DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်လောကသားအဖွဲ့များအတွက် ကြံ့ခိုင်ရေးပါတီက သိန်း ၄၀၀ ကျော် လှူဒါန်း
DVB
·
September 22, 2019
ရုပ်ရှင်လောကသားအဖွဲ့များအတွက် ကြံ့ခိုင်ရေးပါတီက သိန်း ၄၀၀ ကျော် လှူဒါန်း
1 / 4
Donate to DVB

ရုပ်ရှင်လောကသားအဖွဲ့တွေအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ထောက်ပံ့ငွေ သိန်း ၄၀၀ ကျော် ဒီနေ့ ပေးအပ်ခဲ့ပါတယ်။

အမေများအဖွဲ့၊ မမများအဖွဲ့၊ ကိုလူချောတို့အဖွဲ့၊ ဇာတ်ပို့ ဇာတ်ရန်အဖွဲ့၊ ဇာတ်ညွှန်းအလွှာအဖွဲ့၊ တည်းဖြတ်အလွှာအဖွဲ့၊ စက်မှုအလွှာအဖွဲ့တွေကို အလှူငွေ ပေးအပ်ခဲ့တာလို့ ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ထားပါတယ်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက “ကျနော် ဒီကနေ့ အခုလို လာရောက်တွေ့ဆုံမှု မိမိတတ်နိုင်သလောက် ထောက်ပံ့မှုတွေ လုပ်မယ်လို့ စဉ်စားလိုက်တဲ့အချိန်မှာ စိတ်ထဲမှာ ငါ ဒီအလုပ်ကို သွားလုပ်တဲ့အတွက် ငါတို့ကို လာပြီးတော့ မဲဆွယ်တယ်၊ စည်းရုံးတယ်လို့ ဒီလိုများ ထင်မလားဆိုတဲ့ ခံစားချက်က အတော်ကြီးပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နောက်ခံစာတန်းထိုးတဲ့အခါမှာလည်း ပြည်ခိုင်ဖြိုးပါတီလည်း မထည့်နဲ့၊ ပါတီတံဆိပ်လည်း မထည့်နဲ့၊ ရိုးရိုးသာမန်လှူဒါန်းပွဲ ဒါမှမဟုတ် စေတနာရှင်များလို့သာ ဆောင်ရွက်ဖို့ လမ်းညွှန်ခဲ့တယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့ ရုပ်ရှင်အစည်းအရုံးမှာ ပေးအပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်တသက်တာဆုရှင် ဘိုကလေးတင့်အောင်နဲ့ ဒေါ်မြင့်မြင့်ခင်တို့ကိုလည်း သီးသန့် ထောက်ပံ့ခဲ့တာပါ။

“ရုပ်ရှင်လောကသားတွေရဲ့ အခက်အခဲဟာ ကျနော်တို့ နားလည်သလောက်တော့ ဗွီဒီယိုခေတ် နည်းနည်းလေးဖြစ်သွားတယ်။ အဲဒီအခါမှာ သရုပ်ဆောင် အများအပြားအတွက် ခုနက ဝမ်းရေး လုပ်ရကိုင်ရတာ အကျပ်အတည်းတချို့ ရှိတယ်လို့ ဒီလိုပဲ နားလည်ပါတယ်။ ခေတ်ကာလာတခုမှာ ရုပ်ရှင်ကား အရေအတွက်ဟာလည်း တနှစ်တနှစ်ကို ထွက်တဲ့ကား အရေအတွက် ကန့်သတ်မှုဖြစ်လာတဲ့အတွက် ဒီလောကကို မှီခိုနေတဲ့ အခုဒီထဲမှာ ကျနော် တွေ့လိုက်တဲ့ အလွှာခုနစ်ခုလောက်က လောကသားတွေအားလုံးအတွက် ဘဝရပ်တည်ရေးအတွက် မိမိတို့ လိုအပ်သလောက် ဖွံ့ဖြိုးတိုးတက်နိုင်မှု မရှိဘူးလို့ ဒီလိုပဲ တွေ့မြင်ရပါတယ်” လို့လည်း ဦးသန်းဌေးက ပြောပါတယ်။

