DVB Logo
Home
မြန်မာသတင်း
ငရုတ်ကောင်းမြို့ ချောင်းဝတောင်ပေါ်တွင် စစ်တပ်က လေယာဉ်ကွင်းအသစ် ဆောက်နေ
DVB
·
February 4, 2025
ငရုတ်ကောင်းမြို့ ချောင်းဝတောင်ပေါ်တွင် စစ်တပ်က လေယာဉ်ကွင်းအသစ် ဆောက်နေ
Donate to DVB

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ တိုက်ရိုက်ထိစပ်နေတဲ့ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ချောင်းဝတောင်ပေါ်မှာ စစ်ကောင်စီက လေယာဉ်ကွင်းအသစ်တခုကို အရေးပေါ် ဖောက်လုပ်နေတယ်လို့ ဒေသခံတွေ၊ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းထဲကို ထိုးဖောက်ဝင်ရောက်လာနေတဲ့ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကို ခုခံနိုင်ဖို့အတွက် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ချောင်းဝတောင်ပေါ်မှာ စစ်ကောင်စီက လေယာဉ်ကွင်းအသစ်တခုကို အရေးပေါ် ဖောက်လုပ်နေတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ရခိုင်က ဂွနဲ့ ပုသိမ်က ငရုတ်ကောင်းကို ဆက်သွယ်ပေးထားတဲ့ ကမ်းခြေပတ်လမ်းပေါ်က ချောင်းဝတံတားအနီး တောင်ပေါ်မှာ လေယာဉ်ကွင်းတခုကို အရေးပေါ် တည်ဆောက်နေတာ။ ရွှေသောင်ယံဘက်က ဘောမိကျသွားပြီးကတည်းက လေယာဉ်ကွင်းကို အမြန်လာဖောက်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လေယာဉ်ကွင်းဆောက်နေတဲ့ ပတ်ဝန်းကျင်မှာ လုံခြုံရေး တိုးမြှင့်ချထားပြီး အရပ်သားတွေကို ငရုတ်ကောင်း-ဂေါ်ရင်ဂျီ ကမ်းခြေပတ်လမ်းပေါ်ကနေ ဖြတ်သန်းသွားလာခွင့်ပါ ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

“လုပ်နေတာကို အဝေးကနေ တွေ့ရပါတယ်။ သွားကြည့်ဖို့တော့ မပြောနဲ့၊ ဖြတ်သွားလို့တောင် မရဘူး။ ငရုတ်ကောင်း-ဂေါ်ရင်ဂျီ-ဂွဘက်သွားတဲ့ လမ်းတွေပါ ပိတ်ထားတာ။ ကြောက်လို့ ဘယ်သူမှ မသွားဘူး အဲ့ဘက်ကို” လို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်က ငရုတ်ကောင်းမြို့မှာ လေယာဉ်ကွင်း တည်ဆောက်နေတဲ့အပြင် အာရက္ခတပ်တော် (AA) နဲ့ PDF တွေရဲ့ ထိုးစစ်ဝင်ရောက်မလာရေးအတွက် ငရုတ်ကောင်းတောင် စစ်ဆေးရေးဂိတ်မှာလည်း တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်က ဂွမြို့ကို အလုံးစုံ သိမ်းယူပြီးနောက် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်အကြားမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုတွေ စတင်လုပ်ဆောင်လာတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013