DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် အင်တာနက် ချက်ချင်းပြန်ဖွင့်ပေးရန် တောင်းဆို
DVB
·
September 30, 2019
ရခိုင်ပြည်နယ်တွင် အင်တာနက် ချက်ချင်းပြန်ဖွင့်ပေးရန် တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖုန်းအင်တာနက် ဖြတ်တောက်ထားတာကို ချက်ချင်း ရပ်ဆိုင်းဖို့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက အစိုးရကို ဆော်သြတောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က မြို့ ၈ မြို့နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့တို့မှာ လက်ကိုင်ဖုန်းကနေ အင်တာနက်သုံးစွဲခွင့်ကို အစိုးရက ဖြတ်တောက်လိုက်တာပါ။

ဒီထဲက ၅ မြို့မှာ ပြန်ဖွင့်ပေးခဲ့ပေမယ့် ကျန်မြို့တွေမှာ ဆက်ပိတ်ထားတာဟာ အခုဆိုရင် ရက်ပေါင်း ၁၀၁ ရက်ရှိပြီဆိုတာ ကုလသမဂ္ဂအနေနဲ့ သတိပြုမိပြီး မြန်မာနိုင်ငံမှာ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်တဲ့ စွမ်းဆောင်ရည်မှာ လက်ကိုင်ဖုန်းနဲ့ အင်တာနက် သုံးနိုင်တဲ့ ဝန်ဆောင်မှုတွေကို အားကိုးအားထားနေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အင်တာနက် ဝန်ဆောင်မှုကို ပိတ်ပင်တာဟာ ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေကို အဟန့်အတား အများကြီးဖြစ်စေပြီး ထိခိုက်သူတွေအပါအဝင် ကွင်းဆင်း လုပ်ငန်း ဆောင်ရွက်နေသူတွေနဲ့ ဆက်သွယ်ပြောဆိုရာမှာ အခက်အခဲနဲ့ ရှုပ်ထွေးတာတွေ ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

အဲဒီဒေသတွေက ပြည်သူလူထုဟာ ဆက်ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ လူသားချင်း စာနာရေး သွားရောက်ဆောင်ရွက်နိုင်မှုဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ခံစားရတဲ့အပြင် အင်တာနက် ပိတ်ပင်ထားတာကြောင့် နေ့စဉ်လူမှုဘဝမှာ ထပ်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

အင်တာနက်ကို ပိတ်ပင်တာဟာ မြန်မာနိုင်ငံအစိုးရက လက်မှတ်ရေးထိုးထားတဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင်ဆိုင်ရာ မူတွေ၊ တန်ဖိုးတွေနဲ့လည်း ဆန့်ကျင်ပြီး စားနပ်ရိက္ခာ၊ ပညာသင်ကြားရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ သတင်းအချက်အလက် ရရှိရေးဆိုင်ရာ အခြေခံအခွင့်အရေးတွေကိုလည်း ဆက်ပြီး ထိခိုက်စေမယ့် အလားအလာရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ အင်တာနက် ပိတ်ထားတဲ့ နယ်မြေဒေသတွေမှာ ချက်ချင်း ပြန်ဖွင့်ပေးဖို့နဲ့ နိုင်ငံတကာလူသားချင်းစာနာရေး ဥပဒေပါ နိုင်ငံတော်က ဆောင်ရွက်ရမယ့် တာဝန်တွေနဲ့အညီ လူသားချင်း စာနာရေး အဖွဲ့အစည်းတွေ အဟန့်အတားမရှိ သွားရောက်နိုင်စေရေး ကူညီပံ့ပိုး ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဖုန်းကနေသုံးတဲ့ အင်တာနက်လိုင်းတွေကို မြန်မာအစိုးရက ဖြတ်တောက်လိုက်တာဟာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေ စောင့်ကြည့်ရာမှာ စိုးရိမ်စရာကောင်းတဲ့ ရိုက်ခတ်မှုတွေ ရှိနိုင်တယ်လို့   ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီကလည်း ပြောဆိုထားသလို အင်တာနက် ပြန်ဖွင့်ပေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကလည်း တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ကလည်း အင်တာနက် ပြန်ဖွင့်ပေးဖို့ အဆိုကို အတည်ပြုထားပါတယ်။

သြဂုတ် ၃၁ ရက် ည ၁၂ နာရီကစလို့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ အင်တာနက် ပြန်ဖွင့်ပေးခဲ့ပြီး ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်း၊ မြောက်ဦး၊  ကျောက်တော်နဲ့ မင်းပြားမြို့နယ်တို့မှာ ပိတ်ထားဆဲ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရခိုင္ျပည္နယ္တြင္ အင္တာနက္ ခ်က္ခ်င္းျပန္ဖြင့္ေပးရန္ ေတာင္းဆို

ရခိုင္ျပည္နယ္မွာ ဖုန္းအင္တာနက္ ျဖတ္ေတာက္ထားတာကို ခ်က္ခ်င္း ရပ္ဆိုင္းဖို႔ ရန္ကုန္အေျခစိုက္ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ႐ုံးက အစိုးရကို ေဆာ္ၾသေတာင္းဆိုလိုက္ပါတယ္။

ၿပီးခဲ့တဲ့ဇြန္လကစၿပီး တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္က ၿမိဳ႕ ၈ ၿမိဳ႕နဲ႔ ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕တို႔မွာ လက္ကိုင္ဖုန္းကေန အင္တာနက္သုံးစြဲခြင့္ကို အစိုးရက ျဖတ္ေတာက္လိုက္တာပါ။

