DVB Logo
Home
မြန်မာသတင်း
ရာသီဥတုအလိုက် စိုက်ပျိုးနည်းစနစ် ပြောင်းလဲနိုင်ရေး အသိပညာပေးရန် တောင်းဆို
DVB
·
September 29, 2019
Donate to DVB

သီးနှံတွေပျက်စီးမှ ထောက်ပံ့နေမယ့်အစား ရာသီဥတုပြောင်းလဲမှုအပေါ်လိုက်ပြီး စိုက်ပျိုးနည်းစနစ်တွေ ပြောင်းလဲဖို့ ကျေးရွာတွေအထိ အသိပညာပေးတာတွေ၊ ကြိုတင်ပြင်ဆင်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးဖို့ စစ်ကိုင်းတိုင်းအစိုးရကို လွှတ်တော်မှာ တောင်းဆိုလိုက်ပါတယ်။

အခုနှစ်မိုးရာသီမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေအနေနဲ့ ဆယ်စုနှစ်တွေအတွင်း အဆိုးဝါးဆုံး မိုးခေါင်မှုဒဏ်ကို ကြုံတွေ့နေရတာကြောင့် စိုက်ပျိုးသီးနှံတွေ အဆင်မပြေ ဖြစ်နေတာပါ။ 

ရာသီဥတုလိုက်ပြီး စိုက်ပျိုးသီးနှံ နည်းစနစ်တွေ ပြောင်းလဲဖို့ လိုအပ်လာတဲ့အတွက် သက်ဆိုင်ရာဌာနတွေအနေနဲ့ တောင်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဖို့နှင့် ကြိုတင်ပြင်ဆင်နိုင်ဖို့ အစိုးရအနေနဲ့ စီမံဆောင်ရွက်ဖို့ကို စစ်ကိုင်းတိုင်းလွှတ်တော် အစည်းအဝေးမှာ အရာတော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏက မေးမြန်းခဲ့တာပါ။

ဒီအပေါ် လယ်/ဆည်ဝန်ကြီး ဦးကမ်ဇာမုံက တောင်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် ရေခွဲဝေတဲ့စနစ်၊ သုံးစွဲတဲ့စနစ်၊ ရေလိုအပ်ချက်နည်းပြီး ထွက်နှုန်းကောင်းတဲ့ နည်းစနစ်တွေနဲ့ စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုဌာနတွေ၊ စိုက်ပျိုးရေး ဌာနတွေကို အစိုးရအနေနဲ့ ညွှန်ကြားဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ရာသီဥတု ဖောက်ပြန်လာတဲ့အတွက် မြန်မာနိုင်ငံရဲ့ အကြီးဆုံးတမံဖြစ်ကာ မြို့နယ် ၁၀ မြို့နယ်က လယ်ယာမြေဧက ၈ သိန်းဝန်းကျင် နှစ်စဉ် ရေပေးဝေနေတဲ့ သဖန်းဆိပ်ဆည်ကလည်း ၁၉ နှစ်အတွင်း ပျမ်းမျှမိုးရေချိန်ရဲ့ ၄ ပုံ ၁ ပုံတောင် ပြည့်အောင် မရွာသေးတဲ့အပြင် ပျမ်းမျှစီးဝင်ရေရဲ့ ၁၄ ရာခိုင်နှုန်းခန့်သာ ရှိသေးလို့ တောင်သူတွေအနေနဲ့ ရေကိုချွေတာ သုံးစွဲကြဖို့ ကျွန်းလှမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုဦးစီးအရာရှိ ဦးတင်မိုးဝင်းက တိုက်တွန်းထားပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မိုးသီးနှံ စိုက်ပျိုးမှုအနေနဲ့ မိုးစပါးစိုက်ဧက ၁၈ သိန်းကျော်၊ ပဲမျိုးစုံ စိုက်ဧက ၁၂ သိန်းကျော်၊ ဆီထွက်သီးနှံ ၈ သိန်းကျော်၊ အခြားသီးနှံ ၈ သိန်းကျော်တို့ စိုက်ပျိုးနိုင်ဖို့ လျာထားခဲ့ပေမယ့် မနှစ်ကထက် လျော့နည်းခဲ့တယ်လို့ တိုင်းစိုက်ပျိုးရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရာသီဥတုအလိုက္ စိုက္ပ်ိဳးနည္းစနစ္ ေျပာင္းလဲႏိုင္ေရး အသိပညာေပးရန္ ေတာင္းဆို

