DVB Logo
Home
မြန်မာသတင်း
ယိုးတရုပ်ကျေးရွာ လျှပ်စစ်မီးအမြန်ရရှိရေး တောင်းဆို
DVB
·
September 30, 2019
ယိုးတရုပ်ကျေးရွာ လျှပ်စစ်မီးအမြန်ရရှိရေး တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာမှာ လျှပ်စစ်မီးတိုင်တွေနဲ့ ထရန်စဖော်မာတွေ တပ်ထားတာ ၂ နှစ်ကျော်ကြာပြီဖြစ်ပေမယ့် ဒီနေ့အချိန်အထိ လျှပ်စစ်မီး မရရှိသေးတာကြောင့် လျှပ်စစ်မီး အမြန်တပ်ဆင်ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

“အခုက ထင်းတွေ မီးသွေးတွေကလည်း စျေးကြီးတယ်။ လျှပ်စစ်မီး ရချင်တာပေါ့၊ ကျမတို့ ယိုးတရုပ်ရွာက ရန်ကုန်-စစ်တွေ ကားလမ်းမကြီးပေါ်မှာ ရှိတာပါ။ လျှပ်စစ်မီးတိုင်တွေလည်း အားလုံး သွယ်တန်းပြီးပါပြီ။ ဘာကြောင့် မရတာလဲ မပြောတတ်တော့ပါဘူး။ လျှပ်စစ်မီး မရှိတော့ ကလေးတွေ စာဖတ်ရတာလည်း အဆင်မပြေပါဘူး၊ အမှောင်ထဲမှာ နေရသလိုပါပဲ။ အခုဆို အလွန်ဝေးတဲ့ မောင်တော၊ ဘူးသီးတောင်တွေတောင် ၂၄ နာရီ ရရှိနေပါပြီ။ ကျမတို့က ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံနဲ့လည်း နီးနီးလေး၊ ဘာကြောင့် မရတာလည်း မပြောတတ်တော့ပါဘူး။ ဒါကြောင့် သက်ဆိုင်ရာတွေကို လျှပ်စစ်မီး အမြန်ဆုံးတပ်ဆင်ပေးပါလို့ တောင်းဆိုချင်ပါတယ်”  အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ဒေါ်စိန်မေက ပြောပါတယ်။

စစ်တွေခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မိုးက “ကျနော်တို့ ယိုးတရုပ်ကို လျှပ်စစ်မီးရဖို့ ကြိုးစားနေပါတယ်။ လျှပ်စစ်မီးကြိုးတွေ၊ တိုင်တွေ စိုက်ထားတိုင်း လျှပ်စစ်မီးသဘာဝက ပေးချင်တိုင်း ပေးမရပါဘူး။ အောက်မြတ်လှဲ မြစ်ရေတင်စီမံကိန်းကနေ လျှပ်စစ်ဓာတ်အားပေးမယ့် ဓာတ်ခွဲရုံဆောက်ဖို့ မြေနေရာတောင် သတ်မှတ်ပြီးပါပြီ” လို့ ပြောပါတယ်။

မြို့လူကြီးတဦးဖြစ်တဲ့ ဦးလှရွှေက “ပင်မဓာတ်အားပေးစနစ်ကနေ ယိုးတရုပ်ကို အမြန်ဆုံး ပေးစေချင်ပါတယ်။ သူတို့ကတော့ အောက်မြတ်လှဲမြစ်ရေတင်စီမံကိန်းက မဟာဓာတ်အားလှိုင်း မရမီစပ်ကြားမှာ စီမံခဲ့တယ်။ ဒါပေမဲ့ အခုအချိန်အထိ အကောင်ထည်ဖော်တာ မရှိသေးဘူး။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ပင်မဓာတ်အားပေးစနစ်ကပဲ ပေးစေချင်ပါတယ်၊ ဒါမှသာ ဒေသဖွံ့ဖြိုးမှု ရှိလာမှာပါ” လို့ ပြောပါတယ်။

ယိုးတရုပ်ကျေးရွာ၌ ခုတင် ၅၀ တိုက်နယ် ဆေးရုံနဲ့ အထက်တန်းကျောင်းကြီး ၁ ကျောင်း မူလတန်း ၂ ကျောင်းရှိတဲ့ ကျေးရွာကြီးတရွာ ဖြစ်ပါတယ်။

ရန်ကုန်-စစ်တွေ ကားလမ်းပေါ်မှာ တည်ရှိနေပြီး ပုဏ္ဏားကျွန်းမြို့ကို မဟာဓာတ်အားလိုင်း ဖြတ်သန်းသွယ်တန်းထားရာ ရွာတရွာ ဖြစ်ပေမယ့် ဒီနေ့အထိ လျှပ်စစ်မီးလုံးဝ မရရှိသေးပါဘူး။

ကောင်းကောင်း

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ယိုးတ႐ုတ္ေက်း႐ြာ လွ်ပ္စစ္မီးအျမန္ရရွိေရး ေတာင္းဆို

