DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းရှိ မြောက်ကိုရီးယားစစ်သုံ့ပန်းအားလုံး ဆန္ဒရှိလျှင် တောင်ကိုရီးယားက လက်ခံပေးမည်
DVB
·
June 23, 2026
Photo: KCNA via REUTERS
Photo: KCNA via REUTERS
Donate to DVB

ယူကရိန်းစစ်ပွဲအတွင်း ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးခဲ့ပြီး ယူကရိန်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံထားရတဲ့ မြောက်ကိုရီးယား စစ်သုံ့ပန်းတွေထဲက တောင်ကိုရီးယားနိုင်ငံကို လာရောက်လိုသူမှန်သမျှကို လက်ခံသွားမယ်လို့ ဆိုးလ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘတ်ခ်အီလ် က ဇွန်လ ၂၃ ရက်မှာ ပြောပါတယ်။ 

တောင်ကိုရီးယားအစိုးရရဲ့ အခြေခံဥပဒေအရ မြောက်ကိုရီးယား စစ်သုံ့ပန်းတွေဟာလည်း (ကိုရီးယားသမ္မတနိုင်ငံ) တောင်ကိုရီးယား နိုင်ငံသားတွေပဲ ဖြစ်တယ်လို့ အမြဲတစေ သတ်မှတ်ထားတာကြောင့် အခုလို လက်ခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နိုင်ငံတကာဥပဒေ စံနှုန်းတွေအရလည်း သူတို့ရဲ့ လွတ်လပ်တဲ့ဆန္ဒကို ဆန့်ကျင်ပြီး ရုရှား ဒါမှမဟုတ် မြောက်ကိုရီးယားနိုင်ငံဆီ အတင်းအဓမ္မ ပြန်လည်လွှဲပြောင်းမယ့် ဘယ်လိုလုပ်ရပ်မျိုးကိုမဆို လုံးဝ လက်ခံမှာမဟုတ်ဘူးလို့ ကန့်ကွက်ထားပါတယ်။

ဒါ့အပြင် လာမဲ့ ဇွန် ၃၀ ရက်မှာလည်း တောင်ကိုရီးယားနိုင်ငံဆီ လာရောက်မဲ့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီး ဆီဘီဟာက သူ့ရဲ့ တောင်ကိုရီးယား မဟာမိတ်ဖြစ်သူ ချိုဟျွန်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေတယ်လို့ ဘတ်ခ်အီလ်က သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောပါတယ်။ 

ဝန်ကြီးအဆင့် တွေ့ဆုံပွဲမှာ ၂ နိုင်ငံအကြား အပြန်အလှန် စိတ်ဝင်စားတဲ့ ကိစ္စရပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားကြမှာဖြစ်ပြီး ယူကရိန်းနိုင်ငံထဲက မြောက်ကိုရီးယား စစ်သုံ့ပန်းတွေအရေးကိုလည်း မလွဲမသွေ ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းက ရုရှားနိုင်ငံရဲ့ ကာ့စ်ခ် ဒေသတွင်းမှာ မြောက်ကိုရီးယား စစ်သား ၂ ယောက်ကို ယူကရိန်းစစ်တပ်က ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီး က ပြောကြားခဲ့ဖူးပြီး ဒါဟာ မြောက်ကိုရီးယားစစ်သားတွေ စစ်ပွဲထဲ ဝင်ရောက်လာပြီးနောက်ပိုင်း ယူကရိန်းဘက်ကနေ မြောက်ကိုရီးယားစစ်သားတွေကို အရှင်ဖမ်းဆီးရမိကြောင်း ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာခဲ့တာ  ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013