
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅၊ ဖာပွန်(မူတြော်)ခရိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုရဲ့ ရုပ်အလောင်းကို မေ ၇ ရက် ညနေပိုင်းက သင်္ဂြိုဟ်ပြီးဖြစ်တယ်လို့ ခရိုင်တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုဟာ မေ ၆ ရက် ညနေပိုင်းက ဆီးချို၊ သွေးတိုးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပြီ ဖြစ်ပါတယ်။
ခရိုင်တာဝန်ရှိသူတယောက်က “စိတ်မကောင်းဘူး။ သူကတော့ တော်လှန်ရေးအပေါ်မှာ အားကုန်ဆုံးတဲ့အထိ တာဝန်ကို အတတ်နိုင်ဆုံး လုပ်သွားတယ်” လို့ ပြောပါတယ်။
ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုဟာ တပ်မဟာ ၅၊ ဖာပွန်(မူတြော်)ခရိုင်ရဲ့ ပြောရေးဆိုခွင့်အပြင် တပ်မဟာ ၅ ရဲ့ အကြံပေးတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။
ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုဟာ ဖာပွန်(မူတြော်)ခရိုင်၊ လူသောမြို့နယ်ဇာတိဖြစ်ပြီး ကွယ်လွန်ချိန်မှာ သားသမီး ၄ ယောက် ကျန်ရှိခဲ့ပါတယ်။










