DVB Logo
Home
မြန်မာသတင်း
၃ နှစ်အတွင်း ပြည်တွင်း ပြည်ပ အလုပ်အကိုင် ၁ သန်းကျော် ရရှိ  
DVB
·
September 30, 2019
၃ နှစ်အတွင်း ပြည်တွင်း ပြည်ပ အလုပ်အကိုင် ၁ သန်းကျော် ရရှိ  
Donate to DVB

လက်ရှိ အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၆ခုနှစ် သြဂုတ်လကနေ ၂၀၁၉ ဩဂုတ်အထိ ၃ နှစ်တာကာလအတွင်း ပြည်တွင်းမှာ လူပေါင်း ၇၀၀,၀၀၀ ကျော်အတွက် အလုပ်အကိုင် ခန့်ထားပေးနိုင်ခဲ့ပြီး ပြည်ပကို တရားဝင်အလုပ်သွားလုပ်သူ ၆၃၈,၀၀၀ ကျော်ရှိတယ်လို့  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ တလထဲမှာ ပြည်တွင်း ပြည်ပ အလုပ်အကိုင်ရသူအရေအတွက် ၆၀၀၀၀ ကျော်ရှိပြီး ဒါဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ပမာဏ အများဆုံးဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အခု ၂၀၁၉ ခုနှစ် သြဂုတ်လက ပြည်တွင်းမှာ အလုပ်အကိုင်ရတာက ၂၈,၉၈၂  ယောက်၊ ပြည်ပမှာ အလုပ်အကိုင်ရတာက ၃၃,၈၀၅ ယောက်၊ စုစုပေါင်း ၆၂,၇၈၇ ယောက်ဖြစ်ပါတယ်။ ဇူလိုင်လ ထဲမှာတော့ ပြည်တွင်း ပြည်ပ စုစုပေါင်း ၆၂,၃၅၇ ယောက် ရခဲ့ပါတယ်။

ပြည်ပနိုင်ငံတွေမှာ ထိုင်းနိုင်ငံကို အများဆုံး ထွက်ခွာကြပြီး ဒုတိယ အများဆုံး အလုပ်ရရှိတာကတော့ မလေးရှားမှာ ဖြစ်ပါတယ်။ နောက် ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ၊ ယူအေအီးနဲ့ ကာတာနိုင်ငံတို့ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ဂျော်ဒန်နိုင်ငံလည်း ပါဝင်လာပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ မြန်မာနိုင်ငံကနေ ပြည်ပကို အလုပ်သမား ၂ သိန်းခွဲကျော်သွားခဲ့ပြီး အရင်နှစ်တွေကထက် တိုးလာတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောဆိုထားပါတယ်။

၂၀၁၈ ခုနှစ်က အစိုးရဌာနတွေမှာ ၉,၈၂၂ ယောက်၊ ပုဂ္ဂလိက ကဏ္ဍမှာ ၂၃၇,၆၂၁ ယောက်၊ စုစုပေါင်း ၂၄၇,၄၄၃ ယောက်ကို ပြည်တွင်းမှာ အလုပ်ရှာပေးနိုင်ခဲ့သလို ပြည်ပနိုင်ငံတွေကိုတော့ အလုပ်သမား ၂၅၀,၆၉၉ ယောက် စေလွှတ်နိုင်ခဲ့ပါတယ်။ 

ပြည်နယ်နဲ့ တိုင်းအလိုက် အစိုးရ အလုပ်အကိုင်မှာရော ပုဂ္ဂလိကအလုပ်မှာပါ ရန်ကုန်တိုင်းထဲမှာ အလုပ်ရသူ အများဆုံးဖြစ်ပြီး ချင်းပြည်နယ်ကတော့ အနည်းဆုံး ဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာ အလုပ်ရကြတာဟာ ယေဘုယျအားဖြင့် တနိုင်ငံလုံး စုစုပေါင်း အလုပ်အကိုင် အရေအတွက်ရဲ့ သုံးပုံနှစ်ပုံ ရှိနေတာကို တွေ့ရပါတယ်။ အစိုးရကဏ္ဍမှာ အလုပ်ရတာကတော့ ပုဂ္ဂလိကကဏ္ဍမှာ အလုပ်ရတာထက် ၄ ပုံတပုံလောက်ပဲ ရှိနေပါတယ်။

