႕ရွိတယ္လို႔  ႐ြာသားေတြထံက သိရပါတယ္။

စပါးႀကီးေႁမြေတြဟာ သဘာဝေတာ႐ိုင္းတိရစာၦန္မ်ား ကာကြယ္ထိန္းသိမ္း ေစာင့္ေရွာက္ေရး စာရင္းမွာ ပါဝင္တဲ့ သတၱဝါတမ်ိဳးျဖစ္ၿပီး ခြင့္ျပဳခ်က္မရွိဘဲ ဖမ္းဆီး သတ္ျဖတ္တာေတြ ျပဳလုပ္ပါက သဘာဝေတာ႐ိုင္းတိရစာၦန္မ်ား ကာကြယ္ထိန္းသိမ္း ေစာင့္ေရွာက္ေရးဥပေဒ ပုဒ္မ ၃၉ အရ ေထာင္ဒဏ္ ၇ ႏွစ္အထိခ် မွတ္ႏိုင္ပါတယ္။

အစိုးရပိုင္ Myanmar Digital News မွာေတာ့ ဖက္ခူးဖို႔သြားေနတဲ့ ႐ြာသားေတြက စပါးႀကီးေႁမြကို ေတြ႕လို႔ လူကို ရန္ျပဳမွာစိုးတာေၾကာင့္ ေခါင္းကို ဓားနဲ႔ခုတ္ၿပီး ႐ြာကို သယ္လာတယ္လို႔  ေဖာ္ျပထားပါတယ္။

ေမသြယ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013