~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

႐ုပ္ရွင္ေလာကသားအဖြဲ႕မ်ားအတြက္ ႀကံ့ခိုင္ေရးပါတီက သိန္း ၄၀၀ ေက်ာ္ လႉဒါန္း

႐ုပ္ရွင္ေလာကသားအဖြဲ႕ေတြအတြက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီက ေထာက္ပံ့ေငြ သိန္း ၄၀၀ ေက်ာ္ ဒီေန႔ ေပးအပ္ခဲ့ပါတယ္။

အေမမ်ားအဖြဲ႕၊ မမမ်ားအဖြဲ႕၊ ကိုလူေခ်ာတို႔အဖြဲ႕၊ ဇာတ္ပို႔ ဇာတ္ရန္အဖြဲ႕၊ ဇာတ္ၫႊန္းအလႊာအဖြဲ႕၊ တည္းျဖတ္အလႊာအဖြဲ႕၊ စက္မႈအလႊာအဖြဲ႕ေတြကို အလႉေငြ ေပးအပ္ခဲ့တာလို႔ ျပည္ခိုင္ၿဖိဳးပါတီက ထုတ္ျပန္ထားပါတယ္။

ပါတီဥကၠ႒ ဦးသန္းေဌးက “က်ေနာ္ ဒီကေန႔ အခုလို လာေရာက္ေတြ႕ဆုံမႈ မိမိတတ္ႏိုင္သေလာက္ ေထာက္ပံ့မႈေတြ လုပ္မယ္လို႔ စဥ္စားလိုက္တဲ့အခ်ိန္မွာ စိတ္ထဲမွာ ငါ ဒီအလုပ္ကို သြားလုပ္တဲ့အတြက္ ငါတို႔ကို လာၿပီးေတာ့ မဲဆြယ္တယ္၊ စည္း႐ုံးတယ္လို႔ ဒီလိုမ်ား ထင္မလားဆိုတဲ့ ခံစားခ်က္က အေတာ္ႀကီးပါတယ္။ ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ ေနာက္ခံစာတန္းထိုးတဲ့အခါမွာလည္း ျပည္ခိုင္ၿဖိဳးပါတီလည္း မထည့္နဲ႔၊ ပါတီတံဆိပ္လည္း မထည့္နဲ႔၊ ႐ိုး႐ိုးသာမန္လႉဒါန္းပြဲ ဒါမွမဟုတ္ ေစတနာရွင္မ်ားလို႔သာ ေဆာင္႐ြက္ဖို႔ လမ္းၫႊန္ခဲ့တယ္” လို႔ ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ ႐ုပ္ရွင္အစည္းအ႐ုံးမွာ ေပးအပ္ခဲ့တာျဖစ္ၿပီး ႐ုပ္ရွင္တသက္တာဆုရွင္ ဘိုကေလးတင့္ေအာင္နဲ႔ ေဒၚျမင့္ျမင့္ခင္တို႔ကိုလည္း သီးသန႔္ ေထာက္ပံ့ခဲ့တာပါ။

“႐ုပ္ရွင္ေလာကသားေတြရဲ႕ အခက္အခဲဟာ က်ေနာ္တို႔ နားလည္သေလာက္ေတာ့ ဗြီဒီယိုေခတ္ နည္းနည္းေလးျဖစ္သြားတယ္။ အဲဒီအခါမွာ သ႐ုပ္ေဆာင္ အမ်ားအျပားအတြက္ ခုနက ဝမ္းေရး လုပ္ရကိုင္ရတာ အက်ပ္အတည္းတခ်ိဳ႕ ရွိတယ္လို႔ ဒီလိုပဲ နားလည္ပါတယ္။ ေခတ္ကာလာတခုမွာ ႐ုပ္ရွင္ကား အေရအတြက္ဟာလည္း တႏွစ္တႏွစ္ကို ထြက္တဲ့ကား အေရအတြက္ ကန႔္သတ္မႈျဖစ္လာတဲ့အတြက္ ဒီေလာကကို မွီခိုေနတဲ့ အခုဒီထဲမွာ က်ေနာ္ ေတြ႕လိုက္တဲ့ အလႊာခုနစ္ခုေလာက္က ေလာကသားေတြအားလုံးအတြက္ ဘဝရပ္တည္ေရးအတြက္ မိမိတို႔ လိုအပ္သေလာက္ ဖြံ႕ၿဖိဳးတိုးတက္ႏိုင္မႈ မရွိဘူးလို႔ ဒီလိုပဲ ေတြ႕ျမင္ရပါတယ္” လို႔လည္း ဦးသန္းေဌးက ေျပာပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013