DVB Logo
Home
မြန်မာသတင်း
ငရုတ်ကောင်းမြို့အနီးတွင် ပါဂျဲရိုးကားဖြင့် တင်လာသည့် ဘင်္ဂါလီ အယောက် ၃၀ ဖမ်းမိ
DVB
·
September 28, 2019
ငရုတ်ကောင်းမြို့အနီးတွင် ပါဂျဲရိုးကားဖြင့် တင်လာသည့် ဘင်္ဂါလီ အယောက် ၃၀ ဖမ်းမိ
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့အဝင်ဂိတ်မှာ စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ကို ပို့ဆောင်ဖို့ ပါဂျဲရိုးကားနဲ့ အပြည့်အသိပ်တင်လာတဲ့ ဘင်္ဂါလီ အယောက် ၃၀ ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ငရုတ်ကောင်းမြို့အနီး ပုသိမ်-ငရုတ်ကောင်းကားလမ်း မိုင်တိုင် ၁၆ မိုင် ၁ ဖာလုံမှာ ပါဂျဲရိုးကားတစီးကို မသင်္ကာလို့ စစ်ဆေးရာမှာ ကားမောင်းသူက ကားပေါ်က ဆင်းပြီးထွက်ပြေးသွားခဲ့တယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ကားကို ဆက်လက်စစ်ဆေးရာမှာတော့ ဘင်္ဂါလီအမျိုးသား ၉ ဦး၊ အမျိုးသမီး ၂၀ နဲ့ အသက် ၅ နှစ်အရွယ်ရှိ ကလေး ၁ ဦးကို ဖမ်းဆီးရမိတာလို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။

“ရန်ကုန်ကို ပို့ဖို့ တင်လာတာပါ၊ ယာဉ်မောင်းကတော့ ကားကိုထားပြီး ထွက်ပြေးသွားတယ်၊ ငရုတ်ကောင်းမြို့ကို ဘယ်လို ရောက်လာတယ်ဆိုတာ စစ်ဆေးနေဆဲပါ။ အခုတော့ သူတို့အားလုံးကို ငရုတ်ကောင်းမြို့မှာ ဖမ်းဆီးထားပြီး စစ်ဆေးနေပါတယ်။”

ထွက်ပြေးသွားတဲ့ ကားသမားကိုလည်း ဖမ်းမိရေးအတွက် လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်

ငရုတ်ကောင်းမြို့ဟာ ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် ၆၂ မိုင် အကွာ ဘင်္ဂလားပင်လယ်အော်နံဘေးမှာ တည်ရှိပြီး ရခိုင်ကမ်းရိုးတန်းနဲ့ ဆက်စပ်နေတာကြောင့် ပင်လယ်ရေကြောင်းကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေနဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေ ဝင်ရောက်လာလေ့ရှိပြီး လူပွဲစားတွေက ငရုတ်ကောင်း - ပုသိမ်လမ်းကတဆင့် ရန်ကုန်မြို့ကို သယ်ဆောင်လေ့ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြမင်းဦး(ပုသိမ်)

~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

င႐ုတ္ေကာင္းၿမိဳ႕အနီးတြင္ ပါဂ်ဲ႐ိုးကားျဖင့္ တင္လာသည့္ ဘဂၤါလီ အေယာက္ ၃၀ ဖမ္းမိ

ဧရာဝတီတိုင္း၊ ငပုေတာၿမိဳ႕နယ္၊ င႐ုတ္ေကာင္းၿမိဳ႕အဝင္ဂိတ္မွာ စက္တင္ဘာ ၂၆ ရက္ေန႔ ညပိုင္းက ရန္ကုန္ၿမိဳ႕ကိုပို႔ေဆာင္ဖို႔ ပါဂ်ဲ႐ိုးကားနဲ႔ အျပည့္အသိပ္တင္လာတဲ့ ဘဂၤါလီ အေယာက္ ၃၀ ကို ဖမ္းဆီးရမိခဲ့ပါတယ္။

င႐ုတ္ေကာင္းၿမိဳ႕အနီး ပုသိမ္-င႐ုတ္ေကာင္းကားလမ္း မိုင္တိုင္ ၁၆ မိုင္ ၁ ဖာလုံမွာ ပါဂ်ဲ႐ိုးကားတစီးကို မသကၤာလို႔ စစ္ေဆးရာမွာ ကားေမာင္းသူက ကားေပၚက ဆင္းၿပီးထြက္ေျပးသြားခဲ့တယ္လို႔ ဧရာဝတီတိုင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ကားကို ဆက္လက္စစ္ေဆးရာမွာေတာ့ ဘဂၤါလီအမ်ိဳးသား ၉ ဦး၊ အမ်ိဳးသမီး ၂၀ နဲ႔ အသက္ ၅ ႏွစ္အ႐ြယ္ရွိ ကေလး ၁ ဦးကို ဖမ္းဆီးရမိတာလို႔ ဧရာဝတီတိုင္း ရဲတပ္ဖြဲ႕မႉး႐ုံးမွ ဒုရဲမႉးႀကီးထြန္းေ႐ႊက ေျပာပါတယ္။

“ရန္ကုန္ကို ပို႔ဖို႔ တင္လာတာပါ၊ ယာဥ္ေမာင္းကေတာ့ ကားကိုထားၿပီး ထြက္ေျပးသြားတယ္၊ င႐ုတ္ေကာင္းၿမိဳ႕ကို ဘယ္လို ေရာက္လာတယ္ဆိုတာ စစ္ေဆးေနဆဲပါ။ အခုေတာ့ သူတို႔အားလုံးကို င႐ုတ္ေကာင္းၿမိဳ႕မွာ ဖမ္းဆီးထားၿပီး စစ္ေဆးေနပါတယ္။”

ထြက္ေျပးသြားတဲ့ ကားသမားကိုလည္း ဖမ္းမိေရးအတြက္ လိုက္လံရွာေဖြေနတယ္လို႔ သိရပါတယ္

င႐ုတ္ေကာင္းၿမိဳ႕ဟာ ဧရာဝတီတိုင္းၿမိဳ႕ေတာ္ ပုသိမ္ၿမိဳ႕ရဲ႕ အေနာက္ေတာင္ဘက္ ၆၂ မိုင္ အကြာ ဘဂၤလားပင္လယ္ေအာ္နံေဘးမွာ တည္ရွိၿပီး ရခိုင္ကမ္း႐ိုးတန္းနဲ႔ ဆက္စပ္ေနတာေၾကာင့္ ပင္လယ္ေရေၾကာင္းကတဆင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားေတြနဲ႔ ရခိုင္ျပည္နယ္က ဘဂၤါလီေတြ ဝင္ေရာက္လာေလ့ရွိၿပီး လူပြဲစားေတြက င႐ုတ္ေကာင္း - ပုသိမ္လမ္းကတဆင့္ ရန္ကုန္ၿမိဳ႕ကို သယ္ေဆာင္ေလ့ ရွိတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ျမမင္းဦး(ပုသိမ္)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013