DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် ရဲတပ်ကြပ်တဦး ဓားထိုးခံရ သေဆုံး
DVB
·
September 22, 2019
ကျောက်တော်တွင် ရဲတပ်ကြပ်တဦး ဓားထိုးခံရ သေဆုံး
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်ကြီးတဦး စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ဓားထိုးခံရတာကြောင့် သေဆုံးသွားတယ်လို့ ကျောက်တော်ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်း ၇ နာရီက ရဲတပ်ကြပ်ကြီးမောင်လှဟာ ကျော်တော်မြို့ ပြည်တော်သာရပ်ကွက် နေအိမ်ကနေ ဆိုင်ကယ်စီး ထွက်လာတဲ့အချိန် ဓားထိုးခံရတာလို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

“မနက် ၇ နာရီလောက်ဖြစ်မယ်။ သူက အိမ်ကနေ ဆိုင်ကယ်စီးထွက်လာတာ။ အဲ့ဒီမှာ နောက်ကနေ ဓားနဲ့ထိုးတာတာ၊ ဓားဒဏ်ရာ သုံးချက် အထိုးခံရတာ၊ ဖြစ်တဲ့နေရာမှာတော့ မသေဘူး။ ဆေးရုံမှာ သေဆုံးသွားပါတယ်။”

ရဲတပ်ကြပ်ကြီး မောင်လှမှာ ယာဘက်ရင်အုံမှာ ဓားဒဏ်ရာ ၁ ချက်၊ ယာဘက်လက်မောင်းမှာ ဓားဒဏ်ရာ ၁ ချက် နဲ့ ယာဘက်နားအောက် ၁ ချက်နဲ့ ကျောက်တော်ဆေးရုံမှာ ၈ နာရီဝန်းကျင် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲတပ်ကြပ်ကြီးမောင်လှဟာ ကျောက်တော်မြို့ရေယာဉ်စည်း/ထိန်း ဆိပ်ကမ်းတာဝန်ခံနေနဲ့ လုပ်ဆောင်နေရာတာဖြစ်ပြီး ပုဂ္ဂိုလ်ရေးကိစ္စ၊ အငြိုးအတေးတွေ ပြဿာနာတွေဖြစ်လို့ လုပ်ကြံသွားတာ ဖြစ်နိုင်တယ်လို့ ကျော်တော်မြို့ဒေသခံတွေက ယူဆနေကြပါတယ်။

တပ်ကြပ်ကြီး သေဆုံးမှုနဲ့ပတ်သက်လို့ ကျောက်တော်မြို့မရဲစခန်းက စခန်းမှူးနဲ့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဒုပြည်နယ်မှူးကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ဝဏ္ဏခွာညို

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေက်ာက္ေတာ္တြင္ ရဲတပ္ၾကပ္တဦး ဓားထိုးခံရ ေသဆုံး

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ရဲတပ္ဖြဲ႕မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲတပ္ၾကပ္ႀကီးတဦး စက္တင္ဘာ ၂၁ ရက္ေန႔ မနက္ပိုင္းက ဓားထိုးခံရတာေၾကာင့္ ေသဆုံးသြားတယ္လို႔ ေက်ာက္ေတာ္ေဒသခံေတြက ေျပာပါတယ္။

စက္တင္ဘာ ၂၁ ရက္ေန႔ မနက္ပိုင္း ၇ နာရီက ရဲတပ္ၾကပ္ႀကီးေမာင္လွဟာ ေက်ာ္ေတာ္ၿမိဳ႕ ျပည္ေတာ္သာရပ္ကြက္ ေနအိမ္ကေန ဆိုင္ကယ္စီးထြက္လာတဲ့အခ်ိန္ ဓားထိုးခံရတာလို႔ အမည္မေဖာ္လိုသူတဦးက ေျပာပါတယ္။

“မနက္ ၇ နာရီေလာက္ျဖစ္မယ္။ သူက အိမ္ကေန ဆိုင္ကယ္စီးထြက္လာတာ။ အဲ့ဒီမွာ ေနာက္ကေန ဓားနဲ႔ထိုးတာတာ၊ ဓားဒဏ္ရာ သုံးခ်က္ အထိုးခံရတာ၊ ျဖစ္တဲ့ေနရာမွာေတာ့ မေသဘူး။ ေဆး႐ုံမွာ ေသဆုံးသြားပါတယ္။”

ရဲတပ္ၾကပ္ႀကီး ေမာင္လွမွာ ယာဘက္ရင္အုံမွာ ဓားဒဏ္ရာ ၁ ခ်က္၊ ယာဘက္လက္ေမာင္းမွာ ဓားဒဏ္ရာ ၁ ခ်က္ နဲ႔ ယာဘက္နားေအာက္ ၁ ခ်က္နဲ႔ ေက်ာက္ေတာ္ေဆး႐ုံမွာ ၈ နာရီဝန္းက်င္ ေသဆုံးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ရဲတပ္ၾကပ္ႀကီးေမာင္လွဟာ ေက်ာက္ေတာ္ၿမိဳ႕ေရယာဥ္စည္း/ထိန္း ဆိပ္ကမ္းတာဝန္ခံေနနဲ႔ လုပ္ေဆာင္ေနရာတာျဖစ္ၿပီး ပုဂၢိဳလ္ေရးကိစၥ၊ အၿငိဳးအေတးေတြ ျပႆာနာေတြျဖစ္လို႔ လုပ္ႀကံသြားတာ ျဖစ္ႏိုင္တယ္လို႔ ေက်ာ္ေတာ္ၿမိဳ႕ေဒသခံေတြက ယူဆေနၾကပါတယ္။

တပ္ၾကပ္ႀကီး ေသဆုံးမႈနဲ႔ပတ္သက္လို႔ ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းက စခန္းမႉးနဲ႔ ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႕ဒုျပည္နယ္မႉးကို ဖုန္းဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။

ဝဏၰခြာညိဳ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013