ရခိုင္ျပည္နယ္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္ ယိုးတ႐ုပ္ေက်း႐ြာမွာ လွ်ပ္စစ္မီးတိုင္ေတြနဲ႔ ထရန္စေဖာ္မာေတြ တပ္ထားတာ ၂ ႏွစ္ေက်ာ္ၾကာၿပီျဖစ္ေပမယ့္ ဒီေန႔အခ်ိန္အထိ လွ်ပ္စစ္မီး မရရွိေသးတာေၾကာင့္ လွ်ပ္စစ္မီး အျမန္တပ္ဆင္ေပးဖို႔ ေဒသခံေတြက ေတာင္းဆိုလိုက္ပါတယ္။

“အခုက ထင္းေတြ မီးေသြးေတြကလည္း ေစ်းႀကီးတယ္။ လွ်ပ္စစ္မီး ရခ်င္တာေပါ့၊ က်မတို႔ ယိုးတ႐ုပ္႐ြာက ရန္ကုန္-စစ္ေတြ ကားလမ္းမႀကီးေပၚမွာ ရွိတာပါ။ လွ်ပ္စစ္မီးတိုင္ေတြလည္း အားလုံး သြယ္တန္းၿပီးပါၿပီ။ ဘာေၾကာင့္ မရတာလဲ မေျပာတတ္ေတာ့ပါဘူး။ လွ်ပ္စစ္မီး မရွိေတာ့ ကေလးေတြ စာဖတ္ရတာလည္း အဆင္မေျပပါဘူး၊ အေမွာင္ထဲမွာ ေနရသလိုပါပဲ။ အခုဆို အလြန္ေဝးတဲ့ ေမာင္ေတာ၊ ဘူးသီးေတာင္ေတြေတာင္ ၂၄ နာရီ ရရွိေနပါၿပီ။ က်မတို႔က ပုဏၰားကြၽန္း ဓာတ္အားခြဲ႐ုံနဲ႔လည္း နီးနီးေလး၊ ဘာေၾကာင့္ မရတာလည္း မေျပာတတ္ေတာ့ပါဘူး။ ဒါေၾကာင့္ သက္ဆိုင္ရာေတြကို လွ်ပ္စစ္မီး အျမန္ဆုံးတပ္ဆင္ေပးပါလို႔ ေတာင္းဆိုခ်င္ပါတယ္”  အထည္ခ်ဳပ္လုပ္ငန္း လုပ္ကိုင္ေနတဲ့ ေဒၚစိန္ေမက ေျပာပါတယ္။

စစ္ေတြခ႐ိုင္ လွ်ပ္စစ္အင္ဂ်င္နီယာ ဦးေဇာ္မိုးက “က်ေနာ္တို႔ ယိုးတ႐ုပ္ကို လွ်ပ္စစ္မီးရဖို႔ ႀကိဳးစားေနပါတယ္။ လွ်ပ္စစ္မီးႀကိဳးေတြ၊ တိုင္ေတြ စိုက္ထားတိုင္း လွ်ပ္စစ္မီးသဘာဝက ေပးခ်င္တိုင္း ေပးမရပါဘူး။ ေအာက္ျမတ္လွဲ ျမစ္ေရတင္စီမံကိန္းကေန လွ်ပ္စစ္ဓာတ္အားေပးမယ့္ ဓာတ္ခြဲ႐ုံေဆာက္ဖို႔ ေျမေနရာေတာင္ သတ္မွတ္ၿပီးပါၿပီ” လို႔ ေျပာပါတယ္။

ၿမိဳ႕လူႀကီးတဦးျဖစ္တဲ့ ဦးလွေ႐ႊက “ပင္မဓာတ္အားေပးစနစ္ကေန ယိုးတ႐ုပ္ကို အျမန္ဆုံး ေပးေစခ်င္ပါတယ္။ သူတို႔ကေတာ့ ေအာက္ျမတ္လွဲျမစ္ေရတင္စီမံကိန္းက မဟာဓာတ္အားလႈိင္း မရမီစပ္ၾကားမွာ စီမံခဲ့တယ္။ ဒါေပမဲ့ အခုအခ်ိန္အထိ အေကာင္ထည္ေဖာ္တာ မရွိေသးဘူး။ ဒါေၾကာင့္ တာဝန္ရွိသူေတြအေနနဲ႔ ပင္မဓာတ္အားေပးစနစ္ကပဲ ေပးေစခ်င္ပါတယ္၊ ဒါမွသာ ေဒသဖြံ႕ၿဖိဳးမႈ ရွိလာမွာပါ” လို႔ ေျပာပါတယ္။

ယိုးတ႐ုပ္ေက်း႐ြာ၌ ခုတင္ ၅၀ တိုက္နယ္ ေဆး႐ုံနဲ႔ အထက္တန္းေက်ာင္းႀကီး ၁ ေက်ာင္း မူလတန္း ၂ ေက်ာင္းရွိတဲ့ ေက်း႐ြာႀကီးတ႐ြာ ျဖစ္ပါတယ္။

ရန္ကုန္-စစ္ေတြ ကားလမ္းေပၚမွာ တည္ရွိေနၿပီး ပုဏၰားကြၽန္းၿမိဳ႕ကို မဟာဓာတ္အားလိုင္း ျဖတ္သန္းသြယ္တန္းထားရာ ႐ြာတ႐ြာ ျဖစ္ေပမယ့္ ဒီေန႔အထိ လွ်ပ္စစ္မီးလုံးဝ မရရွိေသးပါဘူး။

ေကာင္းေကာင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013