DVB Logo
Home
မြန်မာသတင်း
စက္ကူရုပ်များ စတင်မွေးဖွားရာ စစ်ကိုင်း ကန္နားတော်ရွာ (ဓာတ်ပုံ)
DVB
·
September 22, 2019
စက္ကူရုပ်များ စတင်မွေးဖွားရာ စစ်ကိုင်း ကန္နားတော်ရွာ (ဓာတ်ပုံ)
1 / 15
Donate to DVB

စစ်ကိုင်းမြို့ရှိ ငါးထပ်ကြီးဘုရားအနီးရှိ ကန္နားတော် ကျေးရွာဟာ ဘုရားတွေမှာ မြင်တွေ့လေ့ရှိတဲ့ စက္ကူနဲ့ပြုလုပ်ထားတဲ့ ဆင်ရုပ်၊ ဇီးကွက်ရုပ် စတဲ့ အရုပ်တွေကို စတင်မွေးဖွားရာ ရွာတရွာ ဖြစ်ပါတယ်။

ကန္နားတော် ကျေးရွာမှာ စက္ကူနဲ့ ပြုလုပ်တဲ့ ဖိုးဝရုပ်၊ ဇီးကွက်၊ ဆင်၊ မြင်း နဲ့ ယမင်း အရုပ်တွေကို အရွယ်အစား အမျိုးမျိုး ပြုလုပ်နေကြပြီး စက္ကူအရုပ် လုပ်ကိုင်လာခဲ့တာ နှစ်ပေါင်း ကြာမြင့်နေပြီ ဖြစ်ပါတယ်။

အဆိုပါ စက္ကူရုပ်တွေကို နယ်ပေါင်းစုံက ဝယ်ကြပေမယ့် အများဆုံး ဝယ်ယူတာကတော့ မန္တလေးမြို့ ဖြစ်ပါတယ်။

စက္ကူရုပ်လုပ်ငန်းဟာ မိုးတွင်း လုပ်ငန်းအနေအေးပြီး ဘုရားပွဲရာသီ အများစုရှိတဲ့ ဆောင်းတွင် နဲ့ နွေရာသီမှာ လုပ်ငန်းပိုမိုဖြစ်ထွန်းတယ်လို့ သိရပါတယ်။

ယခင်က စက္ကူရုပ်လုပ်ငန်းကို ကန္နားတော်၊ ညောင်ကုန်းနဲ့ ဂုန်ညင်းရွာ သုံးရွာစလုံး လုပ်ကိုင်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ လုပ်ကိုင်သူ အနည်းငယ်သာ ရှိတော့တယ်လို့ သိရပါတယ်။

Photo-Kaung Zaw Hein/MPA

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

စကၠဴ႐ုပ္မ်ား စတင္ေမြးဖြားရာ စစ္ကိုင္း ကႏၷားေတာ္႐ြာ (ဓာတ္ပုံ)

စစ္ကိုင္းၿမိဳ႕ရွိ ငါးထပ္ႀကီးဘုရားအနီးရွိ ကႏၷားေတာ္ ေက်း႐ြာဟာ ဘုရားေတြမွာ ျမင္ေတြ႕ေလ့ရွိတဲ့ စကၠဴနဲ႔ျပဳလုပ္ထားတဲ့ ဆင္႐ုပ္၊ ဇီးကြက္႐ုပ္ စတဲ့ အ႐ုပ္ေတြကို စတင္ေမြးဖြားရာ ႐ြာတ႐ြာ ျဖစ္ပါတယ္။

ကႏၷားေတာ္ ေက်း႐ြာမွာ စကၠဴနဲ႔ ျပဳလုပ္တဲ့ ဖိုးဝ႐ုပ္၊ ဇီးကြက္၊ ဆင္၊ ျမင္းနဲ႔ ယမင္း အ႐ုပ္ေတြကို အ႐ြယ္အစား အမ်ိဳးမ်ိဳး ျပဳလုပ္ေနၾကၿပီး စကၠဴအ႐ုပ္ လုပ္ကိုင္လာခဲ့တာ ႏွစ္ေပါင္း ၾကာျမင့္ေနၿပီ ျဖစ္ပါတယ္။

အဆိုပါ စကၠဴ႐ုပ္ေတြကို နယ္ေပါင္းစုံက ဝယ္ၾကေပမယ့္ အမ်ားဆုံး ဝယ္ယူတာကေတာ့ မႏၲေလးၿမိဳ႕ ျဖစ္ပါတယ္။

စကၠဴ႐ုပ္လုပ္ငန္းဟာ မိုးတြင္း လုပ္ငန္းအေနေအးၿပီး ဘုရားပြဲရာသီ အမ်ားစုရွိတဲ့ ေဆာင္းတြင္း နဲ႔ ေႏြရာသီမွာ လုပ္ငန္းပိုမိုျဖစ္ထြန္းတယ္လို႔ သိရပါတယ္။

ယခင္က စကၠဴ႐ုပ္လုပ္ငန္းကို ကႏၷားေတာ္၊ ေညာင္ကုန္းနဲ႔ ဂုန္ညင္း႐ြာ သုံး႐ြာစလုံး လုပ္ကိုင္ခဲ့ၾကေပမယ့္ အခုအခ်ိန္မွာေတာ့ လုပ္ကိုင္သူ အနည္းငယ္သာ ရွိေတာ့တယ္လို႔ သိရပါတယ္။

Photo-Kaung Zaw Hein/MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013