သီးႏွံေတြပ်က္စီးမွ ေထာက္ပံ့ေနမယ့္အစား ရာသီဥတုေျပာင္းလဲမႈအေပၚလိုက္ၿပီး စိုက္ပ်ိဳးနည္းစနစ္ေတြ ေျပာင္းလဲဖို႔ ေက်း႐ြာေတြအထိ အသိပညာေပးတာေတြ၊ ႀကိဳတင္ျပင္ဆင္တာေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ျပဳလုပ္ေပးဖို႔ စစ္ကိုင္းတိုင္းအစိုးရကို လႊတ္ေတာ္မွာ ေတာင္းဆိုလိုက္ပါတယ္။

အခုႏွစ္မိုးရာသီမွာ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသေတြအေနနဲ႔ ဆယ္စုႏွစ္ေတြအတြင္း အဆိုးဝါးဆုံး မိုးေခါင္မႈဒဏ္ကို ႀကဳံေတြ႕ေနရတာေၾကာင့္ စိုက္ပ်ိဳးသီးႏွံေတြ အဆင္မေျပ ျဖစ္ေနတာပါ။

ရာသီဥတုလိုက္ၿပီး စိုက္ပ်ိဳးသီးႏွံ နည္းစနစ္ေတြ ေျပာင္းလဲဖို႔ လိုအပ္လာတဲ့အတြက္ သက္ဆိုင္ရာဌာနေတြအေနနဲ႔ ေတာင္သူေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ အသိပညာေပးဖို႔ႏွင့္ ႀကိဳတင္ျပင္ဆင္ႏိုင္ဖို႔ အစိုးရအေနနဲ႔ စီမံေဆာင္႐ြက္ဖို႔ကို စစ္ကိုင္းတိုင္းလႊတ္ေတာ္ အစည္းအေဝးမွာ အရာေတာ္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝဏၰက ေမးျမန္းခဲ့တာပါ။

ဒီအေပၚ လယ္/ဆည္ဝန္ႀကီး ဦးကမ္ဇာမုံက ေတာင္သူေတြရဲ႕ အခက္အခဲကို ေျဖရွင္းႏိုင္ေရးအတြက္ ေရခြဲေဝတဲ့စနစ္၊ သုံးစြဲတဲ့စနစ္၊ ေရလိုအပ္ခ်က္နည္းၿပီး ထြက္ႏႈန္းေကာင္းတဲ့ နည္းစနစ္ေတြနဲ႔ စိုက္ပ်ိဳးႏိုင္ေရး သက္ဆိုင္ရာ ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈဌာနေတြ၊ စိုက္ပ်ိဳးေရး ဌာနေတြကို အစိုးရအေနနဲ႔ ၫႊန္ၾကားေဆာင္႐ြက္ေနတယ္လို႔ ေျပာပါတယ္။

ရာသီဥတု ေဖာက္ျပန္လာတဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕ အႀကီးဆုံးတမံျဖစ္ကာ ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္က လယ္ယာေျမဧက ၈ သိန္းဝန္းက်င္ ႏွစ္စဥ္ ေရေပးေဝေနတဲ့ သဖန္းဆိပ္ဆည္ကလည္း ၁၉ ႏွစ္အတြင္း ပ်မ္းမွ်မိုးေရခ်ိန္ရဲ႕ ၄ ပုံ ၁ ပုံေတာင္ ျပည့္ေအာင္ မ႐ြာေသးတဲ့အျပင္ ပ်မ္းမွ်စီးဝင္ေရရဲ႕ ၁၄ ရာခိုင္ႏႈန္းခန႔္သာ ရွိေသးလို႔ ေတာင္သူေတြအေနနဲ႔ ေရကိုေခြၽတာ သုံးစြဲၾကဖို႔ ကြၽန္းလွၿမိဳ႕ ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈ စီမံခန႔္ခြဲေရးဦးစီးဌာန ဒုဦးစီးအရာရွိ ဦးတင္မိုးဝင္းက တိုက္တြန္းထားပါတယ္။

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္၊ မိုးသီးႏွံ စိုက္ပ်ိဳးမႈအေနနဲ႔ မိုးစပါးစိုက္ဧက ၁၈ သိန္းေက်ာ္၊ ပဲမ်ိဳးစုံ စိုက္ဧက ၁၂ သိန္းေက်ာ္၊ ဆီထြက္သီးႏွံ ၈ သိန္းေက်ာ္၊ အျခားသီးႏွံ ၈ သိန္းေက်ာ္တို႔ စိုက္ပ်ိဳးႏိုင္ဖို႔ လ်ာထားခဲ့ေပမယ့္ မႏွစ္ကထက္ ေလ်ာ့နည္းခဲ့တယ္လို႔ တိုင္းစိုက္ပ်ိဳးေရးဦးစီးဌာနရဲ႕ စာရင္းေတြအရ သိရပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013