DVB Logo
Home
မြန်မာသတင်း
မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့်ပတ်သက်သည့်ရုပ်ရှင် ပြသနိုင်မည် မဟုတ်
DVB
·
September 28, 2019
မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့်ပတ်သက်သည့်ရုပ်ရှင် ပြသနိုင်မည် မဟုတ်
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြီးမှူးကျင်းပတဲ့ တရုတ်ရုပ်ရှင်ပွဲတော်မှာ မူးယစ်ရာဇာ စိုင်းနော်ခမ်းနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကားတကားဖြစ်တဲ့ မဲခေါင်စစ်ဆင်ရေး (Operation Mekong) ရုပ်ရှင်ကို ပြသနိုင်တော့မှာ မဟုတ်ဘူးလို့ သံရုံးက ထုတ်ပြန်ထားပါတယ်။

ဒီရုပ်ရှင်ပွဲတော်ကို ဒီကနေ့စတင်ပြီး မြန်မာနိုင်ငံ မြို့ကြီး ၄ မြို့ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ လားရှိုးမြို့တွေမှာ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မူလက ပြသမယ့် ရုပ်ရှင်ကား ၆ ကားစာရင်းထဲမှာတော့ တရုတ်သင်္ဘောသား ၁၃ ဦးကို ၂၀၁၁ ခုနှစ်က မဲခေါင်မြစ်ထဲမှာ မြန်မာမူးယစ်ရာဇာ စိုင်းနော်ခမ်းအဖွဲ့က သတ်ဖြတ်ခဲ့တဲ့အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ရုပ်ရှင် Operation Mekong ဇာတ်ကားကို ထည့်သွင်း ကြော်ငြာထားတာပါ။

လက်ရှိမှာတော့ ဒီကားကို နည်းပညာမှားယွင်းမှုကြောင့် ရုပ်ရှင်ပွဲတော်ရက်တွေအတွင်း ပြသပေးနိုင်တော့မှာ မဟုတ်ဘဲ အဲဒီဇာတ်ကားအစား ‘မင်္ဂလာပါဘီလျံနာ’ ဇာတ်ကားကို ပြသသွားမယ်လို့ သံရုံးဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

အခုနှစ်မှာ ရွေးချယ်ထားတဲ့ ရုပ်ရှင်ကားတွေအနေနဲ့ မှော်ပဉ္စလက် (The Thousand Faces of Dunjia)၊ မင်္ဂလာပါ ဘီလျံနာ(Hello Mr. Billionaire)၊ လေပွေအမျိုးသမီးဘောလုံးအသင်း(Running like Wind)၊ ၆ နှစ်နှင့် ၆ ရက်အကြာ(Six Years, Six Days)၊ တောင်ပေါ်မှာ ပွင့်တဲ့အပြုံးပန်း(A Smile from the Mountain)စတဲ့ ရုပ်ရှင်ကားတွေကို ပြသွားမယ်လို့ ဆိုပါတယ်။

မဲခေါင် စစ်ဆင်ရေး (Operation Mekong) ဇာတ်ကားကို ဟောင်ကောင်ရုပ်ရှင် ဒါရိုက်တာ ဒန်တေးလန်က ဖြစ်ရပ်မှန်အခြေပြု ရိုက်ကူးခဲ့တာဖြစ်ပြီး လက်ရှိကျင်းပနေတဲ့ တရုတ်ရုပ်ရှင်ပွဲတော်အဖွင့် ပထမနေ့မှာ ပြသဖို့ စီစဉ်ထားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့မှာ မဲခေါင်မြစ်တွင်းရှိနေတဲ့ တရုတ်ကုန်တင်သင်္ဘော ၂ စီးပေါ်မှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတယ်ဆိုပြီး သံသယရှိတဲ့အတွက် ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက စီးနင်းရှာဖွေချိန်မှာ သင်္ဘောသား ၁၃ ဦးဟာ လက်ပြန်ကြိုးတွေ တုပ်လျက်သား အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြတာပါ။

ဒါဟာ မူးယစ်ရာဇာ စိုင်းနော်ခမ်းရဲ့လက်ချက် ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ တရုတ်အစိုးရက ထိုင်း၊ လာအိုနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြတာပါ။

အဲဒီနောက် စိုင်းနော်ခမ်းကို လာအိုနိုင်ငံမှာ ၂၀၁၂ အစောပိုင်းက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး ရုံးတင်စစ်ဆေးရာမှာ ဖြောင့်ချက်ပေးခဲ့တဲ့အတွက် ၂၀၁၂ နိုဝင်ဘာလဆန်းက သေဒဏ်စီရင်ခဲ့တာ ဖြစ်ပါတယ်။

