DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲတွင် တအိမ်တက်ဆင်း စည်းရုံးရန် လမ်းညွှန်ထားဟု အန်အယ်လ်ဒီပြော
DVB
·
September 21, 2019
၂၀၂၀ ရွေးကောက်ပွဲတွင် တအိမ်တက်ဆင်း စည်းရုံးရန် လမ်းညွှန်ထားဟု အန်အယ်လ်ဒီပြော
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရလဒ်နဲ့ အတွေ့အကြုံတွေအရ ၂၀၂၀ ရွေးကောက်ပွဲမှာ တအိမ်တက်ဆင်း စည်းရုံးဖို့ လမ်းညွှန်ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတင်ထွဋ်ဦးက ‌ပြောပါတယ်။

ဒီနေ့ ရန်ကုန် အန်အယ်လ်ဒီရုံးချုပ်မှာ လုပ်နေတဲ့ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မန္တလေးတိုင်း အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက သဘာပတိအဖြစ် တာဝန်ယူ မိန့်ခွန်းပြောခဲ့တာပါ။ 

ပြောင်းလဲတာကို ယုံကြည်မျှော်လင့်ပြီး မဲပေးခဲ့တဲ့ ပြည်သူလူထုအတွက် ပြောင်းလဲခြင်း လုပ်ငန်းစဉ်တွေ လုပ်ရာမှာ အဖွဲ့ချုပ်အစိုးရ တာဝန်မယူခင်ကပဲ ရှိနေခဲ့တဲ့ အကြောင်းခံတရားတွေကြောင့် မျှော်မှန်းသလောက် ခရီးမပေါက်သေးတာကို အားလုံးသိပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ထင်သာမြင်သာရှိတဲ့ ပြောင်းလဲ တိုးတက်တာတွေကိုတော့ နှလုံးသားနဲ့ရော ဉာဏ်မျက်စိနဲ့ပါ ခံစားသိမြင်နိုင်တယ်လို့ ပြောပါတယ်။ 

ပြီးတော့ လွှတ်တော်၊ အုပ်ချုပ်ရေးမှာ အန်အယ်လ်ဒီကို ကိုယ်စားပြု တာဝန်ယူနေကြသူတွေအနေနဲ့ ပြည်သူကို ပေးခဲ့တဲ့ ကတိ တာဝန်ကျေအောင် လုပ်နေကြတယ်လို့လည်း ပြောပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ ရလဒ်နဲ့ အတွေ့အကြုံအပေါ် အခြေပြုပြီး သုံးသပ်ချက်တွေအရ တအိမ်တက်တင်း (Door to Door) စည်းရုံးဖို့  လမ်းညွှန်ထားပြီး ဖြစ်တဲ့အတွက် ဒီအချက်တွေကို တအိမ်တက်ဆင်း ရှင်းလင်းဆွေးနွေးတာဟာ ထိရောက်အောင်မြင်နိုင်မယ့် ရွေးကောက်ပွဲ အောင်နိုင်ရေး၊ စည်းရုံးရေး နည်းဗျူဟာတရပ် ဖြစ်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်”

အန်အယ်လ်ဒီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာငွေ ၂၅ ရာခိုင်နှုန်းကို ပါတီရန်ပုံငွေအဖြစ် ကောက်ထားတာနဲ့ နှစ်စဉ်ကြေးတွေကနေ ၂၀၂၀ နှစ်ဆန်းပိုင်းက စလို့ စည်းရုံးရေးစရိတ် ထောက်ပံ့ငွေတွေ ပေးနိုင်တော့မယ်လို့လည်း သူက ပြောပါတယ်။

အန်အယ်လ်ဒီဗဟိုကော်မတီရဲ့ အစည်းအဝေးကို စက်တင်ဘာလ ၂၁ နဲ့ ၂၂ ရက်ထိ ၂ ရက်ကြာ ကျင်းပမှာ ဖြစ်ပြီး  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ နိုင်ငံရေးအစီရင်ခံစာ တင်သွင်းတာ၊ ဗဟိုလုပ်ငန်းကော်မတီတွေရဲ့ အစီရင်ခံစာတွေ၊ ပြည်နယ်/တိုင်း ကိုယ်စားပြု ဗဟိုကော်မတီဝင်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေက တင်သွင်းတဲ့ စာတမ်းတွေ ဖတ်ကြားမှာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~

Zawgyi_version

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ တအိမ္တက္ဆင္း စည္း႐ုံးရန္ လမ္းၫႊန္ထားဟု အန္အယ္လ္ဒီေျပာ

