DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ၆ နှစ် ကလေးငယ်ကို အဝေးသင်ကျောင်းသားက ဓားဖြင့်ထိုးမှု ဖြစ်ပွား
DVB
·
September 22, 2019
မုံရွာတွင် ၆ နှစ် ကလေးငယ်ကို အဝေးသင်ကျောင်းသားက ဓားဖြင့်ထိုးမှု ဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မအူကြီးကျေးရွာ၊ ဒီပါအေးမြ ဘုရားဝင်းအတွင်း လာရောက်ဆော့ကစားနေတဲ့ မိန်းကလေးငယ်တဦးကို တက္ကသိုလ်ကျောင်းသားတဦးက  လက်ထဲမှာရှိတဲ့ ဓားနဲ့ ထိုးသတ်မှု စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ 

သေဆုံးသူက အသက် ၆ နှစ်အရွယ် မအိသက်ရှည် ဆိုသူ ဖြစ်ပြီး မောင်နှမ ၂ ယောက်နဲ့အတူ ဘုရားဝင်းထဲမှာ ဆော့ကစားနေတုန်း စာကျက်နေတဲ့ တက္ကသိုလ်ကျောင်းသားက လက်ထဲမှာ ကိုင်ထားတဲ့ ဓားနဲ့ တစုံတရာ ပြောဆိုတာမရှိဘဲ ထိုးသတ်ခဲ့တာလို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။

"လူသတ်မှု ကျူးလွန်တဲ့ ကောင်လေးက တောင်ငူက အဝေးသင်တက်နေတာ။ ရုက္ခဗေဒ ဒုတိယနှစ်ကျောင်းသားပေါ့။ ဒီကိုက သူ့အဖေ အလုပ်လုပ်တဲ့ဆီကို အလည်လာတာ။ ကနဦး စစ်ဆေးချက်တွေအရတော့ သူ့ဟာသူလည်း ဘယ်လိုလုပ်လိုက်မိမှန်း မသိဘူးပေါ့။ အရက်သေစာ သောက်စားတာ ဘာညာလည်း မရှိဘူး။ သူ့အဖေရဲ့ ပြောပြချက်အရ ၁ ကြိမ်လောက်တော့ စိတ်မူမမှန်တာ ဟိုးအရင်က ဖြစ်ဖူးတယ်လို့ ပြောတယ်။ ဓားကလည်း မီးဖိုချောင်သုံး ပလတ်စတစ်အရိုးတပ် ဓား။ အဲဒါ ရွာအုပ်ချုပ်ရေးမှူးက အကြောင်းကြားလို့ အခင်းဖြစ်ရာ နေရာကို သွားရောက်စစ်ဆေးခဲ့တယ်။ အသာတကြည်ပဲ အဖမ်းခံပါတယ်”လို့ မုံရွာမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးဝင်းနိုင်က ပြောပါတယ်။

လူသတ်မှု ကျူးလွန်ခဲ့သူက အသက် ၁၉ နှစ်အရွယ် ဥက္ကာမင်း ဆိုသူ ဖြစ်ပါတယ်။ ဓားထိုးခံရတဲ့ မိန်းကလေးငယ်ကတော့ ဝဲဘက် လည်ပင်းထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝမ်းဗိုက်ပြတ်ရှဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး မုံရွာဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားတာပါ။

တရားခံကို မုံရွာမြို့မရဲစခန်းက အမှုကြီးအမှတ်စဉ် ၁၁/၂၀၁၉၊ (ပ)၂၁၀၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မုံ႐ြာတြင္ ၆ ႏွစ္ ကေလးငယ္ကို အေဝးသင္ေက်ာင္းသားက ဓားျဖင့္ထိုးမႈ ျဖစ္ပြား