ကနဦးပိုင်း ရဲစုံစမ်းဖော်ထုတ် တွေ့ရှိချက်တွေမှာတော့ စိုင်းနော်ခမ်းဟာ ဂိုဏ်းခေါင်းဆောင်တွေနဲ့အတူ ထိုင်းစစ်သား အနည်းငယ်လည်း ပါဝင်တဲ့အဖွဲ့က မဲခေါင်မြစ်ပေါ်မှာ ဟွာပင်းနဲ့ ယုဇင်း ၈ ကုန်သင်္ဘော ၂ စင်းကို တိုက်ခိုက်ပြန်ပေးဆွဲခဲ့တယ်လို့ သတင်းတွေမှာ ရေးခဲ့ပါတယ်။

အဲဒီနောက် တရုတ်၊ မြန်မာ၊ လာအိုနဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေ ပူးတွဲကြိုးပမ်းချက်နဲ့ လာအိုနိုင်ငံမှာ ၂၀၁၂ ခုနှစ် ဧပြီမှာ ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တာပါ။

၂၀၁၃ ခုနှစ်၊ ဧပြီလမှာတော့ သူ့ကို တရုတ်နိုင်ငံ ပြည်သူ့တရားရုံးချုပ်က သေဒဏ်ချမှတ်ခဲ့ပြီး ကွပ်မျက်ခဲ့တာပါ။

စိုင်းနော်ခမ်းဟာ ဖမ်းဆီးမခံရခင် ထိုင်းနိုင်ငံအစိုးရက ဝရမ်းထုတ်ပြန်တဲ့ မူးယစ်ရာဇာ စာရင်းမှာ ပါရှိခဲ့ပါတယ်။