ဒီထဲက ၅ ၿမိဳ႕မွာ ျပန္ဖြင့္ေပးခဲ့ေပမယ့္ က်န္ၿမိဳ႕ေတြမွာ ဆက္ပိတ္ထားတာဟာ အခုဆိုရင္ ရက္ေပါင္း ၁၀၁ ရက္ရွိၿပီဆိုတာ ကုလသမဂၢအေနနဲ႔ သတိျပဳမိၿပီး ျမန္မာႏိုင္ငံမွာ ကုလသမဂၢရဲ႕ လူသားခ်င္းစာနာေရးနဲ႔ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေဆာင္႐ြက္တဲ့ စြမ္းေဆာင္ရည္မွာ လက္ကိုင္ဖုန္းနဲ႔ အင္တာနက္ သုံးႏိုင္တဲ့ ဝန္ေဆာင္မႈေတြကို အားကိုးအားထားေနရတယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ အင္တာနက္ ဝန္ေဆာင္မႈကို ပိတ္ပင္တာဟာ ကုလသမဂၢရဲ႕ လုပ္ငန္းေတြကို အဟန႔္အတား အမ်ားႀကီးျဖစ္ေစၿပီး ထိခိုက္သူေတြအပါအဝင္ ကြင္းဆင္း လုပ္ငန္း ေဆာင္႐ြက္ေနသူေတြနဲ႔ ဆက္သြယ္ေျပာဆိုရာမွာ အခက္အခဲနဲ႔ ရႈပ္ေထြးတာေတြ ျဖစ္ေစတယ္လို႔လည္း ဆိုပါတယ္။

အဲဒီေဒသေတြက ျပည္သူလူထုဟာ ဆက္ျဖစ္ေနတဲ့ လက္နက္ကိုင္ ပဋိပကၡေတြ၊ လူသားခ်င္း စာနာေရး သြားေရာက္ေဆာင္႐ြက္ႏိုင္မႈဆိုင္ရာ ကန႔္သတ္ခ်က္ေတြေၾကာင့္ ျပင္းျပင္းထန္ထန္ ထိခိုက္ခံစားရတဲ့အျပင္ အင္တာနက္ ပိတ္ပင္ထားတာေၾကာင့္ ေန႔စဥ္လူမႈဘဝမွာ ထပ္ၿပီး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ကုလသမဂၢက ဆိုပါတယ္။

အင္တာနက္ကို ပိတ္ပင္တာဟာ ျမန္မာႏိုင္ငံအစိုးရက လက္မွတ္ေရးထိုးထားတဲ့ ေရရွည္တည္တံ့ခိုင္ၿမဲၿပီး စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးမႈ ရည္မွန္းခ်က္ပန္းတိုင္ဆိုင္ရာ မူေတြ၊ တန္ဖိုးေတြနဲ႔လည္း ဆန႔္က်င္ၿပီး စားနပ္ရိကၡာ၊ ပညာသင္ၾကားေရး၊ က်န္းမာေရး ဝန္ေဆာင္မႈေတြနဲ႔ သတင္းအခ်က္အလက္ ရရွိေရးဆိုင္ရာ အေျခခံအခြင့္အေရးေတြကိုလည္း ဆက္ၿပီး ထိခိုက္ေစမယ့္ အလားအလာရွိတယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ အစိုးရအေနနဲ႔ အင္တာနက္ ပိတ္ထားတဲ့ နယ္ေျမေဒသေတြမွာ ခ်က္ခ်င္း ျပန္ဖြင့္ေပးဖို႔နဲ႔ ႏိုင္ငံတကာလူသားခ်င္းစာနာေရး ဥပေဒပါ ႏိုင္ငံေတာ္က ေဆာင္႐ြက္ရမယ့္ တာဝန္ေတြနဲ႔အညီ လူသားခ်င္း စာနာေရး အဖြဲ႕အစည္းေတြ အဟန႔္အတားမရွိ သြားေရာက္ႏိုင္ေစေရး ကူညီပံ့ပိုး ေဆာင္႐ြက္ေပးဖို႔ ကုလသမဂၢက ထုတ္ျပန္ပါတယ္။

ဖုန္းကေနသုံးတဲ့ အင္တာနက္လိုင္းေတြကို ျမန္မာအစိုးရက ျဖတ္ေတာက္လိုက္တာဟာ လူ႔အခြင့္အေရးနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ ကိစၥေတြ ေစာင့္ၾကည့္ရာမွာ စိုးရိမ္စရာေကာင္းတဲ့ ႐ိုက္ခတ္မႈေတြ ရွိႏိုင္တယ္လို႔   ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး ကိုယ္စားလွယ္ မစၥယန္ဟီးလီကလည္း ေျပာဆိုထားသလို အင္တာနက္ ျပန္ဖြင့္ေပးဖို႔အတြက္ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ကလည္း ေတာင္းဆိုထားပါတယ္။

ရခိုင္ျပည္နယ္လႊတ္ေတာ္ကလည္း အင္တာနက္ ျပန္ဖြင့္ေပးဖို႔ အဆိုကို အတည္ျပဳထားပါတယ္။

ၾသဂုတ္ ၃၁ ရက္ ည ၁၂ နာရီကစလို႔ ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္၊ ေျမပုံနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တို႔မွာ အင္တာနက္ ျပန္ဖြင့္ေပးခဲ့ၿပီး ရခိုင္ျပည္နယ္က ပုဏၰားကြၽန္း၊ ေျမာက္ဦး၊  ေက်ာက္ေတာ္နဲ႔ မင္းျပားၿမိဳ႕နယ္တို႔မွာ ပိတ္ထားဆဲ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013