ဒီစာရင်းတွေဟာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ တရားဝင်အချက်အလက်တွေဖြစ်လို့ အလုပ်သမားမှတ်ပုံတင်မရှိဘဲ လုပ်ကိုင်နေသူတွေနဲ့ ပြည်ပကို တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်သူတွေကတော့ စာရင်းမှာ မပါဝင်ကြပါဘူး။

~~~~~~~~~~~~~~~~~~~~

Zawgyi_version

၃ ႏွစ္အတြင္း ျပည္တြင္း ျပည္ပ အလုပ္အကိုင္ ၁ သန္းေက်ာ္ ရရွိ  

လက္ရွိ အန္အယ္လ္ဒီအစိုးရလက္ထက္   ၂၀၁၆ခုႏွစ္ ၾသဂုတ္လကေန ၂၀၁၉ ဩဂုတ္အထိ ၃ ႏွစ္တာကာလအတြင္း ျပည္တြင္းမွာ လူေပါင္း ၇၀၀,၀၀၀ ေက်ာ္အတြက္ အလုပ္အကိုင္ ခန႔္ထားေပးႏိုင္ခဲ့ၿပီး ျပည္ပကိုတရားဝင္အလုပ္သြားလုပ္သူ ၆၃၈,၀၀၀ ေက်ာ္ရွိတယ္လို႔  အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ထုတ္ျပန္ထားတဲ့ စာရင္းအရ သိရပါတယ္။

ၿပီးခဲ့တဲ့ဩဂုတ္လ တလထဲမွာ ျပည္တြင္းျပည္ပအလုပ္အကိုင္ရသူအေရအတြက္ ၆၀၀၀၀ ေက်ာ္ရွိၿပီး ဒါဟာ ၿပီးခဲ့တဲ့ ၃ ႏွစ္အတြင္းမွာ ပမာဏ အမ်ားဆုံးျဖစ္တယ္လို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာနရဲ႕ အခ်က္အလက္ေတြအရ သိရပါတယ္။

အခု ၂၀၁၉ ခုႏွစ္ ၾသဂုတ္လက ျပည္တြင္းမွာ အလုပ္အကိုင္ရတာက ၂၈,၉၈၂  ေယာက္၊ ျပည္ပမွာ အလုပ္အကိုင္ရတာက ၃၃,၈၀၅ ေယာက္၊ စုစုေပါင္း ၆၂,၇၈၇ ေယာက္ျဖစ္ပါတယ္။ ဇူလိုင္လ ထဲမွာေတာ့ ျပည္တြင္း ျပည္ပ စုစုေပါင္း ၆၂,၃၅၇ ေယာက္ ရခဲ့ပါတယ္။

ျပည္ပႏိုင္ငံေတြမွာ ထိုင္းႏိုင္ငံကို အမ်ားဆုံး ထြက္ခြာၾကၿပီး ဒုတိယ အမ်ားဆုံး အလုပ္ရရွိတာကေတာ့ မေလးရွားမွာ ျဖစ္ပါတယ္။ ေနာက္ ကိုရီးယား၊ ဂ်ပန္၊ စကၤာပူ၊ ယူေအအီးနဲ႔ ကာတာႏိုင္ငံတို႔ ျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ေဂ်ာ္ဒန္ႏိုင္ငံလည္း ပါဝင္လာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ထဲမွာ ျမန္မာႏိုင္ငံကေန ျပည္ပကို အလုပ္သမား ၂ သိန္းခြဲေက်ာ္သြားခဲ့ၿပီး အရင္ႏွစ္ေတြကထက္ တိုးလာတယ္လို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္က ေျပာဆိုထားပါတယ္။

၂၀၁၈ ခုႏွစ္က အစိုးရဌာနေတြမွာ ၉,၈၂၂ ေယာက္၊ ပုဂၢလိက က႑မွာ ၂၃၇,၆၂၁ ေယာက္၊ စုစုေပါင္း ၂၄၇,၄၄၃ ေယာက္ကို ျပည္တြင္းမွာ အလုပ္ရွာေပးႏိုင္ခဲ့သလို ျပည္ပႏိုင္ငံေတြကိုေတာ့ အလုပ္သမား ၂၅၀,၆၉၉ ေယာက္ ေစလႊတ္ႏိုင္ခဲ့ပါတယ္။

ျပည္နယ္နဲ႔ တိုင္းအလိုက္ အစိုးရ အလုပ္အကိုင္မွာေရာ ပုဂၢလိကအလုပ္မွာပါ ရန္ကုန္တိုင္းထဲမွာ အလုပ္ရသူ အမ်ားဆုံးျဖစ္ၿပီး ခ်င္းျပည္နယ္ကေတာ့ အနည္းဆုံး ျဖစ္ပါတယ္။

ရန္ကုန္တိုင္းမွာ အလုပ္ရၾကတာဟာ ေယဘုယ်အားျဖင့္ တႏိုင္ငံလုံး စုစုေပါင္း အလုပ္အကိုင္ အေရအတြက္ရဲ႕ သုံးပုံႏွစ္ပုံ ရွိေနတာကို ေတြ႕ရပါတယ္။ အစိုးရက႑မွာ အလုပ္ရတာကေတာ့ ပုဂၢလိကက႑မွာ အလုပ္ရတာထက္ ၄ ပုံတပုံေလာက္ပဲ ရွိေနပါတယ္။

ဒီစာရင္းေတြဟာ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာနရဲ႕ တရားဝင္အခ်က္အလက္ေတြျဖစ္လို႔ အလုပ္သမားမွတ္ပုံတင္မရွိဘဲ လုပ္ကိုင္ေနသူေတြနဲ႔ ျပည္ပကို တရားမဝင္ သြားေရာက္အလုပ္လုပ္ကိုင္သူေတြကေတာ့ စာရင္းမွာ မပါဝင္ၾကပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013