
ရုရှားနဲ့ ဘယ်လာရုစ် နျူကလီးယားတပ်ဖွဲ့တွေ ပူးတွဲလေ့ကျင့်နေတဲ့ ရုပ်သံကို ဘယ်လာရုစ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင်သတင်းဌာန ဗိုအန် TV က မေ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
၃ ရက်ကြာ နျူကလီးယား လေ့ကျင့်မှုတွေမှာ ပဲ့ထိန်းဒုံးကျည်နဲ့ ခရုဇ်ဒုံးကျည်တွေ ပစ်လွှတ် လေ့ကျင့်မယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၁၉ ရက်မှာ ကြေညာခဲ့ပါတယ်။
လူ ၆၄,၀၀၀ နဲ့ စစ်ဘက်ပစ္စည်း ၇,၈၀၀ ပါတဲ့ ဒီလေ့ကျင့်မှုတွေက ကျူးကျော်မှုဖြစ်ခဲ့ရင် နျူကလီးယားတပ်ဖွဲ့တွေရဲ့ ပြင်ဆင်မှုနဲ့ အသုံးပြုမှုကို လေ့ကျင့်ကြမှာပါ။
ရုရှားက ယူကရိန်းကို ကျူးကျော်မှုအပြီး တနှစ်အကြာ ၂၀၂၃ ခုနှစ်မှာ ရုရှားရဲ့ ဗျူဟာမြောက် နျူကလီးယားဒုံးကျည်တွေကို ဘယ်လာရုစ်နိုင်ငံထဲမှာ လက်ခံဖို့ ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက သဘောတူခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီဒုံးကျည်တွေ အသုံးပြုခွင့်ကို ရုရှားအစိုးရက ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။
Source: Reuters










