DVB Logo
Home
မြန်မာသတင်း
ကရင်ရိုးရာ တာလပေါ့ဟင်းချက်ပြိုင်ပွဲ ဘားအံတွင် ကျင်းပ
DVB
·
September 28, 2019
ကရင်ရိုးရာ တာလပေါ့ဟင်းချက်ပြိုင်ပွဲ ဘားအံတွင် ကျင်းပ
1 / 3
Donate to DVB

ကရင်ရိုးရာ တာလပေါ့ဟင်းချက်ဖိတ်ခေါ်ပြိုင်ပွဲကို စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြိုင်ပွဲကို ဒေသတခု၊ လူမျိုးတမျိုး၊ နိုင်ငံတနိုင်ငံရဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို ထင်ဟပ်စေဖို့၊ နိုင်ငံရေး၊ လူမျိုးရေး၊ စီးပွားရေးအခြေအနေတွေ၊ သတင်းအချက်အလက် နည်းပညာတွေ၊ တိုးတက်ပြောင်းလဲလာတာနဲ့အညီ ကရင်ရိုးရာတာလပေါ့ဟင်းကို တနိုင်ငံလုံး အတိုင်းအတာနဲ့ သိရှိစေဖို့၊ မြန်မာနိုင်ငံကိုယ်စားပြု ကရင်တိုင်းရင်းသားတို့ရဲ့ ဟင်းပွဲတပွဲအဖြစ် ကမ္ဘာ့အလယ်မှာ ဝင့်ကြွားပေါ်လွင်နိုင်စေဖို့ ရည်ရွယ်ကျင်းပတာပါ။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “ကရင်ရောက်ရင် ကရင်တာလပေါ့လေး သောက်ချင်တယ်ဆိုတဲ့ အလေ့အထတွေ ပြန်ရအောင် ကျမတို့ ကြိုးစားပြီး ဆောင်ရွက်တယ်။ ကျမ ထင်တယ်၊ နည်းနည်းလေး ရာခိုင်နှုန်းတိုးလာတယ်။ ပလပ်ဝမ်း၊ ပလပ်တူးထိတော့ ရောက်လာပြီ။ ဒီပွဲလေးကို ကျမတို့ နှစ်စဉ်ကျင်းပမှာပါ။ တနှစ်ထက်တနှစ် ဆုကြေးတွေ တိုးလာအောင် ကျမတို့လည်း ကြိုးစားပေးပါမယ် ” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အစိုးရ လမ်းညွှန်မှုနဲ့ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ကရင်ပြည်)က တာဝန်ယူပြီး ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်တာဖြစ်ပြီး ပထမအကြိမ်ကို ၂၀၁၈ ခုနှစ် ဇွန်လက ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြိုင်ပွဲကို ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အတွင်းက ကျေးရွာကိုယ်စားပြုအသင်းပေါင်း ၂၄ သင်းက အုပ်စု ၃ စုခွဲပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ ပြိုင်ပွဲဝင်တွေရဲ့ အရည်အချင်းနဲ့ စည်းကမ်း သတ်မှတ်ချက်တွေ ၆ ချက်သတ်မှတ်ပေးထားပြီး အဆိုပါစည်းကမ်းချက်တွေ လိုက်နာပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ရဲမင်းခေါင်

~~~~~~~~~~~~~~~~

Zawgyi_version

ကရင္႐ိုးရာ တာလေပါ့ဟင္းခ်က္ၿပိဳင္ပြဲ ဘားအံတြင္ က်င္းပ

ကရင္႐ိုးရာ တာလေပါ့ဟင္းခ်က္ဖိတ္ေခၚၿပိဳင္ပြဲကို စက္တင္ဘာ ၂၈ ရက္ မနက္ပိုင္းက ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၊ ဇြဲကပင္ခန္းမမွာ ဒုတိယအႀကိမ္ေျမာက္ က်င္းပျပဳလုပ္ခဲ့ပါတယ္။

ၿပိဳင္ပြဲကို ေဒသတခု၊ လူမ်ိဳးတမ်ိဳး၊ ႏိုင္ငံတႏိုင္ငံရဲ႕ ယဥ္ေက်းမႈအဆင့္အတန္းကို ထင္ဟပ္ေစဖို႔၊ ႏိုင္ငံေရး၊ လူမ်ိဳးေရး၊ စီးပြားေရးအေျခအေနေတြ၊ သတင္းအခ်က္အလက္ နည္းပညာေတြ၊ တိုးတက္ေျပာင္းလဲလာတာနဲ႔အညီ ကရင္႐ိုးရာတာလေပါ့ဟင္းကို တႏိုင္ငံလုံး အတိုင္းအတာနဲ႔ သိရွိေစဖို႔၊ ျမန္မာႏိုင္ငံကိုယ္စားျပဳ ကရင္တိုင္းရင္းသားတို႔ရဲ႕ ဟင္းပြဲတပြဲအျဖစ္ ကမာၻ႔အလယ္မွာ ဝင့္ႂကြားေပၚလြင္ႏိုင္ေစဖို႔ ရည္႐ြယ္က်င္းပတာပါ။

ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္က “ကရင္ေရာက္ရင္ ကရင္တာလေပါ့ေလး ေသာက္ခ်င္တယ္ဆိုတဲ့ အေလ့အထေတြ ျပန္ရေအာင္ က်မတို႔ ႀကိဳးစားၿပီး ေဆာင္႐ြက္တယ္။ က်မ ထင္တယ္၊ နည္းနည္းေလး ရာခိုင္ႏႈန္းတိုးလာတယ္။ ပလပ္ဝမ္း၊ ပလပ္တူးထိေတာ့ ေရာက္လာၿပီ။ ဒီပြဲေလးကို က်မတို႔ ႏွစ္စဥ္က်င္းပမွာပါ။ တႏွစ္ထက္တႏွစ္ ဆုေၾကးေတြ တိုးလာေအာင္ က်မတို႔လည္း ႀကိဳးစားေပးပါမယ္ ” လို႔ ေျပာပါတယ္။

ကရင္ျပည္နယ္အစိုးရ လမ္းၫႊန္မႈနဲ႔ ျမန္မာႏိုင္ငံ စားေသာက္ဆိုင္ လုပ္ငန္းရွင္မ်ားအသင္း (ကရင္ျပည္)က တာဝန္ယူၿပီး ဒုတိယအႀကိမ္ေျမာက္ က်င္းပျပဳလုပ္တာျဖစ္ၿပီး ပထမအႀကိမ္ကို ၂၀၁၈ ခုႏွစ္ ဇြန္လက က်င္းပျပဳလုပ္ခဲ့ပါတယ္။

ၿပိဳင္ပြဲကို ဧရာဝတီ၊ ပဲခူး၊ တနသၤာရီတိုင္းေဒသႀကီး၊ မြန္ျပည္နယ္နဲ႔ ကရင္ျပည္နယ္ အတြင္းက ေက်း႐ြာကိုယ္စားျပဳအသင္းေပါင္း ၂၄ သင္းက အုပ္စု ၃ စုခြဲၿပီး ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

ၿပိဳင္ပြဲဝင္အသင္းေတြအေနနဲ႔ ၿပိဳင္ပြဲဝင္ေတြရဲ႕ အရည္အခ်င္းနဲ႔ စည္းကမ္း သတ္မွတ္ခ်က္ေတြ ၆ ခ်က္သတ္မွတ္ေပးထားၿပီး အဆိုပါစည္းကမ္းခ်က္ေတြ လိုက္နာၿပီး ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013