ဓာတ်ပုံ-Flixwatch

~~~~~~~~~~~~~~~~~~~
Zawgyi_version

မူးယစ္ရာဇာ စိုင္းေနာ္ခမ္းႏွင့္ပတ္သက္သည့္႐ုပ္ရွင္ ျပသႏိုင္မည္ မဟုတ္

ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ႀကီးမႉးက်င္းပတဲ့ တ႐ုတ္႐ုပ္ရွင္ပြဲေတာ္မွာ မူးယစ္ရာဇာ စိုင္းေနာ္ခမ္းနဲ႔ ပတ္သက္တဲ့ ႐ုပ္ရွင္ကားတကားျဖစ္တဲ့ မဲေခါင္စစ္ဆင္ေရး (Operation Mekong) ႐ုပ္ရွင္ကို ျပသႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ သံ႐ုံးက ထုတ္ျပန္ထားပါတယ္။

ဒီ႐ုပ္ရွင္ပြဲေတာ္ကို ဒီကေန႔စတင္ၿပီး ျမန္မာႏိုင္ငံ ၿမိဳ႕ႀကီး ၄ ၿမိဳ႕ျဖစ္တဲ့ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္နဲ႔ လားရႈိးၿမိဳ႕ေတြမွာ လာမယ့္ ေအာက္တိုဘာလ ၂ ရက္ေန႔အထိ က်င္းပသြားမွာ ျဖစ္ပါတယ္။

မူလက ျပသမယ့္ ႐ုပ္ရွင္ကား ၆ ကားစာရင္းထဲမွာေတာ့ တ႐ုတ္သေဘၤာသား ၁၃ ဦးကို ၂၀၁၁ ခုႏွစ္က မဲေခါင္ျမစ္ထဲမွာ ျမန္မာမူးယစ္ရာဇာ စိုင္းေနာ္ခမ္းအဖြဲ႕က သတ္ျဖတ္ခဲ့တဲ့အေၾကာင္း ဇာတ္အိမ္တည္ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ Operation Mekong ဇာတ္ကားကို ထည့္သြင္း ေၾကာ္ျငာထားတာပါ။

လက္ရွိမွာေတာ့ ဒီကားကို နည္းပညာမွားယြင္းမႈေၾကာင့္ ႐ုပ္ရွင္ပြဲေတာ္ရက္ေတြအတြင္း ျပသေပးႏိုင္ေတာ့မွာ မဟုတ္ဘဲ အဲဒီဇာတ္ကားအစား ‘မဂၤလာပါဘီလ်ံနာ’ ဇာတ္ကားကို ျပသသြားမယ္လို႔ သံ႐ုံးေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာ ထုတ္ျပန္ထားပါတယ္။

အခုႏွစ္မွာ ေ႐ြးခ်ယ္ထားတဲ့ ႐ုပ္ရွင္ကားေတြအေနနဲ႔ ေမွာ္ပၪၥလက္ (The Thousand Faces of Dunjia)၊ မဂၤလာပါ ဘီလ်ံနာ(Hello Mr. Billionaire)၊ ေလေပြအမ်ိဳးသမီးေဘာလုံးအသင္း(Running like Wind)၊ ၆ ႏွစ္ႏွင့္ ၆ ရက္အၾကာ(Six Years, Six Days)၊ ေတာင္ေပၚမွာ ပြင့္တဲ့အၿပဳံးပန္း(A Smile from the Mountain)စတဲ့ ႐ုပ္ရွင္ကားေတြကို ျပသြားမယ္လို႔ ဆိုပါတယ္။

မဲေခါင္ စစ္ဆင္ေရး (Operation Mekong) ဇာတ္ကားကို ေဟာင္ေကာင္႐ုပ္ရွင္ ဒါ႐ိုက္တာ ဒန္ေတးလန္က ျဖစ္ရပ္မွန္အေျချပဳ ႐ိုက္ကူးခဲ့တာျဖစ္ၿပီး လက္ရွိက်င္းပေနတဲ့ တ႐ုတ္႐ုပ္ရွင္ပြဲေတာ္အဖြင့္ ပထမေန႔မွာ ျပသဖို႔ စီစဥ္ထားခဲ့တာပါ။

ၿပီးခဲ့တဲ့ ၂၀၁၁ ခုႏွစ္၊ ေအာက္တိုဘာ ၅ ရက္ေန႔မွာ မဲေခါင္ျမစ္တြင္းရွိေနတဲ့ တ႐ုတ္ကုန္တင္သေဘၤာ ၂ စီးေပၚမွာ မူးယစ္ေဆးဝါးေတြ သယ္ေဆာင္လာတယ္ဆိုၿပီး သံသယရွိတဲ့အတြက္ ထိုင္းလုံၿခဳံေရးတပ္ဖြဲ႕ေတြက စီးနင္းရွာေဖြခ်ိန္မွာ သေဘၤာသား ၁၃ ဦးဟာ လက္ျပန္ႀကိဳးေတြ တုပ္လ်က္သား အေနအထားနဲ႔ ေသဆုံးေနတာကို ေတြ႕ရွိခဲ့ၾကတာပါ။

ဒါဟာ မူးယစ္ရာဇာ စိုင္းေနာ္ခမ္းရဲ႕လက္ခ်က္ ျဖစ္တယ္လို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္မွာ တ႐ုတ္အစိုးရက ထိုင္း၊ လာအိုႏိုင္ငံေတြနဲ႔ ပူးေပါင္းၿပီး ဖမ္းဆီးဖို႔ ႀကိဳးစားခဲ့ၾကတာပါ။

အဲဒီေနာက္ စိုင္းေနာ္ခမ္းကို လာအိုႏိုင္ငံမွာ ၂၀၁၂ အေစာပိုင္းက ဖမ္းဆီးရမိခဲ့တာ ျဖစ္ၿပီး ႐ုံးတင္စစ္ေဆးရာမွာ ေျဖာင့္ခ်က္ေပးခဲ့တဲ့အတြက္ ၂၀၁၂ ႏိုဝင္ဘာလဆန္းက ေသဒဏ္စီရင္ခဲ့တာ ျဖစ္ပါတယ္။

ကနဦးပိုင္း ရဲစုံစမ္းေဖာ္ထုတ္ ေတြ႕ရွိခ်က္ေတြမွာေတာ့ စိုင္းေနာ္ခမ္းဟာ ဂိုဏ္းေခါင္းေဆာင္ေတြနဲ႔အတူ ထိုင္းစစ္သား အနည္းငယ္လည္း ပါဝင္တဲ့အဖြဲ႕က မဲေခါင္ျမစ္ေပၚမွာ ဟြာပင္းနဲ႔ ယုဇင္း ၈ ကုန္သေဘၤာ ၂ စင္းကို တိုက္ခိုက္ျပန္ေပးဆြဲခဲ့တယ္လို႔ သတင္းေတြမွာ ေရးခဲ့ပါတယ္။

အဲဒီေနာက္ တ႐ုတ္၊ ျမန္မာ၊ လာအိုနဲ႔ ထိုင္းရဲတပ္ဖြဲ႕ဝင္ေတြ ပူးတြဲႀကိဳးပမ္းခ်က္နဲ႔ လာအိုႏိုင္ငံမွာ ၂၀၁၂ ခုႏွစ္ ဧၿပီမွာ ဖမ္းဆီးရမိခဲ့ၿပီး တ႐ုတ္ႏိုင္ငံကို လႊဲေျပာင္းေပးခဲ့တာပါ။

၂၀၁၃ ခုႏွစ္၊ ဧၿပီလမွာေတာ့ သူ႔ကို တ႐ုတ္ႏိုင္ငံ ျပည္သူ႔တရား႐ုံးခ်ဳပ္က ေသဒဏ္ခ်မွတ္ခဲ့ၿပီး ကြပ္မ်က္ခဲ့တာပါ။

စိုင္းေနာ္ခမ္းဟာ ဖမ္းဆီးမခံရခင္ ထိုင္းႏိုင္ငံအစိုးရက ဝရမ္းထုတ္ျပန္တဲ့ မူးယစ္ရာဇာ စာရင္းမွာ ပါရွိခဲ့ပါတယ္။

ဓာတ္ပုံ-Flixwatch

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013