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕၊ မအူႀကီးေက်း႐ြာ၊ ဒီပါေအးျမ ဘုရားဝင္းအတြင္း လာေရာက္ေဆာ့ကစားေနတဲ့ မိန္းကေလးငယ္တဦးကို တကၠသိုလ္ေက်ာင္းသားတဦးက  လက္ထဲမွာရွိတဲ့ ဓားနဲ႔ ထိုးသတ္မႈ စက္တင္ဘာလ ၂၂ ရက္ေန႔ မနက္ပိုင္းက ျဖစ္ပြားခဲ့ပါတယ္။

ေသဆုံးသူက အသက္ ၆ ႏွစ္အ႐ြယ္ မအိသက္ရွည္ ဆိုသူ ျဖစ္ၿပီး ေမာင္ႏွမ ၂ ေယာက္နဲ႔အတူ ဘုရားဝင္းထဲမွာ ေဆာ့ကစားေနတုန္း စာက်က္ေနတဲ့ တကၠသိုလ္ေက်ာင္းသားက လက္ထဲမွာ ကိုင္ထားတဲ့ ဓားနဲ႔ တစုံတရာ ေျပာဆိုတာမရွိဘဲ ထိုးသတ္ခဲ့တာလို႔ ရဲတပ္ဖြဲ႕သတင္းေတြအရ သိရပါတယ္။

"လူသတ္မႈ က်ဴးလြန္တဲ့ ေကာင္ေလးက ေတာင္ငူက အေဝးသင္တက္ေနတာ။ ႐ုကၡေဗဒ ဒုတိယႏွစ္ေက်ာင္းသားေပါ့။ ဒီကိုက သူ႔အေဖ အလုပ္လုပ္တဲ့ဆီကို အလည္လာတာ။ ကနဦး စစ္ေဆးခ်က္ေတြအရေတာ့ သူ႔ဟာသူလည္း ဘယ္လိုလုပ္လိုက္မိမွန္း မသိဘူးေပါ့။ အရက္ေသစာ ေသာက္စားတာ ဘာညာလည္း မရွိဘူး။ သူ႔အေဖရဲ႕ ေျပာျပခ်က္အရ ၁ ႀကိမ္ေလာက္ေတာ့ စိတ္မူမမွန္တာ ဟိုးအရင္က ျဖစ္ဖူးတယ္လို႔ ေျပာတယ္။ ဓားကလည္း မီးဖိုေခ်ာင္သုံး ပလတ္စတစ္အ႐ိုးတပ္ ဓား။ အဲဒါ ႐ြာအုပ္ခ်ဳပ္ေရးမႉးက အေၾကာင္းၾကားလို႔ အခင္းျဖစ္ရာ ေနရာကို သြားေရာက္စစ္ေဆးခဲ့တယ္။ အသာတၾကည္ပဲ အဖမ္းခံပါတယ္”လို႔ မုံ႐ြာၿမိဳ႕မရဲစခန္း စခန္းမႉး ဒုရဲမႉးဝင္းႏိုင္က ေျပာပါတယ္။

လူသတ္မႈ က်ဴးလြန္ခဲ့သူက အသက္ ၁၉ ႏွစ္အ႐ြယ္ ဥကၠာမင္း ဆိုသူ ျဖစ္ပါတယ္။ ဓားထိုးခံရတဲ့ မိန္းကေလးငယ္ကေတာ့ ဝဲဘက္ လည္ပင္းထိုးသြင္းဒဏ္ရာ ၂ ခ်က္၊ ဝမ္းဗိုက္ျပတ္ရွဒဏ္ရာ ၂ ခ်က္ ရရွိခဲ့ၿပီး မုံ႐ြာေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူရင္း ေသဆုံးသြားတာပါ။

တရားခံကို မုံ႐ြာၿမိဳ႕မရဲစခန္းက အမႈႀကီးအမွတ္စဥ္ ၁၁/၂၀၁၉၊ (ပ)၂၁၀၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ အမႈဖြင့္ စစ္ေဆးေနဆဲ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013