ၾကားျဖတ္ေ႐ြးေကာက္ပြဲရဲ႕ ရလဒ္နဲ႔ အေတြ႕အႀကဳံေတြအရ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ တအိမ္တက္ဆင္း စည္း႐ုံးဖို႔ လမ္းၫႊန္ထားတယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးတင္ထြဋ္ဦးက ‌ေျပာပါတယ္။

ဒီေန႔ ရန္ကုန္ အန္အယ္လ္ဒီ႐ုံးခ်ဳပ္မွာ လုပ္ေနတဲ့ တတိယအႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးမွာ မႏၲေလးတိုင္း အန္အယ္လ္ဒီဥကၠ႒ ဦးတင္ထြဋ္ဦးက သဘာပတိအျဖစ္ တာဝန္ယူ မိန႔္ခြန္းေျပာခဲ့တာပါ။

ေျပာင္းလဲတာကို ယုံၾကည္ေမွ်ာ္လင့္ၿပီး မဲေပးခဲ့တဲ့ ျပည္သူလူထုအတြက္ ေျပာင္းလဲျခင္း လုပ္ငန္းစဥ္ေတြ လုပ္ရာမွာ အဖြဲ႕ခ်ဳပ္အစိုးရ တာဝန္မယူခင္ကပဲ ရွိေနခဲ့တဲ့ အေၾကာင္းခံတရားေတြေၾကာင့္ ေမွ်ာ္မွန္းသေလာက္ ခရီးမေပါက္ေသးတာကို အားလုံးသိၿပီး ျဖစ္တယ္လို႔ သူက ဆိုပါတယ္။ ဒါေပမဲ့ ထင္သာျမင္သာရွိတဲ့ ေျပာင္းလဲ တိုးတက္တာေတြကိုေတာ့ ႏွလုံးသားနဲ႔ေရာ ဉာဏ္မ်က္စိနဲ႔ပါ ခံစားသိျမင္ႏိုင္တယ္လို႔ ေျပာပါတယ္။

ၿပီးေတာ့ လႊတ္ေတာ္၊ အုပ္ခ်ဳပ္ေရးမွာ အန္အယ္လ္ဒီကို ကိုယ္စားျပဳ တာဝန္ယူေနၾကသူေတြအေနနဲ႔ ျပည္သူကို ေပးခဲ့တဲ့ ကတိ တာဝန္ေက်ေအာင္ လုပ္ေနၾကတယ္လို႔လည္း ေျပာပါတယ္။

“ၾကားျဖတ္ေ႐ြးေကာက္ပြဲေတြရဲ႕ ရလဒ္နဲ႔ အေတြ႕အႀကဳံအေပၚ အေျချပဳၿပီး သုံးသပ္ခ်က္ေတြအရ တအိမ္တက္တင္း (Door to Door) စည္း႐ုံးဖို႔  လမ္းၫႊန္ထားၿပီး ျဖစ္တဲ့အတြက္ ဒီအခ်က္ေတြကို တအိမ္တက္ဆင္း ရွင္းလင္းေဆြးေႏြးတာဟာ ထိေရာက္ေအာင္ျမင္ႏိုင္မယ့္ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရး၊ စည္း႐ုံးေရး နည္းဗ်ဴဟာတရပ္ ျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေမွ်ာ္လင့္ပါတယ္”

အန္အယ္လ္ဒီကိုယ္စားျပဳ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ လစာေငြ ၂၅ ရာခိုင္ႏႈန္းကို ပါတီရန္ပုံေငြအျဖစ္ ေကာက္ထားတာနဲ႔ ႏွစ္စဥ္ေၾကးေတြကေန ၂၀၂၀ ႏွစ္ဆန္းပိုင္းက စလို႔ စည္း႐ုံးေရးစရိတ္ ေထာက္ပံ့ေငြေတြ ေပးႏိုင္ေတာ့မယ္လို႔လည္း သူက ေျပာပါတယ္။

အန္အယ္လ္ဒီဗဟိုေကာ္မတီရဲ႕ အစည္းအေဝးကို စက္တင္ဘာလ ၂၁ နဲ႔ ၂၂ ရက္ထိ ၂ ရက္ၾကာ က်င္းပမွာ ျဖစ္ၿပီး  ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ရဲ႕ ႏိုင္ငံေရးအစီရင္ခံစာ တင္သြင္းတာ၊ ဗဟိုလုပ္ငန္းေကာ္မတီေတြရဲ႕ အစီရင္ခံစာေတြ၊ ျပည္နယ္/တိုင္း ကိုယ္စားျပဳ ဗဟိုေကာ္မတီဝင္ေတြနဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြက တင္သြင္းတဲ့ စာတမ္းေတြ ဖတ္ၾကားမွာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013